အေးမြမြထွန်း ရန်ကုန်၊ စက်တင်ဘာ-၉ မြန်မာနိုင်ငံ၏ ပထမဆုံးမြေအောက်ကားလမ်းကို ရန်ကုန်မြို့တွင်ဖောက်လုပ်ရန် အကောင်အထည်ဖော်ဆောင်ရွက် နေကြောင်း သိရသည်။ အဆိုပါစီမံကိန်းကို လှည်းတန်းလမ်းဆုံနှင့် ရွှေဂုံတိုင်လမ်းဆုံတို့တွင် ဖောက်လုပ်ရန် မြေပြင်တိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီး ယင်းနေရာများတွင်Under Pass နဲ့ Over Pass တည်ဆောက် ရေးစီမံကိန်းများကို ဆောင်ရွက်မည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။ ““မြေပြင်တိုင်းတာခြင်းကို စတင် ဆောင်ရွက်နေပါပြီ။ ပုံစံထုတ်ပြီးတဲ့အခါမှ Under Pass နဲ့ Over Pass သင့်တော်တာ ကို တည်ဆောက်သွားမှာပါ။ မြန်မာနိုင်ငံ အနေနဲ့ Under Pass လုပ်ဖြစ်ခဲ့ရင် ပထမဆုံးလို့ပြောလို့ရပါတယ်””ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ(လမ်းတံတား)ဌာနမှ တာဝန်ရှိသူက ပြောသည်။ ယင်းစီမံကိန်းကို ယာဉ်သွားလာမှုလွယ်ကူမြန်ဆန်စေရန်အတွက် ဆောင် ရွက်ခြင်းဖြစ်ပြီး ကုန်ကျစရိတ်ကို နိုင်ငံတော် ဘတ်ဂျက်မှ ကျခံသုံးစွဲမည်ဟု သိရသည်။ ““စီမံကိန်းကကြီးတဲ့အတွက် စည်ပင်ဘတ်ဂျက်နဲ့မရဘူး။ နိုင်ငံတော် ဘတ်ဂျက်သုံးမှရမှာ။ ပုံစံထုတ်ပြီးလို့ Under Pass ကျိန်းသေရင် နည်းပညာ လိုအပ်တာတွေရှိမှာပါ””ဟု အဆိုပါဌာနမှ တာဝန်ရှိသူက ဆက်လက်ပြောသည်။ အဆိုပါစီမံကိန်းအပြင် ရန်ကုန်မြို့ရှိ အချက်အချာကျသော နေရာများတွင် လူကူးခုံးကျော်တံတားများ ထပ်မံ တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။ ““လှည်းတန်းဆိုရင် လူဦးရေထူထပ်တယ်။ ကျောင်းသား၊ ကျောင်းသူအလုပ်သမားတွေလဲ သွားလာမှုများတယ်။ ဒီနေ ရာမှာ ကားအသွားအလာအရမ်းကျပ်တယ်။ ဒါပေမဲ့ လူကူးမျဉ်းကျား၊ လူကူးတံတား မရှိဘူးလမ်းကူးတဲ့အခါ အရမ်းအန္တရာယ်များတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာဆိုရင် လူကူးတံတားတွေ၊sub laneမြေအောက် လမ်းတွေလုပ်ပေးတာ တွေ့ရတယ်။ အခု စီမံကိန်းက မြို့ပြရဲ့ Image ကိုတက်စေ တယ်။ အန္တရာယ်လဲ ကင်းစေတယ်။ မြန်မြန်လုပ်လေ အကျိုးရှိလေပဲ။ ကြိုဆိုရမယ့် အစီအစဉ်လို့ ပြောချင်ပါတယ်””ဟု လှည်းတန်း(ဗဟို)လမ်းတွင် နေထိုင်သူဦးကိုလတ်က ပြောသည်။ ammtun@yangonmedia.com |
Popular Posts
-
အဲ! အပျင်းပြေ ရယ်စရာလေးတွေ 18+ လုံခြုံရေးအရ စစ်ဆေးရတာပါ! ယောကျာင်္းလေးတွေများ ဘယ်လောက်ဝါဿနာပါကျလဲတော့မသိပါဘူး!
-
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အလယ်အလတ်တန်းစား ပြည်သူများအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း တန်ဖိုးနည်းအိမ်ရာများဆောက်လုပ်ရေ...
-
အုပ်စုဖွဲ့ မုဒိန်းမှုကြောင့် အိန္ဒိယအနှံ့ ဆန္ဒပြပွဲများ အရှိန်ပြင်း၊ ရဲတစ်ဦးသေဆုံး နယူးဒေလီ၊ ဒီဇင်ဘာ ၂၇ အသက် ၂၃ နှစ်အရွယ် ကျောင်းသူ တစ်ဦးကို ...
-
October 04, 2011 ...
-
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရတနာနှင်းဆီ ၁၈ထပ်ပါ အဆင့်မြင့်အိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း ၁,၃၈ဝ ကိုေ...
-
သဲသဲထွေး အတွဲ ၂၆ ၊ အမှတ် ၅၁၅ (၂၉၊၄ - ၅၊၅ ၊ ၂၀၁၁) မြန်မာနိုင်ငံတွင် အဖြစ်များသည့်ရောဂါ များတွင် လည်ချောင်းကင်ဆာသည် နံပါတ်(၂)နေရာတွင် ရောက်ရှိ...
-
ရန်ကုန်၊ မတ် ၁၆- အစာအိမ်ရောဂါပိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ျွှံဥ) က အသည်း ရောင်အသားဝါဘီပိုး၊ စီပိုး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးတို့ကဲ့သို့ ကင်ဆာ...
-
Sat, Apr 7, 2012 at 3:58 AM ရေနွေးနဲ့ ရေချိုးရင်လည်း BP တက်နိုင်တော့ ရှောင်ခိုင်းတာကို နားလည်ပေမယ့် သွေးဖိအား ကျစေမှာကိုလည်းရှောင် ဆိုတာကို...
-
We make tools Your make do! တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် အမှတ်စာရင်း ထုတ်ယူနေကြသူများကို တွေ့ရစဉ် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အချို့...
-
Are Singaporean girlfriends bullies?
Saturday, 17 September 2011
ရန်ကုန်တွင် မြေအောက်ကားလမ်းဖောက်လုပ်ရန် စီစဉ်
Labels:
အထူးသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment