Popular Posts

Thursday 29 September 2011

ကားသွင့်ခွင့်ပါမစ်နောက်ဆင်တွဲ(၄)

သက်တမ်းရင့် ကားဟောင်းများ အစားထိုး ဝယ်ယူ လိုသူများ အွန်လိုင်းမှ တစ်ဆင့် ကြည့်ရှုဝယ်ယူ နိုင်ပြီး မြန်မာ နိုင်ငံ အရောင် တင်သွင်း ပေးမည်

သက်တမ်းရင့် ကားဟောင်းများ အစားထိုး ဝယ်ယူ လိုသူများ အွန်လိုင်းမှ တစ်ဆင့် ကြည့်ရှုဝယ်ယူ နိုင်ပြီး မြန်မာ နိုင်ငံ အရောင် တင်သွင်း ပေးမည်


ပြည်ပ နိုင်ငံများရှိ အွန်လိုင်း ၀က်ဘ်ဆိုက် များတွင် ရောင်းချပေး လျက်ရှိသော မော်တော်ယာဉ် အသစ် များ၊ တစ်ပတ်ရစ် များအား အွန်လိုင်း တွင် စိတ်ကြိုက်ကြည့်ရှု ရွေးချယ်ဝယ် ယူနိုင်မည်ဖြစ်ကြောင်း ယင်းအား ၀န် ဆောင်မှု ပေးလျက်ရှိသော DE FAMILYအွန်လိုင်းစတိုးမှ သိရသည်။
ယာဉ်သက် တမ်းကြာမြင့်သော ယာဉ်များ အားအပ်နှံကာ ပြည်ပနိုင်ငံ များမှ ၁၉၉၅ နှင့်အထက် မော်ဒယ်လ် မော်တော်ယာဉ် အသစ်များတင်သွင်း ခွင့်အား စက်တင်ဘာ ၁၉ ရက်မှစတင် ဆောင်ရွက် ပေးလျက်ရှိပြီး ယင်းသို့ လုပ်ဆောင် ရာတွင် အချိန်မပေးနိုင် သော သူများအတွက် ကားဟောင်းအပ် နှံသည့် အချိန်မှစတင်ကာ မော်တော် ယာဉ် အသစ်ရောက်ရှိချိန် နံပါတ်ထွက် ရှိသည့် အချိန်အထိ ၀န်ဆောင်မှုပေး လျက် ရှိကြောင်း DE FAMILYအွန်လိုင်း စတိုးမှ CEO ကို Lဒေးရောင်ကပြော သည်။ “အလုပ် စအပ်တဲ့နေ့မှာ စရံငွေ တစ်သိန်းကား ပိုင်ရှင်ကပေးရပါမယ်။ အဲဒိက မှစပြီး ကားနဲ့ပတ်သက်တဲ့ စာရွက် စာတမ်းတွေစုမယ်။ ပြီးရင် က.ည.နမှာ ကားသွား အပ်မယ်။ ကားတင် သွင်းခွင့် ပါမစ် ရဖို့အတွက် စပြီး ဆောင်ရွက်ပေးမယ်။ ပါမစ်ကျ လာပြီဆိုရင် ပြည်ပက မော်တော် ယာဉ် တွေကို အွန်လိုင်း ကတစ်ဆင့်ကြည့်ရှုပြီး မိမိနှစ် သက်တဲ့ ဒေါ်လာ ၃,၅၀၀ တန်ဖိုး အောက်ကား တွေကို စိတ်ကြိုက်ရွေး ၀ယ်ယူ နိုင်အောင် ၀န်ဆောင်မှု ပေးပါ တယ်။ အွန်လိုင်း မှာ စပြီးကားမှာယူ တဲ့နေ့မှာ ကားဖိုး ငွေကို အွန်နီ (Earning) ပြည်ပပို့ကုန် ရငွေတန်ဖိုး လက်ရှိ ပေါက်ဈေး နဲ့ တွက်ချက်ပေး ချေရမှာ ဖြစ်ပါတယ်။ ကားဝက်ဘ် ဆိုက်ကတော့ www.tradecarview.com ကရှာပေးပါ တယ်။ တခြား ၀က်ဘ်ဆိုက် တွေက ၀ယ် ချင်ရင် လည်းရပါတယ်။ ဒီက ဆိပ်ကမ်း ရောက်တဲ့ အထိ ဘယ်လောက်ကျသင့် မယ်ဆို တာတွေကိုလည်း တွက်ချက် ပေး ပါတယ်။ ကားတန်ဖိုး ကိုလည်း ဈေးထပ် ဆစ် လို့ရရင် ဆစ်ပေးပါတယ်။ တချို့ကား တွေ ကျတော့ လျှော့ပေး သလိုတချို့ကျ တော့လည်း ကပ်ထားတဲ့ ဈေးထက် ထပ်မ လျှော့ တာလည်းရှိတယ်။ ဒါကတော့ ကားပေါ်မှာ မူတည်ပါတယ်”ဟု ကို Lဒေး ရောင်က ဆက်ရှင်းပြသည်။
ကားစတင် အပ်နှံသည့်အချိန်မှ ကားသစ်ရရှိသည့် အချိန်အထိ ၀န်ဆောင် မှုပေးပြီး ၀န်ဆောင် ခမှာကျပ်ငွေ ၁၀ သိန်း ပေးချေရမည်ဖြစ်ကြောင်း၊ ကား အသစ်၏ တန်ဖိုးငွေ၊ သင်္ဘောတင် ဆောင်ခ နှင့် သက်ဆိုင်ရာ ဌာနအလိုက် ပေးသွင်းရမယ့် အခွန် အခများကို ပိုင်ရှင် မှ ပေးသွင်းရပြီး အခြား ကိစ္စရပ်များ အတွက် ကုန်ကျစရိတ် ကိုမူ ၀န်ဆောင်ခ ငွေထဲတွင် တစ်ပါ တည်းပါရှိသောကြောင့် ယာဉ် ပိုင်ရှင်မှ ပေးဆောင်ရန် မလိုအပ် ဟု ကိုLဒေးရောင်က ရှင်းပြသည်။
“အားလုံး ပေါင်းဝန်ဆောင်ခက မြန်မာငွေကျပ် ၁၀ သိန်းပဲ ကုန် ကျမှာပါ။ ကျွန်တော်တို့ဆီကို ကားဟောင်း ရယ်၊ ကားနဲ့ပတ်သက်တဲ့ စာရွက်စာတမ်း အပြည့်အစုံ ပဲလာအပ်ထားရုံပါ။ ကားသစ် ဒီကို ရောက်တဲ့ အထိကို ၀န်ဆောင်မှုပေး မှာပါ။ ကျွန်တော်တို့ ကုမ္ပဏီတစ်ခုတည်း က လုပ်တာ မဟုတ်ပါဘူး။ Export Earning ရှိတဲ့တခြား ကျွန်တော်တို့ရဲ့ ညီနောင် ကုမ္ပဏီနှစ်ခုလည်းပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံခြား ကုန်သွယ် မှုဘဏ်မှာလည်း အကောင့် ရှိပါတယ်။ Myanmar National Service ကုမ္ပဏီ လီမီတက်နဲ့ Myanmar Yoshida Trading ကုမ္ပဏီနှစ်ခု အပါအ၀င် ကုမ္ပဏီသုံး ခုပါ။ နောက်တစ်ခု ကတော့ လိုင်စင် လျှောက် ထားပါတယ်။ သုံးခု ပူးပေါင်းပြီး ၀န်ဆောင်မှု ပေးတာပါ။ အကယ်၍ ယာဉ် ပိုင်ရှင် ဘက်က ယုံကြည်မှုအရ ကုမ္ပဏီ က MD တွေနဲ့တိုက်ရိုက် စာချုပ်ချုပ် မယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်က လုပ်ပေး ပါတယ်”ဟု ပြောပြသည်။
သက်တမ်းရင့် ကားအိုကားဟောင်း များလဲလှယ်ရာတွင် သက်တမ်းနှစ် ၄၀ ကျော် အတွင်းပါဝင် သောကားများ အား စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ လ အတွင်းလည်းကောင်း၊ သက်တမ်းနှစ် ၃၀ မှ ၄၀ ကြား ကားများအား နိုဝင်ဘာ လမှ ဒီဇင်ဘာ လတွင်လည်းကောင်း၊ သက် တမ်းနှစ် ၂၀ မှ ၃၀ ကြား ကားများအား ၂၀၁၂ခုနှစ် ဇန်န၀ါရီလမှ မတ်လ အတွင်း လည်းကောင်းလဲလှယ် ပေးသွားမည် ဖြစ်ကြောင်း ကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တရားဝင်ထုတ် ပြန်ကြေညာ ထားကြောင်း သိရသည်။
ယင်းသို့ လဲလှယ်ရာတွင် မော် တော်ယာဉ်အသစ် မှာယူတင်သွင်းသူ ထက် မော်တော် ယာဉ်အဟောင်းများ အား လာရောက် ရောင်းချသည့်သူများ သာ များပြားကြောင်း သိရသည်။
“ကားဟောင်း ရှိတဲ့ယာဉ်ပိုင်ရှင် တော်တော်များများ က အသစ်ထပ် ၀ယ်ဖို့အတွက် လုံလောက် တဲ့ငွေမရှိတဲ့ သူတွေ ရှိတယ်။ နောက်ပြီး ထပ်ပေး ဆောင်ရမယ့် အခွန်တွေ ကိုလည်း မတတ်နိုင်တော့ ကား အဟောင်း ကို လာရောင်းလာကြတဲ့သူ တွေကများ တယ်။ လက်ရှိမှာလေးဘီး တစ်စီးကို ကျပ်သိန်း ၈၀ ကျော်လောက် ပေါက် ဈေးရှိတော့ ရောင်းတဲ့သူ ကများတယ်။ ကျွန်တော်တို့ အနေနဲ့ လာရောင်းတဲ့ ကားတွေကို ၀ယ်နိုင်ရင် ၀ယ်ထား လိုက် တယ်။ မ၀ယ်နိုင် ရင်လည်း တခြားဝယ် ချင်တဲ့သူ၊ ကားအသစ် သွင်းချင်တဲ့ သူနဲ့ ချိတ် ပေးတယ်။ ဒီလိုမျိုး လည်း လုပ်ပေး ရတာ တွေရှိတယ်”ဟု ကိုLဒေးရောင်က ဖြည့်စွက် ပြောပြသည်။
ကားဟောင်း အပ်နှံပြီး ကားသစ် တင်သွင်းရာတွင် Saloon, Van, Station Wagon စတဲ့အိမ်သုံးယာဉ် အမျိုးအစား တွေအတွက် အင်ဂျင်ပါဝါ ၂၀၀၀ ခခ နှင့် အထက်ကို အကောက် အခွန် ရာခိုင်နှုန်း ၄၀နှင့် ကုန်သွယ်လုပ် ငန်းခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံ သွား မည်ဖြစ်ပြီး အိမ်သုံး ယာဉ်အမျိုးအစား များထဲတွင် အင်ဂျင်ပါဝါ ၂၀၀၀ ခခ အောက်ယာဉ်များ အား အကောက် အခွန် ရာခိုင်နှုန်း ၃၀ နှင့် ကုန်သွယ် လုပ် ငန်းခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံသွား မည်ဟု သိရသည်။

သူရ

 သက်တမ်းရင့် မော်တော်ယာဉ်များ အပ်နှံ၍ အစားထိုး တင်သွင်းရန် သွင်းကုန် ပါမစ် စိစစ် လျှောက်ထားရာတွင် စိစစ် ခွင့်ပြု ထုတ်ပေးပုံ အဆင့်ဆင့်

၁။ လာရောက်လျှောက်ထားသူ သည် ပထမဆုံး မှတ်ပုံတင်ဌာန တွင် မှတ်ပုံတင် စာရင်းရေးသွင်းပြီး application လျှောက်လွှာဖြည့် သွင်းရပါမည်။
၂။ မှတ်ပုံတင်ပြီးပါက ကညန၊ MFTB / MICB အကောက်ခွန်၊ ကုန် သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့ပါ ၀င်သည့် one stop services အဖွဲ့ကိုယ်စားလှယ်အရာရှိများမှ လက်ခံစိစစ်ပါမည်။
၃။ one stop services အဖွဲ့မှ စိစစ် ပြီးပါက ဒုတိယညွှန်ကြားရေး မှူးမှ တစ်ဆင့် ညွှန်ကြားရေး မှူးထံ တင်ပြ အတည်ပြုချက် ရယူပါမည်။
၎။ ညွှန်ကြားရေးမှူး အတည်ပြု ပြီးပါက ပါမစ်ကြေး ပေးသွင်းစေပြီး ပါမစ် ထုတ်၍ ညွှန်ကြားရေးမှူး ချုပ်ကိုယ် စား ညွှန်ကြားရေးမှူးမှ လက်မှတ် ရေးထိုးပြီး ကာယ ကံရှင်သို့ထုတ် ပေးပါမည်။
၅။ ဖျက်သိမ်း၊ အပ်နှံသည့် အစား ထိုးယာဉ် တစ်စီးချင်း အတွက် မူလ အမည်ပေါက် ယာဉ်ပိုင်ရှင် အမည်ဖြင့် ပါမစ် တစ်စောင်စီ ထုတ်ပေးပါမည်။
Ref:themyanmarpost

No comments:

Post a Comment