Popular Posts

Wednesday 26 July 2017

တစ်ပတ်အတွင်းပဲစျေးကွက်အခြေအနေနှင့်ပဲစျေးနှုန်းများ

     Friday, 21 July 2017 16:36


မန္တလေးကုန်စည်ဒိုင်စျေးကွက်တွင်နှမ်းနက်နှင့်ပဲတီစိမ်းစျေးနှုန်းများမှာတစ်ပတ်အတွင်းကျပ် ၁၀,၀၀၀ အထိမြင့်တက်ကာအရောင်းအဝယ်သွက်နေပြီး ပဲစင်းငုံနှင့်မတ်ပဲမှာမူအနည်းငယ်သာအရောင်းအဝယ်ဖြစ်နေ ကြောင်းသိရသည်။
ဇူလိုင်လဒုတိယသီတင်းပတ်အတွင်းပဲမျိုးစုံစျေးကွက်တွင်နှမ်းနက်စျေးမှာတစ်ပတ်အတွင်းကျပ် ၁၀,၀၀၀ ခန့်စျေးတက်နေပြီး ဆက်လက်မြင့်တက်လာနိုင်ကြောင်းသိရသည်။
ပဲတီစိမ်း(အညာ)မှာလည်းယခင်သီတင်းပတ်ထက်ပျက် ၁၀,၀၀၀ ခန့်စျေးမြင့်တက်လာကာတရုတ်ပို့ကုန်သည်များဝယ်ယူမှုမြင့်တက်နေသည်။
ပဲတီစိမ်းပေါက်စျေးမှာမူအမြင့်ဆုံးဖြစ်နေကာနောက်လများတွင်အသစ်ပေါ်ပဲတီစိမ်းအသစ်ဝင်လာတော့မည်ဖြစ်သောကြောင့်စျေးကျသွားနိုင်ကြောင်းကုန်သည်များကခန့်မှန်းကြသည်။
နှမ်းနက်ကအသစ်စပေါ်လာပြီး မန္တလေးစျေးကွက်မှာအကောင်းဆုံးနှမ်းကရွှေဘို၊ ဝက်လက်နယ်နှမ်းကပိုးသတ်ဆေးမသုံးသောကြောင့် ပို့ကုန်သမားများကြိုက်ကြပြီး စျေးလည်းကောင်းသည်။
ယနေ့နှမ်းနက်(စမုံ) ထိပ်စတစ်အိတ်ကျပ် ၁၂၈၀၀၀-၁၂၉၀၀၀ ပေါက်ပြီး ဇူလိုင်လဆန်းပိုင်းကစျေးနှင့်ဆိုလျှင်ယနေ့ပေါက်စျေးအရ တစ်ပတ်အတွင်းကျပ် ၁၀၀၀၀ လောက်စျေးတက်လာပါသည်။
တရုတ်ဝယ်လက်ကြိုက်ပါသည်။
ယခင်နှစ်နှင့်ယှဉ်လျှင်စျေးပေါနေသေးပါသည်။
နှမ်းနက်စျေးကျပ် ၁၂၀၀၀၀ ပတ်ချာလည်ကတောင်သူလည်းအကျိုးအမြတ်ရှိနေသည်။
ရွှေဘို၊ ဝက်လက်နယ်ကနှမ်းနက်ပေါ်ချိန်ကဇွန်လကုန်မှဇူလိုင်လဆန်းထိတစ်လလောက်ပစ္စည်းပေါပြီး အရောင်းအဝယ်သွက်သည်။
ပဲတီစိမ်းကထိပ်စကျပ် ၁၂၅၀၀၀ ပေါက်စျေးရှိနေပြီး ပုံမှန်အဝယ်ရှိနေသည်ဟု မန္တလေးကုန်စည်ဒိုင်ပဲကုန်သည် ကပြောသည်။
ကုလားပဲ V2 တွင်မူယခင်သီတင်းပတ်အတိုင်းတစ်အိတ်ကျပ် ၁၂၃၀၀၀ ပေါက်စျေးဖြင့်စျေးငြိမ်ကာအဝယ်လိုက် သော်လည်းပစ္စည်းနည်းသွားပြီဖြစ်သည်။
ကုလားပဲ(ထိုင်ဝမ်)မှာမူယခုသီတင်းပတ်တွင်တစ်အိတ်ကျပ် ၁၀၀၀ ခန့်စျေးတက်လာသည်။
မတ်ပဲ(သစ်)မှာယခုတစ်ပတ်အတွင်းတစ်အိတ်ကျပ် ၁၀၀၀ ခန့်စျေးပြန်ကျလာပြီး တစ်အိတ်ပေါက်စျေးကျပ် ၈၁၀၀၀-၈၅၀၀၀ စျေးရှိနေပြီးပုံမှန်အဝယ်လိုက်နေသည်။
ပဲစင်းငုံ(နီ)မှာတစ်အိတ်ကျပ် ၅၇၃၀၀ ကျပ်စျေးဖြင့်စျေးနှုန်းငြိမ်သော်လည်း ယင်းပေါက်စျေးမှာလှောင်သမားများ အရှုံးပြနေသဖြင့်အရောင်းအေးနေသည်။
ယခုအပတ်အတွင်းပန်းနှမ်းစျေးသည် ယခုသီတင်းပတ်တစ်အိတ်ကျပ် ၇၀၀၀၀-၇၁၀၀၀ စျေးငြိမ်နေသည်။
ပြောင်းဖူးမှာစျေးတက်နေပြီး တစ်အိတ်ကျပ် ၅၀၀ ခန့်ဆက်လက်စျေးတက်လာကာ ကျပ် ၂၇၅၀၀ ဖြင့်စျေးကွက်အတွင်းအဝယ်သွက်နေသည်။
တရုတ်ပို့ကုန်စည်များတွင်နှမ်းနက်၊ ပဲတီစိမ်းမှာအကောင်းဆုံးအရောင်းအဝယ်ဖြစ်နေကာတစ်ပတ်အတွင်း ကျပ် ၁၀၀၀၀ ခန့်စျေးတက်ပြီး အရောင်းအဝယ်သွက်နေသည်။
နှမ်းနက်(စမုံ)မှာယခင်အပတ်ကျပ် ၁၁၇၀၀၀ ပေါက်စျေးရှိနေသော်လည်း ယခုအပတ်ဇူလိုင်လ ၁၃ ရက်နေ့တွင်ကျပ် ၁၂၈၀၀၀-၁၂၉၀၀၀ ထိစျေးတက်နေပြီး အရောင်းအဝယ်သွက်နေသည်။
ပဲတီစိမ်း(အညာ)မှာ ယခင်အပတ်ထိပ်စကျပ် ၁၁၅၀၀၀ စျေးနှုန်းသာပေါက်စျေးရှိပြီး ယခုအပတ်တစ်အိတ်ကျပ် ၁၂၅၀၀၀ စျေးဖြင့်အရောင်းအဝယ်သွက်နေသည်။
နှမ်းဖြူမှာတစ်အိတ်ကျပ် ၁၀၅၀၀၀ စျေးနှုန်း၊ နှမ်းဖြူ(ဂျပန်) ထိပ်စမှာတစ်အိတ်ကျပ် ၁၂၃၀၀၀-၁၂၄၀၀၀ စျေးနှုန်းဖြင့်အနည်းငယ်မြင့်တက်လာသကဲ့သို့ အရောင်းသွက်လာကြောင်းမန္တလေးအခြေစိုက်ကုန်သည်ကြီးများထံမှသိရသည်။
ပဲစျေးနှုန်းများ
ပဲအမျိုးအစားများ စျေးနှုန်း
ကုလားပဲလုံး ၂၀၈၀/၂၁၀၀
ကုလားပဲလုံးဖြူကြီး ၂၂၂၅/၂၂၅၀
စားတော်ပဲလုံး ၁၂၅၀/၁၂၇၀
စြန္တာနီ/ျပာ ၁၃၅၅/၁၃၉၅
ထောပတ်ပဲ ၁၅၆၅/၁၇၄၀
ပဲကြီး(ကုန်း) ၂၀၈၅/၂၁၇၅
ပဲကြီး(ရွှေကျွန်း) ၂၆၅၀/၂၇၄၅
ပဲစဉ်းငုံနီ RC 2017 ၅၉၆,၅၀၀
ပဲတီစိမ်းပခုက္ကူ ၂၁၇၀/၁၅၀၀
ပဲတီစိမ်းခရမ်းရွှေဝါ(ထိပ်စ) ၂၄၁၅
ပဲတီစိမ်းပဲခူးရွှေဝါ ၂၁၆၅/၂၂၅၀
ပဲတီစိမ်း ဝါးခယ်မ ၁၉၁၅
ပြောင်းဆံ ၅၃၅/၅၆၀
ပဲလွန်းဖြူ ပဲခူး ၁၆၆၅/၁၇၀၀
ပဲလွန်းဖြူ မင်းလှ ၁၆၀၀/၁၅၈၀
ပဲလွန်းဖြူ မြစ်ဝကျွန်းပေါ် ၁၅၈၀/၁၆၀၀
ပဲလွန်းနီ မြစ်ဝကျွန်းပေါ် ၁၅၀၀/၁၆၇၀
ဘိုကိတ္ပဲ ၁၁၃၀/၁၂၀၀
ကုလားပဲခြမ်း ၂၉၀၀/၂၈၀၀
Source:pissayainfo

Ref;http://www.industrialdirectory.com.mm/component/k2/item/163-weekly-bean-price-market.html

No comments:

Post a Comment