Popular Posts

Wednesday, 25 July 2012

အင်တာနက်တွင်ဈေးဝယ်ယူခြင်းစနစ် စတင်သုံးစွဲနိုင်ရန်စီစဉ်

သူတို့မှာက အခုမှစပြီးအွန်လိုင်းမှာဈေးရောင်းဖို့လုပ်နေတယ် ငါမှာအွန်လိုင်းမှာဈေးရောင်းနေတာကြာပြီလေ!
ဟဲဟဲ! ၀ယ်ကျအုံးမလား!
asngroup online associates team! မှာ လိုချင်တာတွေ ၀ယ်လို့ရပါတယ်! ဘာတွေရှိလဲဝင်ကြည့်ပြီး စပ်စုလိုက်ပါအုံးနော်!ဟဲဟဲ!!!. Welcome ပါခင်ဗျာ.......
Sunday, 22 July 2012 15:44
ပြည်တွင်းပထမဦးဆုံးအဖြစ် အွန်လိုင်းမှဈေးဝယ်ယူခြင်းကို အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါဘဏ်မှသိရှိရသည်။ အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်နှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီတို့ ပူးပေါင်းလျက် အင်တာနက်တွင်ဈေး
ဝယ်ယူခြင်း အကောင်အထည်ဖော်ခြင်းကို စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “Y Pay လို့ခေါ်တဲ့ စနစ်ဖြစ်ပါတယ်။

ရတနာပုံဝက်ဘ်ပေါ်တယ်ကနေတစ်ဆင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်သို့ ဆက်သွယ်မေးမြန်းရာ၌ ဖြေကြားခဲ့သည်။ အဆိုပါစနစ်အတွက် တည်ဆောက်ရေးဆွဲမှုများ အကောင်အထည်ဖော်ခဲ့ပြီး စမ်းသပ်သုံးစွဲမှုများကို ပြုလုပ်ခဲ့ကြောင်း၊ ၎င်းနည်းတူ မြန်မာနိုင်ငံဗဟိုဘဏ်သို့ အဆိုပါစနစ်ကိုပြသခဲ့ပြီး ခွင့်ပြုချက်တောင်းခံခဲ့ကြောင်း အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်၏ Facebook စာမျက်နှာတွင် ဖော်ပြထား သည်။ ယခုအခါ စမ်းသပ်မှုများ အောင်မြင်စွာပြီးမြောက်ခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှလည်း ခွင့်ပြုချက်ရရှိပြီးဖြစ်၍ အများပြည်သူသုံးစွဲနိုင်ရန် မကြာမီစတင်တော့မည်ဖြစ်ကြောင်း အဆိုပါ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။ “မိမိတို့နေထိုင်ရာ နေရာကနေ အပြင်ကိုထွက်စရာမလိုဘဲ ပစ္စည်းဝယ်ယူနိုင်မှာမို့လို့ ကဏ္ဍအားလုံးအတွက် အဆင်ပြေမှာဖြစ်ပါတယ်။ အွန်လိုင်းကနေ ဈေးဝယ် ယူနိုင်တဲ့ စနစ်တွေ ပေါ်ပေါက်လာတဲ့အတွက် အချိန်ကုန်သက်သာမှု အစရှိတာတွေ အဆင်ပြေမယ်လို့ထင်ပါတယ်။ Security ပိုင်းကို သေသေချာချာ Control လုပ်နိုင်ဖို့ အဓိကလိုအပ်တယ်လို့ ထင်ပါတယ်” ဟု ရန်ကုန်အွန်လိုင်းစတိုးမှ မစုမြတ်နိုးကသုံးသပ်ပြောကြားသည်။ လက်ရှိအကောင်အထည်ဖော်နေသည့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ အင်တာနက်တွင်ဈေးဝယ်ယူခြင်းစနစ်အား ပြည်တွင်းရှိ ပစ္စည်းများဝယ်ယူခြင်းဖြင့် စတင်မည်ဖြစ်ကြောင်း၊ အဆိုပါဘဏ်တွင် ငွေစာရင်းဖွင့်ထားသူများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းရောင်းသူထံမှ ပစ္စည်းဝယ်ယူခြင်းကို ၎င်းလွှင့်တင်ထားသော ၀က်ဘ်ဆိုက်တွင်ရွေးချယ်ပြီး ၎င်းရောင်းချသူမှ AGD ဘဏ်နှင့်ချိတ်ဆက်ထားလျှင် ဘဏ်မှအွန်လိုင်းပေးချေမှုကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်ပရောင်းသူထံမှ ပစ္စည်းဝယ်ယူခြင်းကို AGD ဘဏ်အနေဖြင့် လတ်တလောကာလတွင် အွန်လိုင်းငွေပေးချေမှု ပြုလုပ်ပေး၍မရသေးကြောင်း သိရသည်။

ရေးသားသူ -ထွန်းထွန်း
Ref:internetjournal

No comments:

Post a Comment