ရန်ကုန် စက်တင်ဘာ ၁၅
လယ်မြေသိမ်းယူခြင်း ခံထားရသည့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ လယ်သမားများသည် ယနေ့မနက် ၁ဝ နာရီခန့် က ပုသိမ်မြို့ပေါ်တွင် ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြကြောင်း ပုသိမ်မြို့ခံ တစ်ဦးထံမှ သိရှိရသည်။
ဆန္ဒပြ လယ်သမား အယောက် တစ်ရာခန့်သည် ပုသိမ် ကမ်းနားလမ်း တစ်လျှောက် တန်းစီ လမ်းလျှောက်လာကြပြီး နာရီစင် အနီးတွင်ရှိသည့် တိုင်းအုပ်ချုပ်ရေးမှူး ရုံး (ယခင် တယက) ရုံးရှေ့တွင် နာရီဝက်ခန့်ကြာ ထိုင်ပြီး ငြိမ်သက်စွာ ဆန္ဒပြခဲ့ ကြသည်ဟုလည်း အဆိုပါ ဒေသခံ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
ယင်းနောက် မကြာမီ လယ်သမားများသည် ရွှေမောဓော ဘုရားပေါ်သို့ ရောက်ရှိလာကြပြီး ကြွေးကြော်သံများ၊ အော်ဟစ်ခြင်း၊ ဆူပူခြင်း မရှိဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည်ကို တွေ့မြင်ရသည်ဟုလည်း ၎င်းတို့က ပြောကြားသည်။
အဆိုပါ လယ်သမားများသည် ပုသိမ်နှင့် မိုင် ၃ဝ ကျော် ဝေးသည့် ငွေဆောင်နှင့် ချောင်းသာ ကြားတွင် တည်ရှိသော သဇင်ရွာမှဖြစ်ပြီး အစိုးရ၏ ငွေဆောင် လေယာဉ်ကွင်း စီမံကိန်း အပါအဝင် အခြား စီမံကိန်းဒေသတွင်း လယ်မြေများ သိမ်းပိုက်ခြင်း ခံခဲ့ရသောကြောင့် လာရောက် ချီတက်ဆန္ဒပြခြင်း ဖြစ်ကြောင်းလည်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရှိရသည်။
သဇင်ရွာ အနီးတွင်ရှိသည့် ငွေဆောင်ဒေသတွင် လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့်ပိုင် ယုဇန ကုမ္ပဏီသည် ဒေသခံ လယ်သမားများ၏ လယ်မြေများကို ထိုက်သင့်သည့် နစ်နာကြေး မပေးဘဲ အတင်း အဓမ္မ သိမ်းပိုက်ထားသည်ဟု ငွေဆောင်ဒေသခံများထံမှ သိရှိရသည်။
နောက်ဆုံး ရရှိသော သတင်းများအရ ဆန္ဒပြ လယ်သမားများသည် ရွှေမောဓောဘုရား ပေါ်တွင် နေရာယူဆဲ ဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီးက လွှတ်တော် ကိုယ်စားလှယ် တစ်ဦးသည် ဆန္ဒပြ လယ်သမားများနှင့် တွေ့ရန် စီစဉ်နေကြောင်း သိရှိရသည်။
Ref:thevoicemyanmar
Popular Posts
-
အဲ! အပျင်းပြေ ရယ်စရာလေးတွေ 18+ လုံခြုံရေးအရ စစ်ဆေးရတာပါ! ယောကျာင်္းလေးတွေများ ဘယ်လောက်ဝါဿနာပါကျလဲတော့မသိပါဘူး!
-
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အလယ်အလတ်တန်းစား ပြည်သူများအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း တန်ဖိုးနည်းအိမ်ရာများဆောက်လုပ်ရေ...
-
အုပ်စုဖွဲ့ မုဒိန်းမှုကြောင့် အိန္ဒိယအနှံ့ ဆန္ဒပြပွဲများ အရှိန်ပြင်း၊ ရဲတစ်ဦးသေဆုံး နယူးဒေလီ၊ ဒီဇင်ဘာ ၂၇ အသက် ၂၃ နှစ်အရွယ် ကျောင်းသူ တစ်ဦးကို ...
-
October 04, 2011 ...
-
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရတနာနှင်းဆီ ၁၈ထပ်ပါ အဆင့်မြင့်အိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း ၁,၃၈ဝ ကိုေ...
-
သဲသဲထွေး အတွဲ ၂၆ ၊ အမှတ် ၅၁၅ (၂၉၊၄ - ၅၊၅ ၊ ၂၀၁၁) မြန်မာနိုင်ငံတွင် အဖြစ်များသည့်ရောဂါ များတွင် လည်ချောင်းကင်ဆာသည် နံပါတ်(၂)နေရာတွင် ရောက်ရှိ...
-
ရန်ကုန်၊ မတ် ၁၆- အစာအိမ်ရောဂါပိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ျွှံဥ) က အသည်း ရောင်အသားဝါဘီပိုး၊ စီပိုး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးတို့ကဲ့သို့ ကင်ဆာ...
-
Sat, Apr 7, 2012 at 3:58 AM ရေနွေးနဲ့ ရေချိုးရင်လည်း BP တက်နိုင်တော့ ရှောင်ခိုင်းတာကို နားလည်ပေမယ့် သွေးဖိအား ကျစေမှာကိုလည်းရှောင် ဆိုတာကို...
-
We make tools Your make do! တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် အမှတ်စာရင်း ထုတ်ယူနေကြသူများကို တွေ့ရစဉ် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အချို့...
-
Are Singaporean girlfriends bullies?
Saturday, 17 September 2011
Subscribe to:
Post Comments (Atom)
No comments:
Post a Comment