Popular Posts

Wednesday 26 July 2017

ရှမ်းပြည်နယ်ထွက် ကော်ဖီမက်ထရစ် တန်ချိန် ၄၀ ကို နိုင်ငံတကာ ဈေးကွက်သို့ မကြာမီတင်ပို့မည်


ရှမ်းပြည်နယ်တောင်ပိုင်းမှထွက်ရှိသောကော်ဖီမက်ထရစ်တန်ချိန် ၄၀ ကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချရန် စီစဉ်နေကြောင်းကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများကပြောကြားသည်။
ထိုသို့တင်ပို့နိုင်ရန်အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီမှအကူအညီပေးဆောင်ရွက်နေသည့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းတွင်ပါဝင်သည့်ကုန်စည်တန်ဖိုးမြှင့်ကွင်းဆက်စီမံကိန်းအရကော်ဖီစိုက်ပျိုးသူများကို ကူညီပံ့ပိုးပေးလျက်ရှိခြင်းကြောင့် နိုင်ငံတကာဈေးကွက်အထိပါထိုးဖောက်လာနိုင်ခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိကော်ဖီပင်စိုက်ပျိုးမှုနှင့် ဈေးကွက်ရရှိမှုမှာ ၂၀၁၆ ခုနှစ်ထက် ၁၁ ရာခိုင်နှုန်းပိုမိုရရှိလာပြီး မြန်မာ့ ကော်ဖီအရည်အသွေးပိုင်းတွင်စံချိန်မှအားကောင်းလာသောကြောင့်ရွာငံမြို့နယ်တစ်ခုတည်းအတွင်း၌ပင် စိုက်ဧကစုစုပေါင်း ၆၆၀ဝ ဧကကျော်ရှိလာကြောင်းသိရသည်။
မြန်မာနိုင်ငံတွင်တစ်နှစ်လျှင်ကော်ဖီတန်ချိန် ၇ဝဝဝ ခန့်ထွက်ရှိပြီး ၅၀ ရာခိုင်နှုန်းခန့်ကိုပြည်ပသို့တင်ပို့နေကာ မန္တလေးတိုင်းဒေသကြီးရှိ ပြင်ဦးလွင်၊ ရှမ်းပြည်နယ်အတွင်းရှိ မိုးကုတ်နှင့် နောင်ချိုဒေသများတွင်ကော်ဖီကို အဓိကစိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
ထို့ပြင်အမေရိကန်နိုင်ငံကော်ဖီပညာရှင်များကကော်ဖီထုတ်လုပ်ပုံနှင့် ရောင်းချမှုနည်းပညာများကို မြန်မာနိုင်ငံသို့ လာရောက်သင်ကြားပေးလျက်ရှိပြီး ဧပြီလပထမပတ်အတွင်းတွင်အတ္တလန်တာနှင့် ဂျော်ဂျီယာပြည်နယ်တို့တွင် ကျင်းပခဲ့သည့် နိုင်ငံတကာကော်ဖီပြပွဲ၌ စီးပွားဖြစ်ကော်ဖီရောင်းဝယ်သူများ၏နမူနာစမ်းသပ်မြည်းစမ်းခြင်းကိုခံခဲ့ရ၍ အနောက်နိုင်ငံများသို့ မြန်မာ့ကော်ဖီတင်ပို့ရန် အခွင့်အလမ်းများရှိလာခဲ့ကြောင်းသိရသည်။
ကော်ဖီ ၁၈ တန်ပါတဲ့ကွန်တိန်နာတစ်လုံးစမ်းသပ်သည့်အနေဖြင့်အမေရိကန် ကိုတင်ပို့မှု ပြုလုပ်ခဲ့ပြီး စျေးကောင်းပိုရခဲ့ပါသည်။
နောက်ပိုင်းတွင်ဒီထက်ပိုပြီး တင်ပို့နိုင်ဖို့မျှော်လင့်ထားပြီး တင်ပို့ရောင်းချနေတာကြာပြီဖြစ်သည့်အပြင် ဆွစ်ဇာလန်နိုင်ငံကို ပထမဆုံးတင်ပို့နိုင်ခဲ့ကြောင်းသိရသည်။
မြန်မာ့ကော်ဖီတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၀ဝ မှ ၄ဝဝဝခန့်ဖြင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး တောင်ကိုရီးယား၊ ဂျပန်နှင့်တရုတ်တိုင်ပေသို့အာရေဘီယာကော်ဖီကိုအဓိကတင်ပို့နေသည်။ 

လက်ရှိတွင် ပြည်ပတင်ပို့သည့် ကော်ဖီဈေးမှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄ဝဝဝ ခန့်ရှိပြီး အမေရိကန်သို့
တင်ပို့ပါက ၎င်းဈေးထက်ပိုရနိုင်ကြောင်းသိရသည်။
Ref:http://www.industrialdirectory.com.mm/component/k2/item/89-myanmar-coffee-news.html

No comments:

Post a Comment