Popular Posts

Wednesday 26 July 2017

2016-2017 ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ဆန်တင်ပို့မှု







Thursday, 06 April 2017 13:47

၂၀၁၆-၁၇ ဘဏ္ဍာနှစ်တစ်နှစ်လုံးတွင် ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၁ ဒသမ ၆ သန်း ကျော်တင်ပို့ထားပြီး ယခင်ဘဏ္ဍာနှစ်ပမာဏနှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန်တစ်သိန်းခွဲကျော်ပိုမိုတင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
တစ်နှစ်အတွင်း ဆန်တင်ပို့မှုနှုန်းမှာအမေရိကန်ဒေါ်လာ ၅၁၃ သန်းရှိပြီး နယ်စပ်လမ်းကြောင်းမှတင်ပို့မှု ၇၀ ရာခိုင်နှုန်းရှိကာတရုတ်နိုင်ငံသို့တင်ပို့မှုအများဆုံး ဖြစ်ကြောင်းသိရသည်။
ပင်လယ်ရေကြောင်းမှတင်ပို့မှု ၃၀ ရာခိုင်နှုန်းရှိကြောင်းကုန်သွယ်မှု စာရင်းများအရသိရသည်။
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ဆန်တင်ပို့မှုများပြီး တရုတ်နိုင်ငံသို့အများဆုံးတင်ပို့၍ အဓိကမှာ မူဆယ်နှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှတင်ပို့ကြောင်းသိရသည်။
လက်ရှိတွင်အဆင့်အတန်းမြင့်ဆန်များထုတ်လုပ်နိုင်ရန်နှင့်စျေးကွက်ဝင်စံချိန်စံညွှန်းများရရှိရန်တရုတ်နိုင်ငံယူ နန်ပြည်နယ်မှပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်သူများနှင့်မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ပူးပေါင်းဆွေးနွေးနေ ကြောင်းသိရသည်။
ယခုဘဏ္ဍာနှစ်တွင်သီရိလင်္ကာနိုင်ငံသို့ဆန်တန်ချိန်ငါးသောင်းတင်ပို့ရန်နားလည်မှုစာချွန်လွှာ(MOU) ရေးထိုးထားပြီး ဖိလစ်ပိုင်နိုင်ငံနှင့်လည်း အစိုးရချင်း ဆန်တင်ပို့နိုင်ရန် ညှိနှိုင်းနေကြောင်းသိရသည်။
အရည်အသွေးမြင့်ဆန်များ ပြည်ပသို့တင်ပို့နိုင်ရေးအတွက်အသေးစားအလတ်စားလုပ်ငန်းရှင်များကို အစိုးရမှ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး ဆန်စက်ပစ္စည်းများတင်သွင်းခွင့်ကို နယ်စပ်လမ်းကြောင်းများမှ တင်သွင်းခွင့်ပြု မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှသိရသည်။
ပြည်ပသို့ဆန်တန်ချိန်ပိုမိုတင်ပို့နိုင်သကဲ့သို့အာဖရိကစျေးကွက်အပါအဝင်အာရှနိုင်ငံတွင်စျေးကွက်သစ်များပါရရှိထားခြင်းကြောင့်လာမည့်၂၀၂၀တွင်ဆန်တင်ပို့ခြင်းမှကန်ဒေါ်လာတစ်ဘီလီယံအထိရရှိရန်မျှော်မှန်းထား ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှသိရသည်။
၂၀၁၆-၁၇ဘဏ္ဍာနှစ်တစ်နှစ်လုံးတွင် ပြည်ပနိုင်ငံများသို့ဆန်တင်ပို့မှုအပါအဝင်လယ်ယာထွက်ကုန် ကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံကျော်တင်ပို့ထားကြောင်းသိရှိရသည်။
Source:7 daily

No comments:

Post a Comment