Popular Posts

Wednesday, 1 February 2012

အရစ်ကျ ရောင်းချမည့် မုဒိတာ တန်ဖိုးနည်း အဆင့်မြင့် အိမ်ယာ စီမံကိန်း(၂)

Updated : 15 Aug, 2011
တော်ဝင်မိသားစု ကုမ္ပဏီမှ ဒုတိယမြောက် မုဒိတာ တန်ဖိုးနည်း အဆင့်မြင့် အိမ်ယာ စီမံကိန်း (၂)ကို ကံစမ်းမဲ စနစ်နဲ့ အရစ်ကျ ရောင်းချ သွားမှာ ဖြစ်ကြောင်း သိရသည်။ အဆိုပါ မုဒိတာ တန်ဖိုးနည်း အိမ်ယာ (၂)ကို ၀ယ်ယူသူ အနေနှင့် လျှောက်လွှာကိုတော်ဝင် စင်တာ(၅)လွှာမှာ ရယူနိုင်ပြီး လျှောက်လွှာကို စပေါ်ငွေ (၁)သိန်းကျပ် သွင်းမည်ဖြစ်သည်။ စပေါ်ငွေ (၁)သိန်း ကျပ်နဲ့ ပေးသွင်းပြီး လျှောက်လွှာကို ကံစမ်းမ စနစ်နဲ့ ရွေးချယ် ရောင်းချမှာ ဖြစ်ပြီး ရွေးချယ် မခံရသူ အနေနှင့် ငွေကျပ်(၁)သိန်းကို ပြန်လည် ထုတ်ယူနိုင်သည်။


အဆိုပါ မုဒိတာ တန်ဖိုးနည်း အဆင့်မြင့် အိမ်ယာ (၂)မှာ မြေညီထပ်ကို ငွေကျပ် (၁၆၅)သိန်းနဲ့ ရောင်းချမှာ ဖြစ်ပြီး ပထမထပ်ကို ငွေကျပ်သိန်း (၁၄၀)၊ ဒုတိယထပ်နှင့် ကျန်အလွှာများကို ငွေကျပ်(၁၂၈) သိန်းနဲ့ ရောင်းချမှာ ဖြစ်ကြောင်း သိရသည်။ အဆိုပါ အိမ်ယာမှာ တိုက်အခန်းပေါင်း (၁၆၀၀)ပါဝင်ပြီး အကျယ်အ၀န်းမှာ (၆၅၀) စတုရန်းပေ (၁၅)ပေ၊ ပေ(၄၀) ရှိတယ်လို့ သိရသည်။

Master Bathroom တစ်ခန်း ရိုးရိုးအိပ်ခန်း တစ်ခန်း ပါဝင်သည်။ မုဒိတာ တန်ဖိုးနည်း အဆင့်မြင့် အိမ်ယာများကို တစ်နှစ်ကို တိုက်ခန်းပေါင်း (၃၀၀၀)မှ (၅၀၀၀) ကြား တည်ဆောက် သွားရန် စီစဉ်ဆောင်ရွက် ထားကြောင်း သိရသည်။ အဆိုပါ မုဒိတာ တန်ဖိုးနည်း အဆင့်မြင့် အိမ်ယာ(၂)ကို ယခုနှစ် စက်တင်ဘာလမှာ စတင် တည်ဆောက်မှာ ဖြစ်ပြီး (၂၁၁၂)ခုနှစ် မေလမှာ ဖြစ်ကြောင်း သိရသည်။
Ref:MRTV4

No comments:

Post a Comment