Popular Posts

Friday, 21 December 2012

ငြိမ်းချမ်းရေးအသစ်ကြိုးပမ်းမှုနှင့် မြန်မာနိုင်ငံ

မြန်မာသမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ မတ်လတွင် အာဏာ ရယူပြီးချိန်မှစ၍ ပြုပြင် ပြောင်းလဲမှုများကို အကောင်အထည်ဖော်ရန် သိသိသာသာ လျင်မြန်စွာ လှုပ်ရှားခဲ့သည်။ သမ္မတသည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို လက်ကမ်းခြင်း၊ နိုင်ငံရေး အကျဉ်းသား အရေအတွက်များများ လွှတ်ပေးခြင်း၊ မီဒီယာ ဆင်ဆာတည်းဖြတ်မှုကို ဖြေလျော့ပေးခြင်း၊ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ပြုသည့် ဥပဒေသစ်ကို လက်မှတ်ထိုး ထုတ်ပြန်ခြင်း တို့ကို ဆက်တိုက် ပြုလုပ်ခဲ့သည်။ အရေးယူဒဏ်ခတ်မှု sanctions ချမှတ်သော အနောက်နိုင်ငံများ က အဓိက ရည်ရွယ် သတ်မှတ်ထားသော စည်းကမ်းများ ဖြစ်သည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ ဒေါ်အောင်ဆန်းစုကြည် ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ နိုင်ငံရေး လုပ်ငန်းစဉ်သို့ ပြန်လည် ဝင်ရောက်ရန် အခြေအနေများ ဖန်တီး ဖြစ်ပေါ်ရေး စသော ကိစ္စများမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ၏ ဒီဇင်ဘာ လဆန်း ခရီးစဉ် မတိုင်မီ၌ပင် လိုလားသည့် အတိုင်း ပြည့်မီမည့် လက္ခဏာများ ကောင်းစွာ ပေါ်လွင်နေသည်။ ယခု နောက်ဆုံး သိသာ ထင်းရှားသော ငြိမ်းချမ်းရေး ကြိုးပမ်းမှု ကလည်း နိုင်ငံ၏ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်သည့် အစိုးရနှင့် တိုင်းရင်းသား အုပ်စုများ အကြား နှစ် ၆၀ ကြာ ပြည်တွင်းစစ် ပြဿနာကိုပါ ဖြေရှင်း နိုင်တော့မည့် မျှော်လင့်ချက်ကို ပေးလျှက် ရှိသည်။
မကြာသေးမီက အဆိုပါ တိုင်းရင်းသား ပြဿနာ အနေအထားသည် အခြေအနေ ကောင်းပုံ မရခဲ့ပါ။ လက်ရှိ နှစ်များ အတွင်း အရပ်ဘက် အစိုးရသစ် အတွက် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော တပ်မတော် အစိုးရဟောင်းသည် တိုင်းရင်းသား အုပ်စုများနှင့် ဖွာလန်ကျဲပြီးသား ဆက်ဆံရေးကို ပိုမို ဆိုးဝါးစေခဲ့သည်။ တိုင်းရင်းသား အုပ်စုများ၏ လက်နက်ကိုင် တပ်များကို တပ်မတော်၏ ကွပ်ကဲမှု အောက်သို့ သွတ်သွင်းမည့် နယ်ခြားစောင့်တပ် အစီအစဉ်သစ်ကို ချမှတ်ရန် ကြိုးစားမှုကြောင့် ရှိရင်းစွဲ အပစ်အခတ် ရပ်စဲမှုများ ပျက်ပြား သွားခဲ့သည်။ တိုင်းရင်းသားတို့၏ ကာလရှည်ကြာ နိုင်ငံရေး မကျေလည်မှုများကို လုံခြုံရေး ပြဿနာအဖြစ် သုံးသပ်ပြီး၊ အရှိန်မြှင့် တိုက်ခိုက်ခြင်းကြောင့် အဓိက ဖြေရှင်းရမည့် ကိစ္စများဖြစ်သော ငြိမ်းချမ်းမှု ဖော်ဆောင်ရေး၊ သာတူညီမျှမှု မြှင့်တင်ရေး၊ လူ့အခွင့်အရေး ညှင်းပန်းမှုများ အဆုံးသတ်ရေး၊ စီးပွားရေး အခွင့်အလမ်းများ ဖြည့်ဆည်းပေးရေး၊ သာတူညီမျှ ရင်းမြစ် မျှဝေရေး၊ ဒေသန္တရ ကိုယ်ပိုင် အုပ်ချုပ်မှု ခိုင်မာစေရေး စသည်တို့ကို ဖြေရှင်းရန်မှာ ပိုမို ခက်ခဲခဲ့ပါသည်။ အာဏာရလာသော သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား ကိစ္စကို အမျိုးသား ဦးစားပေး အနေဖြင့် ဆောင်ရွက်ရန် ကတိပေးခြင်း၊ တိုင်းရင်းသား အုပ်စုအားလုံးနှင့် ဒိုင်ယာလော့ခ် ကမ်းလှမ်းခြင်း၊ ဆွေးနွေးရန် အတွက် အဓိက ကြိုတင် စည်းကမ်း သတ်မှတ်ထားမှုများကို ပယ်ဖျက်ပေးခြင်း တို့ကို ပြုလုပ်ခဲ့သော်လည်း ထိုစကားများဖြင့် မလုံလောက်ကြောင်း တွေ့မြင်ကြရပြီ ဖြစ်သည်။ သို့ဖြစ်ရာ ယခုအခါ သမ္မတ အနေဖြင့် ၄င်းပြောသည့် စကားကို တာဝန်ယူကြောင်း သံသယကြီးသည့် တိုင်းရင်းသား အသိုင်းအဝိုင်းက ယုံကြည် လာစေမည့် လက်တွေ့ လုပ်ဆောင်မှုများဖြင့် ငြိမ်းချမ်းရေး အသစ် ကြိုးပမ်းမှု လမ်းကြောင်းအတိုင်း လိုက်ပါရန် လိုအပ်နေပြီ ဖြစ်သည်။
မြန်မာနိုင်ငံသည် ၁၉၄၈ခုနှစ် လွတ်လပ်ရေး ရချိန်မှစ၍ တိုင်းရင်းသား လူမျိုးစု အကုန်လုံးနီးပါးနှင့် ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်။ ၁၉၈၈တွင် အာဏာ သိမ်းခဲ့သော တပ်မတော် အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများစွာနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများ လက်မှတ်ရေးထိုးခြင်းဖြင့် နယ်စပ် တောင်တန်း ဒေသများရှိ အကြီးမားဆုံး စစ်ရေး ခြိမ်းခြောက်မှုကို ယာယီ ပြေလည်အောင် ပြုလုပ်ခဲ့သည်။ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် များသည် စစ်ပွဲမှ ငြိမ်းချမ်းရေးသို့၊ လက်နက်ကိုင် ပဋိပက္ခမှ နိုင်ငံရေး ငြင်းခုန်မှုသို့ ရွေ့ရမည့် အလှည့်အပြောင်း တစ်ခု ဖြစ်သင့် သော်လည်း ထိုသို့ ဖြစ်လာခြင်း မရှိခဲ့ပေ။ ထိုသို့ ဖြစ်လာရမည့်အစား ကတိပြုထားသော နိုင်ငံရေး ဆွေးနွေးမှုများ လုံးဝ အသက်ဝင်လာခြင်း မရှိသည့် အလျောက် ရပြီးသား သဘောတူညီချက်များ ပို၍ ဆွေးမြေ့လာကာ ရေရှည် ကြံစည်ထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ အစိုးရ ပုံစံသစ်သို့ မကူးပြောင်းမီ တိုင်းရင်းသား လက်နက်ကိုင်တပ်များ နယ်ခြားစောင့် တပ်ဖွဲ့သို့ ပူးပေါင်းလာအောင် တပ်မတော် အစိုးရက တဖြည်းဖြည်း ကြိုးစား လာချိန်တွင် အပစ်အခတ် ရပ်စဲထားမှု ပျက်ပြယ် သွားခဲ့သည်။
အောက်က Scribd မှာ အသေးစိတ်ဖတ်ကြည့်လိုက်ပါ...
214 Myanmar a New Peace Initiative Burmese
 
CRISIS GROUP - NEW REPORT Myanmar: A New Peace Initiative

After demonstrating commitment to an extraordinary series of social, economic and political reforms, Myanmar’s new government has launched a bold peace initiative with potential to resolve the devastating 60-year civil war with ethnic groups.

Myanmar: A New Peace Initiative, the latest report from the International Crisis Group, comes on the eve of the first visit to the country by a U.S. Secretary of State in a half century and days after ceasefires have been reached or agreed in principle with a number of ethnic armed groups. It examines the opportunity for a sustainable end of the ethnic turmoil and armed conflicts that have been devastating the country since the early days of its independence.

President Thein Sein has recognised the importance of the ethnic situation and pledged to make it a national priority. Myanmar now has an opportunity to comprehensively resolve these conflicts. The President has opened a dialogue with all armed groups and dropped key preconditions, such as the scheme to convert their armies into border guards. He has also offered an unprecedented national conference to seek political solutions to ethnic divisions. Despite serious clashes in Kachin State and parts of Shan State, momentum is now clearly building behind the government’s peace initiative.

“A lasting solution to the problem requires going beyond just stopping the wars”, says Jim Della-Giacoma, Crisis Group’s South East Asia Project Director. “Multi-ethnic, multi-lingual and multi-religious Myanmar can only achieve genuine national unity and reconciliation by embracing its diversity”.

But lasting peace is by no means assured. Ethnic minority grievances run deep since the independence of Myanmar in 1948. The military regime of the State Law and Order Restoration Council that came to power in 1988 temporarily neutralised its largest military threat in the borderlands by signing ceasefire agreements with a number of armed ethnic groups. Those ceasefires should have been a watershed, from war to peace and armed to political struggle, but this failed to happen. Instead, the agreements grew stale, as promised political talks never materialised. They collapsed when the military government tried by decree to incorporate ethnic armies into a border guard force ahead of a long-planned transition to a new structure of constitutional government.

Ensuring greater peace will take more than reaching ceasefire agreements with armed groups. It requires addressing the grievances and aspirations of all minority populations, guaranteeing equal rights, supporting socio-economic developments, granting greater regional autonomy and building trust between the communities.

The international community has an important role to play in support of peace and development in Myanmar. It should understand the complexities of the conflict and support conflict resolution without making the attainment of peace a prerequisite for improving bilateral relations or beginning to lift sanctions. Encouraging the protagonists to find their own way to stop the fighting and make headway on a political settlement would simultaneously help meet key Western benchmarks on political prisoners, human rights, and democracy.

“If major conflict persists, successful reform will remain elusive”, says Robert Templer, Crisis Group’s Asia Program Director. “That would be to the detriment of the whole country. Every effort must be made to ensure that all groups are part of this process, or it could be the beginning of a new era of conflict rather than the end of an old one”.

Ref:crissgroup.org
 

No comments:

Post a Comment