Popular Posts

Thursday 19 July 2012

အင်တာနက်ကဖီးမှာသုံးရင် သိထားသင့်တဲ့ Keylogger

28 April 2010

မြန်မာပြည်တွင်းက အချို့သော အင်တာနက် ကဖီးဆိုင်များရှိ ကွန်ပျူတာတွေထဲမှာ Keylogger လို့ခေါ်တဲ့ ဆော့ဖ်ဝဲများ ထည့်သွင်းထားပြီး လာရောက် သုံးစွဲ သူတွေထဲကနေ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပ ဆက်သွယ်သူများကို ခြေရာခံကာ ပြန်ပေးဆွဲ ဖမ်းဆီးနှိပ်စက် ထောင်ချ သတ်ဖြတ်မှုများရှိသောကြောင့် အင်တာနက် သုံးစွဲသူများ Keylogger မှ အန္တရာယ်ကင်းဝေးစေရန် အောက်ပါအချက် အလက်များကို ရေးသားတင်ပြလိုက်ပါတယ်။

Keylogger ဆိုသည်မှာ........

၁။ Keyboard နဲ့ရိုက်သမျှ၊ Mouse နဲ့ နှိပ်လိုက်သမျှ အချက်အလက်အားလုံးကို အချိန်နဲ့တကွ အတိအကျ မှတ်တမ်း တင်ထားပေးသော ဆော့ဝဲလ် တခုဖြစ်ပါတယ်။
၂။ Tray icon မပေါ်ပါ။
၃။ ၎င်း ဆော့ဝဲလ်၏ အမည်မှာ msdts.exe ဖြစ်ပါတယ်။

ဖြေရှင်နည်း.............
၎င်းဆော့ဝဲလ်ကို တွေ့အောင်ရှာပြီး ခေတ္တပိတ်ထားနိုင်ဖို့လိုပါသည်။ ကွန်ပြူတာ တခုလုံးတွင် အလုပ်လုပ်နေသော ဆော့ဝဲလ်များ အားလုံး Task Manager ထဲမှ Processes ၏ အောက်တွင်ရှိသည်။ ထို့ကြောင့် Task Manager ထဲကို ရောက်အောင်သွားဖို့ လိုပါသည်။

Task Manager ကို အလွယ်တကူ ခေါ်နိုင်မည့် နည်း ၃ ခု
၁။ Ctrl+Shift+Esc
၂။ Ctrl+Alt+Delete
၃။ Window Logo နှင့် R ကို နှိပ်ပြီးတက်လာတဲ့ Run box ထဲမှာ taskmgr လို့ ရိုက်ထည့်ပြီး Enter ခေါက်ပါ။

Task manager ပေါ်လာရင် သူ့ရဲ့ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို ရှာပါ။ msdts.exe တွေ့လျှင် အဲဒီကွန်ပျူတာမှာ keylogger ထည့်ထားပါတယ်။ အဲဒီလိုတွေ့ရင် ၄င်း msdts.exe ကိုရွေးကာ အောက်နားရှိ End process ကို နှိပ်လိုက်ပါ။ ထိုသို့ End process လုပ် ခြင်းဖြင့် ၄င်းလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေအားလုံး ရပ်သွားပြီး မိမိ လုပ်ဆောင်ချက်များကို မှတ်မထား နိုင်တော့ပါ။ ကွန်ပျူတာကို စိတ်ချစွာ အသုံးချနိုင်ပါပြီ။

မှတ်ချက်။ ။ Task Manager ကို ခေါ်မရလျှင် ထိုဆိုင်တွင် အသုံးမပြုတာ ပိုကောင်းပါသည်။ ထို့အပြင် Task Manager များတွင် အခြား အဆင့်မြင့် နည်းပညာများလည်း ရှိနိုင်သေးသောကြောင့် သုံးစွဲသူ အနေဖြင့် သတိထားဖို့ အလွန် အရေးကြီးပါသည်။

Ref:napyidaw

Internet Cafe ထိုင်သူများသတိထားရန်။


အထက်ပါ ပုံက Keylogger hardware ဖြစ်ပါတယ် ဒီ Keylogger တွေက မိမိ ဒီကွန်ပျုတာထဲမှာ
ရိုက်သွားသမျှ user name တွေ password တွေကို မှတ်သားထားပါတယ် bank card အသုံးပြုတဲ့
သူများရှိရင်လဲ bank card no တွေကို အကုန်မှတ်သားထားမှာဖြစ်ပါတယ်။ ဒါကြောင့် Internet cafe မှာ
အသုံးပြုရင်ဘဲဖြစ်ဖြစ် ၊ သူများကွန်ပျုတာကို အသုံးပြုရင်ဘဲဖြစ်ဖြစ် သတိထားရမယ်အထက်ပါပုံလေး
တွေပါ။
 
Ref:sbsangpi

No comments:

Post a Comment