Popular Posts

Wednesday 12 December 2012

Yangon University review!

ရန်ကုန်တက္ကသိုလ် စံပြ တက္ကသိုလ် အဖြစ် တည်ထောင်မည်ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၇

မြန်မာနိုင်ငံ၏ သက်တမ်း အရင့်ဆုံး ရန်ကုန်တက္ကသိုလ်ကို စံပြ တက္ကသိုလ်အဖြစ် ပြန်လည်တည်ထောင်မည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပညာရေးရာကော်မတီမှ ဒေါက်တာသိန်းလွင်ကThe Voice Weekly သို့ ပြောသည်။

ပြည်သူ့လွှတ်တော်တွင် NLD က တက္ကသိုလ် အဆင့်ပြုပြင်မှု ပညာရေး စာတမ်းတင်သွင်းပြီးနောက် ရန်ကုန် တက္ကသိုလ် မြှင့်တင်ရေးကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ခြင်း သည် အဆိုပါ တက္ကသိုလ်ကို ပြန်လည် တည်ထောင်ရန် ခွင့်ပြု ပေးလိုက်ခြင်းနှင့် တူညီကြောင်း ၄င်းက ရှင်းပြသည်။
yangon-university-v-8-48-by-mk
ရန်ကုန် တက္ကသိုလ်ကို ခွင့်ပြုပေးပြီးနောက် ဆက်လက်၍ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မြစ်ကြီးနား နှင့် အခြားတိုင်းရင်းသား ဒေသများတွင်လည်း အမျိုးသား တက္ကသိုလ်များ ပေါ်ပေါက်လာရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါက်တာသိန်းလွင်က ထပ်လောင်း ပြောကြားသည်။
"ရန်ကုန်တက္ကသိုလ် အသက်ဝင်ဖို့ ဆိုတာ အခုမှ အညှောက်ပေါက်တုန်းပဲ ရှိသေးတယ်။ အသီးအပွင့်တွေ ဖြစ်ဖို့ ဆိုတာ ကြာဦးမယ်" ဟု မြန်မာနိုင်ငံ ဆရာများ ကွန်ရက် အဖွဲ့ဝင် ဒေါက်တာဘိုင်အိုက ပြောကြားသည်။ ထို့ပြင် အမျိုးသား တက္ကသိုလ် တည်ထောင်ရန် အတွက် ဥပဒေပြဋ္ဌာန်းရန် လိုအပ်ပြီး ယင်းဥပဒေ ပြုလုပ်ရန် အတွက်လည်း တစ်နိုင်ငံလုံးမှ ပညာရေးနှင့် ဆက်နွှယ်သူများ ပါဝင်နိုင်မှု ရှိမှသာ အနှစ်သာရ အသက်ဝင်စွာနှင့် ပညာရေး ကဏ္ဍ ပြောင်းလဲ နိုင်မည်ဖြစ်ကြောင်း ၄င်းက ထပ်လောင်း အကြံပြု သည်။

"အဆင့်မြင့် ပညာရေးပိုင်းကတော့ တော်တော်ကြီး ပြောင်းလဲ လာနိုင်တယ်လို့ ပြောလို့ရမှာပါ" ဟု လတ်တလော ပြုပြင် ပြောင်းလဲမှုများ ဆက်တိုက် လုပ်ဆောင်နေမှုများနှင့် အဆင့်မြင့် ပညာရေး အပြောင်းအလဲများကို ဒေါက်တာ သိန်းလွင်က သုံးသပ်ပြောဆိုသည်။ ရန်ကုန် တက္ကသိုလ် အနေနဲ့ လာမည့် ပညာသင်နှစ်တွင် ဂုဏ်ထူးတန်းများအတွက် ကျောင်းသား၊ ကျောင်းသူများကို ပြန်လည် လက်ခံမည်ဖြစ်ပြီး နိုင်ငံတကာ တက္ကသိုလ်၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆွေးနွေးမှုများလည်း ပြုလုပ် လျက်ရှိသည်။

လက်ရှိ ရန်ကုန် တက္ကသိုလ် မြှင့်တင်ရေး ကော်မတီ ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး လွှတ်တော်တွင် အဆိုပြု ထားသော် လည်း လာမည့်လွှတ်တော် အစည်းအဝေးတွင်မှ ဖွဲ့စည်း နိုင်မည်ဖြစ် ကြောင်း ဒေါက်တာသိန်းလွင်က ဆိုသည်။

ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန် သမ္မတ ဘားရက်ခ် အိုဘားမားက ယင်းတက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမ၌ မြန်မာပြည်သူ လူထုကို ပထမဦးဆုံး အကြိမ် သမိုင်းဝင် မိန့်ခွန်း ပြောကြားခဲ့သည်။
Ref:thevoicemyanmar

No comments:

Post a Comment