Popular Posts

Wednesday 26 July 2017

တစ်ပတ်အတွင်းဆန်စျေးနှုန်းအခြေအနေသုံးသပ်ချက်





Friday, 16 June 2017 16:04
တစ်ပတ်အတွင်းဆန်ဈေးနှုန်းအခြေအနေသုံးသပ်ချက်        
ရန်ကုန်မြို့မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဝါးတန်းလမ်းကုန်စည်ဒိုင်၏ ယခုတစ်ပတ် ဆန်လက်ကားစျေးနှုန်းများအရဆန်ကြမ်း၊ ဆန်ချောစျေးနှုန်းများမှာမတည်ငြိမ်ကြောင်း ဝါးတန်းလမ်းကုန်စည် ဒိုင်မှသိရသည်။
ဆန်ချောဖြစ်သည့်ဖျာပုံပေါ်ဆန်းဆန်ထိပ်စ တစ်အိတ်လျှင်ကျပ် ၃၄၅၀၀ ကျပ်ဖြင့်တစ်အိတ်ကိုကျပ် ၅၀၀ ကျဆင်းလာကြောင်း၊ (မြောင်းမြ၊ပုသိမ်) ပေါ်ဆန်းဆန်ထိပ်စတစ်အိတ်လျှင်ကျပ် ၃၆၅၀၀၊ လတ်စတစ်အိတ်လျှင်ကျပ် ၃၄၀၀၀ရှိပြီး၊ ဒေးဒရဲပေါ်ဆန်းဆန်ထိပ်စတစ်အိတ်စျေးနှုန်းမှာကျပ် ၃၄၅၀၀ ကျပ်ဖြင့် တစ်အိတ်လျှင်ကျပ် ၅၀၀ ကျဆင်းလာပြီးတစ်ပတ်အတွင်းဆန်ချောစျေးမှာမတည်ငြိမ်ကြောင်း သိရသည်။
ဧည့်မထမိုးဆန်ထိပ်စတစ်အိတ်လျှင်ကျပ် ၁၈၅၀၀၊ လတ်စတစ်အိတ်လျှင် ၁၆၈၀၀၊ ငစိန်ထိပ်စတစ်အိတ်လျှင်ကျပ် ၁၆၅၀၀၊ လတ်စတစ်အိတ်လျှင်ကျပ် ၁၆၂၀၀ ရှိပြီး နွေသီးထပ်ရှယ်တစ်အိတ်ကျပ် ၁၉၀၀၀ ရှိနေပြီးတစ်အိတ်ကိုနွေဆန်ရက် ၉၀ တစ်အိတ်ကျပ် ၂၁၀၀၀ ဖြင့်တစ်အိတ်ကိုတစ်ပတ်အတွင်းဆန်ကြမ်းစျေးတည်ငြိမ်ကြောင်းသိရပါသည်။
မိုးသုခရှယ်တစ်အိတ်ကျပ် ၂၅၀၀၀၊ လတ်စတစ်အိတ်ကျပ် ၂၄၅၀၀နှင့် ပြည်ပပို့ဧည့်မထဆန်တစ်အိတ်ကျပ် ၁၆၆၀၀ဖြင့်စျေးနှုန်းငြိမ်နေပြီး ဝါးတန်းလမ်းကုန်စည်ဒိုင်ကို ဆန်အဝင်ပုံမှန်ရှိနေကာအရောင်းအဝယ်ပုံမှန် ရှိနေကြောင်းသိရသည်။
ဆန်စျေးနှုန်းများ
ဆန်အမျိုးအစား အမြင့်ဆုံးစျေး အနိမ့်ဆုံးစျေး
ဖျာပုံပေါ်ဆန်းသစ် ၃၂၀၀၀ ၃၄၅၀၀
ဒေးဒရဲပေါ်ဆန်းသစ် ၃၃၀၀၀ ၃၄၅၀၀
မြောင်းမြ/ပုသိမ်ပေါ်ဆန်း ၃၃၀၀၀ ၃၆၅၀၀
ပေါ်ဆန်းနယ်စုံ ၃၀၀၀၀ ၃၂၀၀၀
ဧည့်မထမိုးဆန် ၁၆၅၀၀ ၁၈၅၀၀
ငစိန် ၁၆၀၀၀ ၁၆၅၀၀
ၿမီးဒုံ ၂၄၅၀၀ ၂၆၀၀၀
ဧည့်မထဆန်ကွဲ(2,3,4) ၁၁၅၀၀ ၁၂၀၀၀
ဧည့်မထဆန်ကွဲ(1,2) ၁၂၅၀၀ ၁၄၀၀၀
ပေါ်ဆန်းချောဆန်ကွဲ ၁၃၅၀၀ ၁၅၅၀၀
ရွှေဘိုပေါ်ဆန်းဟောင်း ၄၉၅၀၀ ၅၂၀၀၀
ရွှေဘိုပေါ်ဆန်းသစ် ၄၂၀၀၀ ၄၄၀၀၀
မိုးသုခရှယ် ၂၄၀၀၀ ၂၅၀၀၀
နွေသီးထပ်ရှယ် ၁၈၅၀၀ ၁၉၀၀၀
နွေဆန်ရက် ၉၀ ၁၉၀၀၀ ၂၁၀၀၀
ဧည့်မထ ၂၅ % ၁၆၅၀၀ ၁၆၇၀၀
Source:Pissaya 

No comments:

Post a Comment