Popular Posts

Saturday 7 May 2011

ဘင်လာဒင်ကို အသေဖမ်းဆီး ရမိပြီ

(စီအင်န်အင်န်) ကိုကို ဘာသာပြန်သည်။
      အတွဲ ၂၆ ၊  အမှတ် ၅၁၆   (၆ - ၁၂ ၊ ၅ ၊ ၂၀၁၁)
ကမ္ဘာပေါ်တွင် နာမည်ဆိုးဖြင့် အကျော်ကြားဆုံးအကြမ်းဖက် ခေါင်းဆောင် တစ်ဦးအား ဖမ်းဆီးရေး၊သို့မဟုတ် အပြတ်ရှင်းပစ်ရေး အတွက်အမေရိကန် ရဟတ်ယာဉ်တပ်ဖွဲ့တစ်စုသည် ညဥ့်အမှောင်ထု တွင် မြင့်မားသော အုတ်တံတိုင်းကြီးများ ကာရံထားသည့် ခြံဝင်းကြီး တစ်ခုဆီသို့ချဉ်းကပ်ပျံသန်းသွားခဲ့ကြသည်။
နောက် မိနစ်        ၄၀ ခန့်အတွင်းမှာပင် ခြံဝင်းအတွင်းမှ အိုစမာဘင်လာဒင် နှင့် အခြားသူ လေးဦးတို့ သေဆုံးသွားရာ အမေရိကန်တို့သည် အယ်လ်ကေဒါ        ခေါင်းဆောင်၏ ရုပ်အလောင်းကို ယူဆောင်ကာ        ခြံဝင်းမှ ပြန်လည်ထွက်ခွာသွားကြသည်။
၂၀၀၁        ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က        မိမိတို့ မြေပေါ်တွင် အကြမ်းဖက် တိုက်ခိုက်ခံခဲ့        ရချိန်မှစ၍ အမေရိကန်တို့ ချမှတ်ထားခဲ့        သော အဓိဋ္ဌာန်ကို ၁၀ နှစ်ကျော်ကြာမှ အောင်မြင်စွာ အကောင် အထည်ဖော် လုပ်ဆောင်နိုင်ခဲ့ကြ        လေတော့သည်။       

အမေရိကန်သမ္မတ ဘာရက်အိုဘားမားက        ထိုအောင်မြင်သော စစ်ဆင်ရေးအကြောင်းကို        ပြီးခဲ့သည့် တနင်္ဂနွေညတွင် ထုတ်ဖော်ကြေညာခဲ့သည်။
ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလမ္မာဘတ်        ၏မြောက်ဘက် ၆၂ မိုင်အကွာတွင် အိုစမာ ဘင်လာဒင် ပုန်းအောင်းရန်အတွက် လွန်ခဲ့သော        ငါးနှစ်ခန့်က တည်ဆောက်ခဲ့သည်ဟု ယုံကြည်ရသော ထိုအိမ်ကြီးနှင့် ခြံဝင်းကြီးအကြောင်းကို        'ကန်'အစိုးရအထက်တန်းအရာရှိတို့က စီအင်န်        အင်န်ရုပ်သံဌာနကို ပြောပြခဲ့ကြသည်။
နှစ်ပေါင်းများစွာ စုဆောင်းရရှိခဲ့သော        ထောက်လှမ်းရေး သတင်းအချက်အလက်များနှင့်        သီးခြား အထူးသဲလွန်စများကိုလိုက်ရင်း ချမ်းသာ        ကြွယ်ဝသူများသာနေထိုင်သော အဘော့တာ        ဘတ်မြို့ရှိ ခြံဝင်းကြီးနှင့် အိုစမာဘင်လာဒင်ရှိရာ        ဆီသို့ ဆက်သွယ်နေသည့် ဆက်သားတစ်ဦးကို        ခြေရာခံကာ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။
စတင်တည်ဆောက်စဉ်က ထိုခြံဝင်းကြီးသည် တသီးတခြားရှိနေပြီး သွားရာလမ်းကလည်း ဆိုးသည်။ နောက်ပိုင်းတွင် ထိုခြံကြီးအနီး
      တစ်ဝိုက် နောက်ထပ် နေအိမ်များ တိုးဆောက်လာကြသော်လည်း ထိုခြံကြီးလောက် ဘယ်အိမ်မျှ ကြီးမားခြင်းမရှိချေ။

        အပြင်တံတိုင်းသည် ၁၈ ပေမြင့်ပြီး ထိပ်တွင်သံဆူးကြိုးများဖြင့် ကာရံထားသည်။ လုံခြုံရေးဂိတ်နှစ်ခုရှိပြီး အတွင်း တံတိုင်း အဆင့်ဆင့်
      ဖြင့် ကာရံထားသည်။
ပင်မအဆောက်အအုံမှာ သုံးထပ်တိုက်ဖြစ်ပြီး        ပြတင်းပေါက် အနည်းငယ်သာရှိသည်။ တတိယထပ်တွင် သီးခြား      တံတိုင်းတစ်ခုလည်း ကာထားသေးသည်။ ဒေါ်လာတစ်သန်းခန့်တန်မည်ဟု ခန့်မှန်းရပြီး တယ်လီဖုန်းနှင့် အင်တာနက်များ တပ်ဆင်ထားခြင်း လုံးဝမရှိချေ။
အခြားအိမ်များက အမှိုက်ကို အမှိုက်ကားသယ်ယူရန်        အပြင်တွင် ပစ်ကြသော်လည်း ထိုခြံဝင်းက အမှိုက်များကိုခြံထဲမှာပင်
        မီးရှို့ပစ်သည်။ စစ်ဆင်ရေးကို လူအနည်းငယ်ဖြင့်သာ လုပ်ဆောင်ခဲ့      ခြင်းဖြစ်သည်။
မျက်နှာချင်းဆိုင်တွေ့ကြသောအခါ ဘင်လာဒင်နှင့်        အခြားလူသုံးဦးက ခုခံသဖြင့် တိုက်ပွဲ ဖြစ်ပွားသည်။ တိုက်ပွဲအပြီးတွင်
        ဘင်လာဒင်နှင့် အခြား လူသုံးဦး၊ သူတို့က လူသားအကာအကွယ်        အဖြစ် အသုံးပြုသွားသော အမျိုးသမီးတစ်ဦးအပါအ၀င် အားလုံး
      သေဆုံးသွားသည်။ ဘင်လာဒင်၏ ဦးခေါင်းကို ကျည်ဆန် ထိမှန် သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

        စစ်ဆင်ရေးတွင် 'ကန်' ရဟတ်ယာဉ် တစ်စင်း စက်ချို့ယွင်း၍ ပျက်ကျသွားသည်။ အဖွဲ့ထွက်ခွာသွားစဉ် ထိုရဟတ်ယာဉ်ကို
        ဖောက်ခွဲဖျက်ဆီးပစ်ခဲ့သည်။ 'ကန်'တို့ဘက်မှ တစ်ဦးတစ်ယောက်မျှ      ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဟုဆိုသည်။ 
အသေးစိတ် ထုတ်ဖော်မပြောပြသော်လည်း စစ်ဆင်ရေးကို US  Navy  SEALS အထူးတပ်မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
        အလောင်းကို Facial Imaging  (မျက်နှာပုံရိပ်ဖော်ခြင်း) နည်းပညာ အပါအ၀င် အခြားနည်းမျိုးစုံဖြင့် လုပ်ဆောင်ပြီး နောက်မှ အိုစမာ
      ဘင်လာဒင်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
ဘင်လာဒင်၏        ရုပ်အလောင်းကို အစ္စလာမ်ဘာသာ ထုံးတမ်းစဉ်လာနှင့်အညီ        လုပ်ဆောင်ပေးခဲ့ပြီး ပင်လယ်ပြင်တစ်နေရာတွင် သင်္ဂြိုဟ်လိုက်သည်ဟု      ဆိုသည်။

'ကန်'အစိုးရ အထက်တန်းအရာရှိများက ရရှိသော ထောက်လှမ်းရေး သတင်းအချက်အလက်များအရ ၂၀၁၁ ခုနှစ် နှစ်ဦးစောစောပိုင်း
      ကတည်းက ပါကစ္စတန်နိုင်ငံအတွင်း ထိုခြံဝင်းကြီးထဲ၌ အိုစမာဘင်လာဒင်ရှိနိုင်သည်ဟု ယူဆထားခဲ့သည်။
ဖေဖော်ဝါရီလလယ်လောက်        ရောက်သောအခါ ရရှိသော အထောက်အထားများမှာ အတော်ပင်        ခိုင်မာလာပြီဖြစ်ရာ အိုစမာဘင်လာဒင် ရှိသည့်နေရာကို အတိအကျ      သိရလျှင် အရေးယူဆောင်ရွက်မည်ဟု သမ္မတအိုဘားမားဆုံးဖြတ်ထားခဲ့သည့်အတိုင်း စတင် လုပ်ဆောင်ရန် စဉ်းစားခဲ့ကြသည်။
        မတ်လလယ်မှ ဧပြီလနှောင်းပိုင်းအထိ ပြုလုပ်ခဲ့သော အမျိုးသား        လုံခြုံရေး ကောင်စီအစည်းအဝေး ငါးခုစလုံးကို သမ္မတအိုဘားမား
      ကိုယ်တိုင် အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
        နောက်ဆုံးအစည်းအဝေး နှစ်ခုကို ဧပြီလ ၁၉ ရက်နှင့် ၂၈ ရက်တို့တွင်        လုပ်ခဲ့ခြင်းဖြစ်သည်။ နောက်တစ်နေ့ဖြစ်သော သောကြာ နေ့တွင်      သမ္မတအိုဘားမားက အထူးတာဝန်ကို အမိန့်ပေးခဲ့သည်။
        ဘင်လာဒင်ယုံကြည်သော ဆက်သား အနည်းငယ်အနက် တစ်ဦးကို        နောက်ယောင်ခံရာမှ သိလာရခြင်းဖြစ်သည်။ ထိုဆက်သားနှင့် သူ၏        ညီတို့ နေထိုင်သော နေရာကို လွန်ခဲ့သောနှစ်နှစ်ကပင် သိထားခဲ့သော်        လည်း လွန်ခဲ့သောနှစ် ဩဂုတ်လအတွင်းကျမှသာ အဘော့တာဘတ်        မြို့မှ ထိုခြံကြီးကို သိရှိလာခဲ့ခြင်းဖြစ်သည်။ ထိုဆက်သားရော၊ သူ့ညီပါ        ဤမျှတန်ဖိုးကြီးသောခြံဝင်းကြီးကို ပိုင်ဆိုင်လောက်အောင် ဥစ္စာ      ရင်းမြစ်ရှိနိုင်သူမဟုတ်ရကား အထူးပုဂ္ဂိုလ်တစ်ဦးဦးအား ကွယ်ဝှက်ထားရန် ရည်ရွယ်၍ စိတ်တိုင်းကျ ဆောက်ထားသောအိမ်ကြီး ဖြစ်သည်မှာ သိသာနေသည်။

        အိုဘားမားအစိုးရသည် ဘင်လာဒင်နှင့်ပတ်သက်၍ ရရှိသော        ထောက်လှမ်းရေးအချက်အလက်များကို (ပါကစ္စတန်အပါအ၀င်)
မည်သည့်နိုင်ငံကိုမျှ အသိပေးမျှဝေခဲ့ခြင်းမရှိဟု ဆိုသည်။ အိုဘားမား        အစိုးရအဖွဲ့အတွင်းမှာပင် ဤစစ်ဆင်ရေးကို ကြိုတင်သိရှိသူမှာ အနည်းငယ်သာရှိသည်ဟု သိရှိရသည်။

See Video-
http://www.youtube.com/watch?feature=player_detailpage&v=3Q6JY1_h1Uo

Ref:myanmartimenews

No comments:

Post a Comment