Popular Posts

Sunday, 30 September 2012

ဒီမိုကရေစီရဲ့သီအိုရီ

မူရင်းဒီမိုကရေစီရဲ့သီအိုရီစာအုပ်ကို အွန်လိုင်းမှာတွေ့လို့တင်ပေးလိုက်ပါတယ်၊ ကျွှန်တော်ကနိုင်ငံရေး သမား  မဟုတ်လို့ နားမလည်ပါဘူး၊ ဒါပေမဲ့ လူ့အခွင့်အရေးဆိုတာဘာလဲဆိုတာနှင့်  အလွန်လိုက်စားတဲ့  ချစ်သူငယ်ချင်းနိုင်ငံရေးကျောင်းသားဟောင်းတွေရှိတဲ့အတွက် လေ့လာလို့ရအောင် တင်ပေးလိုက်ပါတယ်၊

ဒီမိုကရေစီ ဟူသည် (Democracy)

နိုင်ငံရေးတွေ တင်တာတော့ မဟုတ်ပါဘူးဗျာ... ခုခေတ်မှာ သိတဲ့အတိုင်း ဒီမို၊ ဒီမိုနဲ့ ဖြစ်နေကြတော့ စိတ်ပါဝင်စားသူများအတွက် အလွယ်တကူ ဖတ်လို့ရအောင် ကျွန်တော်ရှာထား၊ ဖတ်ထားတာလေးကို ပြန်ဝေမျှလိုက်ပါတယ်ဗျာ... :)

ဒီမိုကရေစီ (Democracy) သည် ခေတ်သစ်နိုင်ငံရေး အယူအဆများအနက် တန်ဖိုးအထားခံရဆုံးဖြစ်သည်။ ဒီမိုကရေစီ ဟူသောစကားရပ်မှာ ရှေးဟောင်းဂရိစကားလုံး demos (ပြည်သူလူထု) နှင့် kratos (အင်အား) မှ ဆင်းသက်လာခြင်းဖြစ်သည်။ ပြည်သူက အာဏာပိုင်စိုးသောစနစ် ဟုခေါ်သည်။ ပြည်သူအများစု စုပေါင်းပါဝင် အာဏာပိုင်စိုးသောစနစ်ဟုလည်း ဆိုနိုင်သည်။ စကားလုံးသဘောအရ ဒီမိုကရေစီ ဆိုသည့် အဓိပ္ပာယ်ကို အတိအကျ ဖော်ပြထားခြင်း မရှိသော်လည်း အဆုံးတွင် နိုင်ငံရေးအာဏာသည် အရွယ်ရောက်ပြီး ပြည်သူတစ်ရပ်လုံး လက်တွင်းသာရှိသည်။ အဖွဲ့၊ အုပ်စုငယ်များ၌ အုပ်ချုပ်ပိုင်ခွင့်မရှိဟု အဓိပ္ပာယ်ထက် အနည်းငယ်မျှသာပိုသည်။ ဒီမိုကရေစီဆိုသည်မှာ ၎င်းနှင့် တွဲပြီး ၀ိသေသပြုသည့် စကားလုံးစကားရပ်နှင့် ပူးတွဲမှသာ ပိုအသုံးဝင်သော အဓိပ္ပာယ်ထွက်သည်။ ဥပမာ လစ်ဘရယ်ဒီမိုကရေစီ (Liberal Democracy)၊ ကိုယ်စားပြုဒီမိုကရေစီ (Representative Democracy)၊ ပါဝင်လုပ်ဆောင် ဒီမိုကရေစီ (Participatory Democracy)၊ တိုက်ရိုဒီမိုကရေစီ (Direct Democracy) စသည်တို့ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ ဒီမိုကရေစီ၏ အနှစ်သာရမှာ ပြည်သူ့ထံမှ ဆင်းသက်လာသော အာဏာကို ပြည်သူတို့အတွက် ပြည်သူတို့ထံသို့ ပြန်လည်စီးဆင်းစေခြင်းပင်ဖြစ်သည်။

သမိုင်းအရ ဒီမိုကရေစီကို ဂရိမှ အေသင်နှင့် စပါတာမြို့ပြနိုင်ငံများမှ စကျင့်သုံးသည်။ ထိုစဉ်က အေသင်လူဦးရေမှာ မများသကဲ့သို့ အေသင်ဒီမိုကရေစီတွင် ပါဝင်သူနိုင်ငံသားဦးရေမှာလည်း များသည်ဟု မဆိုသာပေ။ လူဦးရေစုစုပေါင်း၏ သုံးပုံတစ်ပုံနီးနီးရှိ ကျွန်လူတန်းစားများနှင့် ကျန်သုံးပုံတစ်ပုံမျှ နိုင်ငံခြားသားများမှာ နိုင်ငံသားဟု သတ်မှတ်မခံရသဖြင့် ပါဝင်ခြင်းမရှိသလို နိုင်ငံသားများတွင်လည်း အရွယ်ရောက်ပြီး အမျိုးသားများသာ ပါဝင်ခွင့်ရသောကြောင့် အေသင်ဒီမိုကရေစီစနစ်မှာ များစွာ ကျဉ်းမြောင်းခဲ့သည်။

အေသင် ဒီမိုကရေစီစနစ်
အေသင်တွင်ရှိသော လူမျိုးစု ဆယ်စုမှ ရွေးချယ်ထားသော လူထုကောင်စီဖြင့် အစိုးရတာဝန်များကို ထမ်းဆောင်သည်။ လူမျိုးစုတစ်စုအတွက် ကိုယ်စားလှယ် ငါးဆယ်စီရွေးပြီး စုစုပေါင်း ငါးရာပါဝင်သောကြောင့် ငါးရာကောင်စီဟုလည်း ခေါ်သည်။ အချုပ်အခြာအာဏာမှာ ထိုကောင်စီလက်တွင်ရှိသော်လည်း အရေးကြီးကိစ္စရှိလျှင် လူထုအစည်းအဝေးသို့တင်ပြကာ သဘောတူညီမှုရယူသည်။ ပီရစ်ကလီး(၄၆၁-၄၃၁ ဘီစီ) လက်ထက်တွင် ထိုစနစ် ပီပီပြင်ပြင်ထွန်းကားခဲ့သည်။ လေးလတစ်ကြိမ်ကျင်းပသော လူထုအစည်းအဝေးကို အသက် ၂၀ ပြည့်ပြီး နိုင်ငံသားတိုင်း တက်ရောက်နိုင်ပြီး လူဦးရေ ၆၀၀၀ ကျော်ပါက အစည်းအဝေးထမြောက်သည်။ မဲခွဲဆုံးဖြတ်သဖြင့် တိုက်ရိုက်ဒီမိုကရေစီစနစ်သဘောဖြစ်သည်။ ကမ္ဘာပေါ်တွင် အစောဆုံး ပြည်သူကတိုက်ရိုက်အုပ်ချုပ်သော တိုက်ရိုက်ဒီမိုကရေစီစနစ် ဟုခေါ်နိုင်သည်။

စပါတာ ဒီမိုကရေစီစနစ်
စပါတာအုပ်ချုပ်ရေးသည် ရောနှောနေသော အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ စပါတာမြို့ပြနိုင်ငံကို စတင်တည်ထောင်ခဲ့သော စစ်ခေါင်းဆောင်နှစ်ဦးကို အာဏာတူဘုရင်အဖြစ် ခန့်အပ်ထားသည်။ အထက်လွှတ်တော် ဆီးနိတ်ပုံစံဖွဲ့စည်းထားသော အသက် ၆၀ ကျော် ကောင်စီဝင်သုံးဆယ် ပါဝင်သည့် ဂျီရူးရှ (Gerusia) ခေါ် ဥပဒေပြုကောင်စီ ရှိသည်။ ဘုရင်နှစ်ပါးမှာ ထိုထဲတွင် ပါဝင်သည်။ အသက် ၃၀ အထက် ယောက်ျားမှန်သမျှ ပါဝင်သည့် အယ်ပယ်လာ(Appella) ခေါ် လွှတ်တော်လည်း ရှိသည်။ တစ်နှစ်တစ်ကြိမ်ကျင်းပသော ထိုလွှတ်တော်တွင် ဥပဒေပြဌာန်းခြင်း၊ တိုင်းပြည်ရေး ဆွေးနွေးခြင်း၊ ကောင်စီဝင်များ ရွေးချယ်ခြင်း၊ ပြည်သူ့ကိုယ်စားလှယ်ငါးဦး(Ephors) ရွေးချယ်ခြင်း စသည့် ကိစ္စများ ဆောင်ရွက်သည်။ ထို အီဖော့စ်ငါးဦးနှင့် ဥပဒေပြုကောင်စီသာ အာဏာရှိပြီး ဘုရင်မှာ ရုပ်သေးသက်သက်သာ ဖြစ်သည်။ ရီပက်ဘလီကန် ဆန်သော ဒီမိုကရေစီဟုခေါ်နိုင်သော်လည်း လွှတ်တော်တက်ခွင့်ရသော လူဦးရေမှာ တစ်နိုင်ငံလုံး၏ ငါးရာနှုန်းသာရှိသည်။ ထိုကြောင့် လူနည်းစု ဒီမိုကရေစီ ဟုလည်း ခေါ်သည်။

လက်ရှိမျက်မှောက်ခေတ်တွင် တိုင်းနိုင်ငံများသည် လူဦးရေအဆမတန် များပြားလာသဖြင့် ဂရိမြို့ပြနိုင်ငံများခေတ်ကဲ့သို့ အုပ်ချုပ်ရေးတွင် ပြည်သူတိုက်ရိုက်ပါဝင်ရန် မဖြစ်နိုင်။ ထို့ကြောင့် သွယ်
ဝိုက်ဒီမိုကရေစီစနစ် သုံးစွဲကြသည်။ ပြည်သူက ရွေးချယ်သော ကိုယ်စားလှယ်များက ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို ဆောင်ရွက်သည့် စနစ်ဖြစ်သည်။ ဒီမိုကရေစီအရ အစိုးရသည် ပြည်သူက တင်မြှောက်သော ကိုယ်စားလှယ်များဖြစ်ပြီး ၎င်းတို့ကို လျှို့ဝှက်မဲပေးစနစ်ဖြင့် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည်။

တစ်ပါတီစနစ် နိုင်ငံများတွင် ဆိုရှယ်လစ်ဒီမိုကရေစီ ကို လက်ခံကျင့်သုံးကြသည်။ ထိုနိုင်ငံများတွင် တစ်ခုတည်းသောပါတီသည် ပြည်သူအများစုကြီးကို ကိုယ်စားပြုသည်ဟု ဆိုသည်။
လက်တစ်ဆုပ်စာ လူတစ်စုလက်တွင်း၌ ထင်ထင်ရှားရှား အာဏာရှိသော အဖွဲ့အစည်း (ဥပမာ- တတိယကမ္ဘာမှ ကွန်မြူနစ်နိုင်ငံများ) တွင် ဒီမိုကရေစီအပေါ် သတ်မှတ်ချက်အကဲဖြတ်မှုမှာ ကွဲပြားလာသည်။ ဒီမိုကရေစီမှာ အများပြည်သူက မအုပ်ချုပ်ဘဲ ပြည်သူလူထုက ၎င်းတို့အကျိုးအတွက် အုပ်ချုပ်ခံရခြင်းဟု အဓိပ္ပာယ်ဖွင့်ခဲ့ကြသည်။ မီးခေးလ်ဂေါ်ဗာချော့(Mikhail Gorbachev) စတင်သည့် ပြောင်းလဲမှုများမတိုင်မီ ဆိုဗီယက်ယူနီယမ်၏ အုပ်ချုပ်ရေးအား ကာကွယ်ပြောဆိုသူများက ဒီမိုကရေစီကျင့်သုံးမှုနှင့် ပတ်သက်ပြီး စီးပွားရေး လူမှုရေး တိုးတက်ပြောင်းလဲမှု မဖြစ်သေးသရွေ့ လေ့ကျင့်ပညာပေးမှုဖြင့် မွေးထုတ်လိုက်သော ဆိုရှယ်လစ်လူသားစစ်စစ် မပေါ်သရွေ့၊ ဆိုလိုသည်မှာ လူထုအနေဖြင့် မှားယွင်းသော အသိတရားအား ပပျောက်အောင် မလုပ်နိုင်သရွေ့ ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်များသည် အသုံးမ၀င်ဘဲ အဆိုးကိုသာ ဖန်တီးပေးမည်ဟု ဝေဖန်ကြသည်။ ၎င်းတို့ စောဒကတက်သည်မှာ လူအများအမြင်သည် မှားယွင်းဖောက်ပြန်မှုမှ စင်စစ်မကင်းသေးဘဲ ၊ ထို့ပြင် မိမိတို့ အဓိကလိုအပ်ချက် မည်သည့်အရာဖြစ်သည်ကို ခွဲခြားနိုင်မှုမရှိသေးဘဲ ၎င်းတို့ ခေါင်းဆောင်များကိုသော်လည်းကောင်း ၊ နိုင်ငံရေးအခွင့်အရေးများကိုသော်လည်းကောင်း ဆုံးဖြတ်ချက်ချရန် မဖြစ်နိုင်ဟု ဆိုကြသည်။

မည်သို့ပင်ဆိုစေကာမူ လက်ရှိကာလတွင် ဒီမိုကရေစီစနစ်သည် လူ့ဘောင်အတွက် အဆင်ပြေ၊ ကောင်းမွန်သော စနစ်၊ တရားမျှတသော စနစ်တစ်ခုအဖြစ် သတ်မှတ်ထားကြပြီ ဖြစ်ပါသည်။
Ref:thutakabar.blogs

Theories of Democratization

Authors: Welzel, C.
Publication Year: 2009
Publication Name: Democratization
Language: English

Abstract:

The chapter analyzes various theories of democratization and assesses their contribution to understand the driving forces of democratization processes.

Theories of Democratization Ref:worldvaluessurvey.org

Credit@

No comments:

Post a Comment