Popular Posts

Wednesday 1 February 2012

ပြည်တွင်းထွက် ရွှေရောင် ပုလဲ မှာ Black Jade ပုလဲထက် ဈေးကောင်း ပိုမို ရရှိ

ပြည်တွင်းက ထွက်ရှိတဲ့ ရွှေရောင် ပုလဲဟာ ကမ္ဘာပေါ်မှာ ဈေးကောင်း အမြင့်ဆုံး ရရှိနေပြီး အများသိတဲ့ ဘလက်ဂျိတ် ပုလဲထက်ပင် ဈေးကောင်း ပိုမို ရရှိနေတယ်လို့ သတ္တုတွင်း ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းထိုက်ရဲ့ ပြော ကြားချက် အရ သိရပါတယ်။

ပြည်တွင်းမှာ ရှိတဲ့ ကုန်သည်တွေဟာ ဘလက်ဂျိတ် ပုလဲကို ဈေးကောင်း အရဆုံး အဖြစ် ထင်မှတ်ကြပေမယ့် ပြည်တွင်းမှာ ရှိတဲ့ ကျောက် မျက် နဲ့ ပုလဲ တာဝန်ရှိသူတွေနဲ့ ဂျပန် နိုင်ငံမှာ ရှိတဲ့ ကမ္ဘာ့ နိုင် ငံတွေနဲ့ ပုလဲရောင်းဝယ်မှု ချိတ်ဆက် လုပ်ကိုင်နေကြတဲ့ လုပ် ငန်းရှင်တွေနဲ့ တွေ့ဆုံမှု အရ ရွှေရောင် ပုလဲဟာ အကောင်း ဆုံး ဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဂျပန် နိုင်ငံမှ ကုန်သည်တွေရဲ့ ပြောကြားမှု အရ ပြည် တွင်းရဲ့ တောင်ပင်လယ် ပုလဲ ရွှေရောင်ပုလဲဟာ ကမ္ဘာပေါ်မှာ ထွက်ရှိတဲ့ ပုလဲ အားလုံးထက် အရည်အသွေး အကောင်းမွန် ဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ ပုလဲကို မြိတ် နဲ့ ကော့သောင်းကြား အထူးသဖြင့် မြိတ်နဲ့ ဘုတ်ပြင်း ကြားမှာ ရှိတဲ့ ပုလဲကျွန်းကနေ ထွက်ရှိတာ ဖြစ်ပါတယ်။ ဒီလို ထွက်ရှိ လာတဲ့ ပုလဲတွေကိုလည်း ကမ္ဘာ့နိုင်ငံမှ ကုန်သည်တွေက အကြိုက်များပြီး နိုင်ငံတ ကာ ဈေးကွက်မှာ ဈေးကောင်း ရရှိနေတယ်လို့ သတင်းရရှိပါတယ်။

Updated : 27 Dec, 2011-MRTV4

No comments:

Post a Comment