Popular Posts

Tuesday 6 November 2012

နွားနို့နှင့် ကယ်လ်စီယမ်ဆေး တွဲသောက်လျှင် ကိုယ်တွင်းရှိပြီး ကယ်လ်စီယမ်ဓာတ် ဆုံးရှုံးနိုင်

ရန်ကုန်၊ အောက်တိုဘာ ၂၇
နွားနို့နှင့် ကယ်လ်စီယမ်ဆေးတောင့်အား တွဲ၍သောက်သုံးမှုမှာ လွဲမှားနေသောအပြုအမူဖြစ်ပြီး ကယ်လ်စီယမ်ဓာတ်ကို မရရှိနိုင်စေရုံမျှမက ခန္ဓာကိုယ်အတွင်းရှိ ကယ်လ်စီယမ်ဓာတ်ကိုပါ ဆုံးရှုံး စေသည်ဟု အရိုးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာမြင့်သောင်းက ပြောသည်။
”၂၅ဝ စီစီ သို့မဟုတ် နွားနို့တစ်ခွက်မှာ ကယ်လ်စီယမ်ဓာတ်က 500 mg elemental Ca ပါဝင်တယ်။ ဒါကိုမသိဘဲ တချို့လူတွေက နို့ထွက်ပစ္စည်းတွေ စားသုံး ရုံမျှမကဘဲ တစ်ရက်ကို နွားနို့ နှစ်ခွက်ထက် ပိုသောက်တာတို့၊ ကယ်လ်စီယမ် ဆေးတောင့်ကို နွားနို့နဲ့ ရောသောက်တာတို့တွေ လုပ်နေကြတယ်။ ဒီလိုလုပ်ခြင်းက ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်ဓာတ်ကြောင့် အရိုးအဆစ်သန်မာမှုကို မဖြစ်စေတဲ့အပြင် ကယ်လ်စီယမ်ဓာတ် လွန်ကဲပြီး Parathyroid ဟိုမုန်းကို ထွက်ရှိစေတဲ့အတွက် အရိုးပွမှုကို ဖြစ်စေတယ်။ ဒါ့အပြင် ဒီဟိုမုန်းကြောင့် လည်ပင်းကြီးရောဂါနဲ့ တခြားရောဂါတွေကိုလည်း ဖြစ်စေတယ်” ဟု ဒေါက်တာမြင့်သောင်းက ပြောသည်။
အရိုးအဆစ် သန်မာလို သူများအနေဖြင့် နွားနို့သောက် သုံးပါက ကယ်လ်စီယမ် ဆေး တောင့်ကို သောက်သုံးရန် မလို အပ်ကြောင်း ၄င်းက ဆက်ပြောသည်။
လူတစ်ဦးအနေနှင့် ကယ်လ် စီယမ်ဓာတ်ရရှိရန် တစ်ရက်လျှင် နွားနို့တစ်ခွက်သာ သောက်သုံးသင့်ပြီး နေ့စဉ်နွားနို့ နှစ်ခွက်ထက် ပိုမို သောက်သုံးပါက အရိုးပွခြင်းနှင့် အခြားသောရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း အရိုးအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ မြင့်သောင်းက ပြောသည်။
လူတစ်ဦးအတွက် ကယ်လ် စီယမ် လိုအပ်ချက်မှာ တစ်ရက် လျှင် အသက် ၉ နှစ်မှ ၁၈ နှစ် ကြားဖြစ်ပါက ၁၃ဝဝ မီလီ ဂရမ်၊ အသက် ၁၉ နှစ်မှ ၅ဝ နှစ်ကြား ဖြစ်ပါက ၁ဝဝဝ မီလီဂ ရမ် ဖြစ်ပြီး ကိုယ်ဝန်ဆောင်နှင့် မကျန်းမာသော အမျိုးသမီးဖြစ်ပါက ကယ်လ်စီယမ် ဓာတ် နေ့စဉ် ၁ဝဝဝ မှ ၁၃ဝဝ မီလီဂရမ်အကြား လိုအပ်ကြောင်း၊ ထို့အတူအသက် ၅ဝ ကျော် အမျိုး သမီး၊ အမျိုးသားများအနေဖြင့် နေ့စဉ် ကယ်လ်စီယမ်ဓာတ် ၁၂ဝဝ မီလီဂရမ်လိုအပ်ကြောင်း၊ လူ့ခန္ဓာ ကိုယ်အတွက်လို အပ် သော ကယ်လ်စီယမ်ဓာတ်ကို ထောပတ်၊ ဒိန်ခဲ၊ ပင်လယ်ငါး၊ ဟင်းသီးဟင်းရွက်နှင့် နွားနို့တို့မှ ရရှိနိုင်ကြောင်း၊ သို့ရာတွင် အချို့သော သူများမှာ စိုးရိမ် စိတ်လွန်ကဲ၍ ကယ်လ်စီယမ် ဓာတ် ရရှိစေရန် နို့နှင့်နို့ထွက် ပစ္စည်းများကို နေ့စဉ် စားသုံး ရံမျှမက ကယ်လ်စီယမ်ဆေး တောင့်များကိုပါ သောက်သုံး လေ့ရှိကြောင်း၊ ထိုသို့ သောက် သုံးရာတွင် အကယ်၍ ကယ်လ် စီယမ်ဆေးတောင့်ကို သောက်သုံးမည်ဆိုပါက တစ်ရက်လျှင် သုံးလုံးကို သုံးကြိမ်ခွဲ၍ အစာနှင့် ရောသောက်ရန် လိုအပ်ပြီး အစာနှင့် ရောသောက်ခြင်း မပြု ပါက အစာအိမ်မှ အက်စစ် ဓာတ်များက ကယ်လ်စီယမ် ဓာတ်ကို စုပ်ယူသွားသည့် အတွက် ကယ်လ်စီယမ်ဓာတ် ရရှိနိုင်မည်မဟုတ်ဟု ၄င်းက ရှင်းပြသည်။
Ref:popularmayanmar

No comments:

Post a Comment