Popular Posts

Tuesday 28 February 2012

လစဉ်သွင်းငွေ ကျပ်ငါးသောင်းတန် အိမ်ခန်းများ ပါဝင်သည့် အခန်း ၆၀၀၀၀ ရှိ စင်ကာပူစတိုင် အိမ်ရာစီမံကိန်းကြီး တည်ဆောက်ရန် အဆိုပြုထား


လူဦးရေသိပ်သည်းလာမှု ဖြေရှင်းနိုင်ရန် လစဉ်သွင်းငွေ ကျပ်ငါးသောင်းဖြင့် အိမ်တစ်ခန်း ရရှိစေနိုင်မည့် အခန်းပေါင်း ၆၀၀၀၀ရှိ ဧက ၂၀၀ကျော် ကျယ်ဝန်းသော စင်ကာပူစတိုင် အဆင့်မြင့်အိမ်ရာ စီမံကိန်းကြီးတစ်ခုကို ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုက စတင်လုပ်ဆောင်နိုင်ရန် အဆိုပြုထားပြီးဖြစ်ကြောင်း ၈-၂-၂၀၁၂ရက်က သိရသည်။
စင်ကာပူစတိုင် အဆင့်မြင့်အိမ်ရာစီမံကိန်းကြီးတွင် အထပ်မြင့်အိမ်ရာကြီးများ၊ ခြောက်ထပ်ဝန်းကျင် တိုက်ခန်းများနှင့် အခြားသော အိမ်ရာစီမံကိန်းများ ပါဝင်မည်ဟု သိရသည်။ အဆိုပါ အိမ်ရာစီမံကိန်းကြီးတွင် လစဉ်သွင်းငွေ ကျပ် ငါးသောင်းဖြင့် ငါးနှစ်စာတိုက်ခန်းများ၊ လစဉ်သွင်းငွေ ကျပ်တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း စသည်ဖြင့် ငါးနှစ်အရစ်ကျသွင်းသည့် တိုက်ခန်းများလည်း ပါဝင်ကြောင်းသိရကာ အဆင့်မြင့်အိမ်ရာအတွက် တစ်လကို ကျပ်သိန်း ၂၀ သွင်းပြီး ငါးနှစ်ဆပ်ရမည့်ပုံစံများ ပါဝင်ကြောင်း သိရသည်။ “ဒီစီမံကိန်းအတွက် သက်ဆိုင်ရာကို တင်ပြထားပါတယ်။ ဒီလထဲမှာ အဖြေကိုသိရပါမယ်။ စီမံကိန်းကို လုပ်ခွင့်ရခဲ့ရင် နှစ်ကုန်ပိုင်းမှာ စတင်ပါမယ်”ဟု တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီက ဥက္ကဌ ဦးကိုကိုထွေးက ပြောကြားသည်။
“ဒီစီမံကိန်းထဲမှာ စာသင်ကျောင်းတွေ၊စားသောက်ဆိုင်တွေ၊ ထမင်းချက်တဲ့ စက်ရုံတွေနဲ့ ရပ်ကွက်ကြီးတစ်ခု၊ ဒါမှမဟုတ် မြို့နယ် တစ်ခုပုံစံမျိုးလုပ်သွားမှာ၊ စီမံကိန်းကာလက သုံးနှစ်ကြာမယ်။ မုဒိတာ ၃ လို့ အမည်ပေးလို့ရတယ်”ဟု ၄င်းက ဆက်လက်ပြောကြားသည်။ ဒီအထဲမှာနေမဲ့သူတွေက အရက်သေစာ သောက်စားမူးယစ်ပြီး ဖြစ်သလိုနေထိုင်မဲ့သူတွေ မပါစေချင်ဘူး။ဒီစီမံကိန်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနိုင်ရမယ်။ အကုန်လုံး အရစ်ကျနဲ့သွားမှာ၊ အရင် Down Payment တွေက ၂၀ရာခိုင်နှုန်းပေးချေထားရမယ်။ ပြီးမှ အရစ်ကျသွားမှာ။ ကမ္ဘောဇဘဏ်က အဓိကကျောထောက်နောက်ခံ ယူပေးထားတယ်။ ၂၀ ရာခိုင်နှုန်းက အပြောင်းအလဲတော့ရှိသွားနိုင်တယ် ဟုဆက်လက်ပြောကြားသည်။
လစဉ်ငွေ ကျပ်ငါးသောင်းတန်က Hall Type ပုံစံနဲ့ စတုရန်းပေ ၂၂၀ လောက်ရှိမယ်။ ကျပ်ငါးသောင်း၊ တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း တိုက်ခန်းအရေအတွက်က ပိုများမယ်။ အဆင့်မြင့် အိမ်ရာက နည်းမယ်။ ကျပ်တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်းတွေကတော့ အိပါခန်းနှစ်ခန်းပါမယ်။ စင်ကာပူစတိုင် အိမ်ရာဆိုပြီး ပြီးစလွယ်လုပ်မယ့် ပုံစံမျိုးသွားလို့မရဘူး။ တကယ့်ကို အဆင့်မြင့်အိမ်ရာတွေနဲ့ သီးသန့်မြို့တစ်မြို့ပုံစံသွားမှာဟု ဦးကိုကိုထွေးကပြောကြားသည်။
မြေနေရာကတော့ ရန်ကုန်မြို့ရဲ့ မြောက်ပိုင်းဧရိယာထဲမှာပဲ မှတ်ထားစေချင်တယ်။ နေရာ အတိအကျမပြောချင်သေးဘူး။ ဒီအတွက် ဝန်ကြီးဌာနကို တင်ပြထားတယ်။ စင်ကာပူစတိုင်ဆုပေမဲ့ မြန်မာတွေပဲ ဆွဲတဲ့ အဆင့်မီစင်ကာပူစတိုင် အိမ်ရာစီမံကိန်းဖြစ်မှာပါ ဟု၎င်းက ဆက်လက်ပြောကြားသည်။ ၄င်း၏ စီမံကိန်းအရ အခန်းပေါင်း ၆၀၀၀၀ အထိ ပိုမိုတိုးပွားလာမည်ဖြစ်ပြီး အခြေခံလူတန်းစားအတွက် ရည်ရွယ်သော လစဉ်သွင်းငွေ ကျပ်ငါးသောင်း တန်အိမ်မှာ ငါးနှစ်အရစ်ကျအတွက် အိမ်တန်ကြေး ကျပ်သိန်း၃၀ နှင့် ဘဏ်တိုးငွေ ကျပ်သုံးသိန်းခွဲဝန်းကျင် ကျသင့်မည်ဖြစ်ကြောင်း သိရကာ နိုင်ငံတော်ပိုင်းက ပိုမိုအားပေး ပါဝင်စေလိုကြောင်း ၄င်းကပြောကြားသည်။
Ref : Pyi Myanmar

No comments:

Post a Comment