Popular Posts

Monday, 15 October 2012

ခေတ်သစ် မြန်မာနိုင်ငံ အနာဂါတ် ဖော်ဆောင်နေတဲ့ စီးံပွားရေးစနစ်သစ်!

  ဟိုတလောကသူငယ်ချင်းတယောက်ဖုန်းဆက်ပြီးမေးလာတဲ့ ပြည်တော်ပြန်စီးပွားရေးပြန်လုပ်ချင်တဲ့  ကိစ္စကို ဘယ်လိုပြန်ပြောရမလဲ ကောင်းမလဲမသိဖြစ်နေလို့ နှင့် ဘယ်ကနေစပြောရမလဲ? အရင်းနှီးရှိတိုင်းစီးပွားရေးလုပ်လို့ရပါသလား! ဒီလိုပြောရရင် ဗမာပြည်မှာ ပိုက်ဆံရှိတဲ့လူတွေ အများကြီးပါနော်? ဒါပေမဲ့ နိုင်ငံတကာစီးပွားရေးအမြင်ရှိတဲ့လူတွေ မရှိကျသေးတာလဲပါမှာပေါ့နော်! ပြည်တွင်းစီးပွားရေးဘဲလုပ်ဖူးတာကိုး!
    နိုင်ငံတကာ စီးပွားရေးလုပ်တာနှင့် လက်ရှိဗမာပြည်လုပ်နေတဲ့ စီးပွားရေးနည်းစနစ်တွေ မတူပါဘူး(အမြတ်ကြီးစားတတ်တာကိုပြောတာနော်) လက်ရှိလုပ်နေတဲ့ လုပ်ငန်းရှင်တွေ ဘယ်လိုလုပ်ပြီး မှုရင်းဈေးတွေကနေ ဘယ်လောက်ထိဈေးတင်ရောင်းရမယ်ဆိုတာမသိကျသေးတဲ့သူတွေ အမျာကြီးရှိနေ ပါသေးတယ်၊ နိုင်ငံတကာမှာသူတို့ရဲ့ အချိုးအစားတွက်နည်းအတိုင်းတွက်ချက်ပြီး  ဘယ်လိုအခွန် ဆောင် ရမယ်၊ ကျော်ငြာတွေထည့်ပြီး ဘယ်လိုလျော့ဈေးနှင့်ဘယ်လိုအချိန်တွေမှာရောင်းရမယ်ဆိုတာသူတို့ရဲ့ ဖော်မျုလာတွေနှင့်  တွက်ချက်ပြီး လုပ်ဆောင်ရတာပါ၊ တွေးကြည့်တော့ လွယ်လွယ်လေးပါ၊ အမှန်တကယ်လုပ်ဆောင်ရတာ တော်တော်ကိုခက်ခဲပြီး ဦးနှောက်တော်တော်ခြောက်စေတဲ့ အလုပ် တွေပါ၊
      အဓိက မိမိရဲ့အဆက်အသွယ်မိတ်ဆွေ အပေါင်းအပါကောင်းတွေ၊ ကူးသန်းရောင်းဝယ်ရေး၊ဆက်သွယ်ရေး ကျွှမ်းကျင်မှုနှင့်  အရေးကြီးတဲ့ အရင်းအနှီးတွေပါဘဲ၊ နောက်ပြီးစီးပွားရေးအမြင်ရှိဖို့လိုသေးတယ် ၊ ဘာလို့ဒီလိုပြောရလဲဆိုတော့ ၀န်ထမ်းဘ၀နှင့် စီးပွားရေးသမားတွေရဲ့ အမြင်ဟာ လုံးဝခြားနားပါတယ်၊ လုံးဝမတူဘူးဆိုတာပါဘဲ!  သူများလုပ်လို့လိုက်လုပ်တတ်တဲ့ ကိုယ်တို့ရွှေတွေရဲ့အကျင့်တွေပါဘဲ၊ ကောင်းတာတွေရှိသလို ဆိုးတာပိုများတာကိုတွေ့ရပါတယ်၊ တချို့အဆင်ပြေအောင်မြင်နေတာတွေ့ရပြီး တချို့ကတော့ ဆက်လက်မရပ်တည်နိုင်တာကိုတွေ့ရပါတယ်လေ၊ ဒါကြောင့် သတိရစွာဖြင့် အင်တာနက်က မြန်မာ့သတင်းတွေကို ကူးယူပြီး ဆက်စပ်ပြီး တွေးတော ဆင်ခြင်နိုင်အောင်တင်ပြပေးလိုက်ပါတယ်..... အဆင်ပြေကျပါစေ!
 

နိုင်ငံတကာ လုပ်ငန်းရှင်တွေကို မြန်မာတွေ ဘယ်လိုယှဉ်မှာလဲ

 နေလင်းအောင် | အင်္ဂါနေ့၊ အောက်တိုဘာလ ၀၉ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၁၆ မိနစ် 



၂၀၁၅ ခုနှစ်၊ အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) စတင်ချိန်တွင် မြန်မာပြည်တွင်း လုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံတကာစီးပွားရေး လုပ်ငန်းများနှင့် ယှဉ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ယခုအချိန်က တည်းက ပြုလုပ်ထားသင့်ပြီး လုပ်ခ သက်သာရေးကိုသာ ဂရုစိုက်မှု မလုပ်သင့်တော့ကြောင်း စီးပွားရေး ပညာရှင်များက သတိပေးနေကြသည်။

“နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်ဖို့ အတွေးအခေါ်၊ နည်းပညာ၊ ကျွမ်းကျင်လုပ်သား၊ လုပ်အားခတွေက အရေးကြီးတယ်။
ဒါကို ပြန်ကြည့်မယ်ဆိုရင်လည်း လုပ်အားခ သက်သာဖို့က အဓိက မကျတော့ဘူး။ လုပ်အားခ သက်သာဖို့ ပြိုင်တဲ့ခေတ် မဟုတ်တော့ဘူး” ဟု ဖိလစ်ပိုင် အခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ်မှ မြန်မာ စီးပွားရေးပညာရှင် ဒေါက်တာမျိုးသန့် ကပြောသည်။

AEC အစီအစဉ်အရ အာဆီယံနိုင်ငံများအားလုံးတွင် ဈေးကွက် တခုတည်းပုံစံ ဖြစ်ရန် အကောင်အထည် ဖော်မည်ဖြစ်သည်။ အခြား အာဆီယံနိုင်ငံများမှလည်း မြန်မာ ပြည်တွင်း လုပ်ငန်းရှင်များနှင့် တန်းတူ အခွင့်အရေးများဖြင့် ဝင်ရောက်ရင်းနှီးမြှုပ်နှံခွင့်နှင့် အခွန်ကင်းမဲ့စွာ ကူးသန်းရောင်းဝယ်နိုင်ခွင့်များ ရလာကြမည် ဖြစ်သည်။

“Logistic က အရေးကြီးတယ်။ အချိန်မီ ရောက်လား၊ အချိန်လျော့ပြီး ရောက်လား ဆိုတာတွေ၊ လျှပ်စစ်ဓါတ်အား သက်သာတာလား ဆိုတာတွေလည်း အရေးကြီးတယ်။ ပြီးတော့ အဓိက အရေးကြီးတာ သိပ်မပြောဖြစ်တဲ့ ကုန်ထုတ်လုပ်မှုစွမ်းအား ဘယ်လောက်ရှိလဲက အဓိက ကျတယ်။ သတ်မှတ်ထားတဲ့ လုပ်ခလစာအပေါ်မှာ ကုန်ထုတ်လုပ်မှု ဘယ်လောက်ရှိလဲ ဆိုတာတွေက အဓိက ကျတယ်” ဟု သူက ဆက်ပြောသည်။

AEC ဖြစ်လာချိန်တွင် သယံဇာတ ပေါများပြီး အာရှ၏ ဆုံချက်တခု ဖြစ်သော မြန်မာအတွက် အလားအလာများ ရှိသော်လည်း ယှဉ်ပြိုင်မှု ပိုကြီးမားလာမည်ဖြစ်၍ သက်ဆိုင်ရာ လုပ်ငန်းအလိုက် ပြင်ဆင်ထားသင့်သည်ဟုလည်း “အခုကတည်းက အစပြုနိုင်မှ ကြိုးစားနိုင်မှ တော်ရုံကျမယ်။ ကျနော်တို့ နိုင်ငံ အနေနဲ့က ပြိုင်ရမယ့် အဆင့်တွေ အများကြီးရှိတယ်” ဟု ဒေါက်တာမျိုးသန့် က ဆိုသည်။

ပြည်တွင်းလုပ်ငန်းများအနေဖြင့် ဆွေးနွေးပွဲများ များများ ပြုလုပ်၍ ပွင့်လင်းစွာ ဆွေးနွေးနိုင်ရန် လိုအပ်ပြီး ပညာရှင်များ၊ အစိုးရ တာဝန်ရှိသူများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပါဝင်ဖို့လိုအပ်ကြောင်း သူက ပြောသည်။

AEC နှင့် အပြောင်းအလဲ

အာဆီယံ စီးပွားရေး အသိုက်အဝန်း စတင်ချိန်တွင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ၊ လေကြောင်း ပို့ဆောင်ရေးလုပ်ငန်း၊ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ကား ကုမ္ပဏီများ၊ လျှစ်စစ်ကဏ္ဍ၊ ငါးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သစ်လုပ်ငန်း၊ ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းများ၊ ရာဘာခြံလုပ်ငန်းများနှင့် အထည်ချုပ်လုပ်ငန်းများတွင် အာဆီယံ ၁၀ နိုင်ငံအတွင်း လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံနိုင်ခွင့် ရလာမည် ဖြစ်သည်။

တနိုင်ငံနှင့် တနိုင်ငံ ကုန်စည်တင်ပို့မှုများမှာလည်း အခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်၍ ယင်းအခြေအနေတွင် အာဆီယံနိုင်ငံများအတွင်း ကုန်စည်စီးဆင်းမှု ပမာဏနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ တိုးလာမည် ဖြစ်သည်။

“မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေက အာဆီယံထဲမှာ အချမ်းသာဆုံးပဲ။ ကျန်တဲ့ ဘရူနိုင်း၊ လာအို၊ မြန်မာနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေက သူတို့ရဲ့အောက်မှာပဲ ရှိတယ်။ ဒီတော့ တကယ် ယှဉ်ပြိုင်ရတော့မယ့် အချိန် ရောက်ရင် ကျနော်တို့နိုင်ငံအနေနဲ့ သူတို့ကို မီဖို့ မနည်း ကြိုးစားရမယ်” ဟု Myanmar Marketing Committee – Myanmar Tourism Federation ဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာ က ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင်လည်း ထို ချမ်းသာနိုင်ငံများ နောက်မှ လိုက်နေရသည်။ ၁၉၉၆ ခုနှစ်တွင် စတင်ခဲ့သော မြန်မာခရီးသွားလုပ်ငန်းသည် ယမန်နှစ်က ခရီးသည် သုံးသိန်း ရှစ်သောင်းကျော် လည်ပတ်ရောက်ရှိခဲ့သော်လည်း ယင်းပမာဏသည် လာအိုနိုင်ငံသို့ ဝင်သော ဧည့်သည်ပမာဏထက်ပင် နည်းပါးကြောင်း ၎င်းက ဆက်ပြောသည်။

“အခုအချိန်မှာ ကမ္ဘာတဝှန်းက ခရီးသွား ဧည့်သည်တွေ စီးပွားရေးသမားတွေက မြန်မာနိုင်ငံကို ဝင်လာနေကြပြီ။ အဓိက အခက်အခဲက အခြေခံအဆောက်အအုံတွေ မလောက်ဘူး။ ၂၀၁၅ မှာ အာဆီယံ စီးပွားရေး အသိုက်အမြုံအနေနဲ့ တခုတည်းသော ဈေးကွက်နဲ့ ထုတ်လုပ်မှု အခြေခံဒေသဖြစ်ဖို့ ပြင်ဆင်တဲ့အခါ ခရီးသွား လုပ်ငန်းတွေအတွက် အခြေခံအဆောက်အအုံတွေက အဓိကကျတဲ့အခန်းက ပါဝင်နေတယ်။ ခရီးသွားလုပ်ငန်းတွေအတွက် ဝန်ဆောင်မှုတွေက ဟိုတယ်လုပ်ငန်းအပြင် သယ်ယူပို့ဆောင်ရေး၊ စားသောက်ရေးတွေကပါ ပြည့်စုံဖို့ လိုအပ်တယ်” ဟု ဦးဖြိုးဝေရာဇာ ကပြောသည်။

ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်မှု

AEC စတင်ချိန်တွင် အာဆီယံ ၁၀ နိုင်ငံလုံးမှာ တခုတည်းသော ရင်းနှီးမြှုပ်နှံမှု ဈေးကွက် အတွင်းတွင် ပါဝင်လာမည်ဖြစ်၍ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသည် အခြား အာဆီယံနိုင်ငံများနှင့် ကွာခြားနေလျှင် အခက်အခဲရှိနိုင်ကြောင်းလည်း သမ္မတ အကြံပေး တဦးဖြစ်သော စီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦး က ဆိုသည်။

“ကိုယ့်နိုင်ငံက စီးပွားရေးပြုပြင်ပြောင်းလဲမှုပဲ ဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံမှုပဲဖြစ်ဖြစ် ပြုပြင်ပြောင်းလဲမှု အခုမှ စပြီးလုပ်တာဖြစ်လို့ အခြား အာဆီယံနိုင်ငံတွေရဲ့ အတွေ့အကြုံတွေ အားနည်းချက်တွေကို ချိန်ဆပြီး လုပ်ဖို့ အခွင့်အလမ်းတခု ဖြစ်တယ်။ ပြည်တွင်း လုပ်ငန်းရှင်တွေအနေနဲ့ စီပွားရေးနဲ့ပတ်သက်ပြီး ပညာ၊ ရင်းနှီး မြှုပ်နှံမှုပိုင်းတွေကို ကြည့်မယ်ဆိုရင် ဒီအာဆီယံနိုင်ငံတွေကို လေ့လာအတုယူပြီး လုပ်ဆောင်သင့်တယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသည်လည်း အာဆီယံထဲက တနိုင်ငံဖြစ်သောကြောင့် ရင်းနှီးမြှု့ပ်နှံလိုသူများက အခြားအာဆီယံနိုင်ငံများနှင့်နှိုင်းဆပြီး ဝင်ရောက်လာမည်ဖြစ်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသည် အခြား အာဆီယံနိုင်ငံတွေထက် အားကောင်းဖို့လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည့်အခါ ပြဿနာ ဖြစ်နိုင်သော လုပ်ငန်း ကဏ္ဍများတွင် နိုင်ငံတော်က အခက်အခဲဖြစ်နေသော ပြည်တွင်းလုပ်ငန်းရှင်များအတွက် မြေတောင်မြှောက် အားပေးဖို့လိုအပ်ကြောင်း ဒေါက်တာဇော်ဦး က ပြောသည်။

ထိုင်း၊ မလေးရှားနှင့် စင်္ကာပူနိုင်ငံများသို့ ပြေးဆွဲသော KMA Shipping Company Limited အမှုဆောင် အရာရှိချုပ် ဦးဆွေလင်း ကလည်း အလားတူ အကြံပြုထားသည်။

“ဒီမှာက အခုမှ ပွင့်လင်းလာတဲ့ နိုင်ငံဖြစ်လို့ သင်္ဘော လုပ်ငန်းကလည်း ပြည်တွင်းက အခုနောက်ပိုင်းမှ လုပ်လာတာဖြစ်လို့ ပြိုင်ဆိုင်မှုက ပိုကြီးတယ်။ နိုင်ငံခြား သင်္ဘောလိုင်းတွေက ဒီလုပ်ငန်းမှာ ရပ်တည်လာတာ ကြာလို့ အားသာချက် ပိုရှိတယ်။ သူတို့ကို လိုက်မီဖို့ဆိုတာ အများကြီး လိုသေးတယ်။ ဒါပေမယ့် နိုင်ငံတော်က ကိုယ့်နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းတွေကို တဖက်တလမ်းက ပံ့ပိုးပေးမယ်ဆိုရင် ယှဉ်ပြိုင်ရတာ တပန်းသာနိုင်ပါတယ်” ဟု ဆိုသည်။

AEC စတင်သည့်အချိန်တွင် မြန်မာနိုင်ငံတွင်းမှ ငွေကြေးတတ်နိုင်သူများမှလည်း အခြား အာဆီယံ နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံခွင့် ရရှိမည်ဖြစ်၍ အခွင့်အလမ်းများ ပိုများလာနိုင်သလို စိန်ခေါ်မှုများလည်း ပို၍ များလာမည် ဖြစ်သည်။

AEC နှင့် ဈေးကွက်

မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ ခန့်သာ ရှိသော်လည်း AEC စတင်ချိန်တွင် အာဆီယံ ၁၀ နိုင်ငံ ပေါင်းလိုက်ပါက လူဦးရေ သန်း ၆၀၁ သန်း ရှိလာမည်ဖြစ်၍ ဈေးကွက်သည်လည်း ၁၀ ဆ ကြီးမားလာမည် ဖြစ်သည်။

ထိုကြီးမားလာသည့် ဈေးကွက်အတွင်း မိမိနိုင်ငံ၏ ထုတ်ကုန်ပစ္စည်းများ ထိုးဖေါက်နိုင်ရန်မှာ အခြားနိုင်ငံများ၏ ထုတ်ကုန်အရည်အသွေး၊ ဈေးနှုန်းများနှင့် ယှဉ်ပြိုင် ထိုးဖေါက်ဖို့လိုအပ်ကြောင်း ပါရမီ စွမ်းအင်ဖွံ့ဖြိုးရေးကုမ္ပဏီ၏ အကြီးတန်း အကြံပေးအရာရှိ ဦးတင်ချို က ပြောသည်။

“ဒီလိုအခြေအနေမှာ ဝန်ဆောင်မှုတွေက သူများနဲ့ ယှဉ်နိုင်ဖို့ အရမ်းအရေးကြီးတယ်။ မြန်မာနိုင်ငံက ဆိုရှယ်လစ် စီးပွားရေး စနစ်အောက်မှာ နှစ်ပေါင်းများစွာ နေထိုင် ကြီးပြင်းလာရတော့ ဆိုရှယ်လစ်စနစ်က ရောင်းသူ ဈေးကွက်။ အခုခေတ်က ဝယ်သူဈေးကွက်။ ဒါပေမယ့် ဒီနိုင်ငံမှာက အုပ်ချုပ်သူလူတန်းစားတွေမှာတောင် ဒါကို နားမလည်တာတွေ ရှိနေသေးတယ်။ ဒါကြောင့် သူများနိုင်ငံနဲ့ ယှဉ်တဲ့အချိန်မှာ ကိုယ်က ဘယ်လောက်ထိ ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်မလဲဆိုတာ တော်တော် အရေးကြီးတယ်” ဟု ဆိုသည်။

AEC စတင်ချိန်သည် အခြား အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများ ဝင်ရောက်လာချိန်ထိ နောက်ကျနေမည်ဆိုပါက အချို့သော လုပ်ငန်းများမှာ ပျက်စီး ဆုံးရှုံးသွားနိုင်ကြောင်း ဦးတင်ချို က သုံးသပ်သည်။

ထို့ပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေသည်လည်း နိုင်ငံသား အကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်သလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအတွက် အတားအဆီး မဖြစ်ရန် လိုအပ်ကြောင်းလည်း “ကိုယ့်နိုင်ငံသား လုပ်ငန်းတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်မလာနိုင်အောင် တားဆီးတဲ့ ဥပဒေမျိုး ဖြစ်နေရင်ပြည်တွင်းက ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားနိုင်တယ်။ ဒါကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေက အရမ်းအရေးကြီးတယ်” ဟု ဦးဝင်းချို က ဆိုသည်။

မြန်မာနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ ပို့ကုန်/သွင်းကုန် ပမာဏ

ယခုနှစ် ဖေဖေါ်ဝါရီလအထိ မြန်မာနိုင်ငံတွင် နိုင်ငံခြား ကုမ္ပဏီများမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၀,၄၃၁.၄၅၄ တန်ဖိုး ရင်းနှီးမြှုပ်နှံထားပြီး အများဆုံးမှာ စွမ်းအင်ကဏ္ဍတွင် ဖြစ်သည်။ ၎င်းနောက်တွင် ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းနှင့် သတ္တု တူးဖေါ်ရေး လုပ်ငန်းများ ရှိသည်။

တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကာ ယင်းနောက်တွင် ထိုင်းနှင့် ဟောင်ကောင်တို့မှာ အသီးသီးရပ်တည်နေကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ စာရင်းများတွင် ဖေါ်ပြထားသည်။

ပို့ကုန်/သွင်းကုန် ကဏ္ဍတွင်လည်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ပြည်ပနိုင်ငံများသို့ ဒေါ်လာသန်းပေါင်း ၉,၁၃၅.၆ သန်း တင်ပို့နိုင်ပြီး ၉,၀၃၅.၀၆ သန်းဖိုး တင်သွင်းခဲ့သည်။ ၂၀၁၂ ခုနှစ် သြဂုတ်လအထိ ဒေါ်လာ သန်းပေါင်း ၃,၂၃၀.၇၁၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ၃,၃၈၃.၃၂၅ သန်းဖိုး တင်သွင်းခဲ့သည်။

စက်မှုကုန်ချောကို အများဆုံးတင်ပို့နိုင်ပြီး လယ်ယာထွက်မှာ ဒုတိယအများဆုံး ပို့ကုန်ဖြစ်ကာ တတိယအနေဖြင့် သတ္တုတွင်းထွင်းထွက်ပစ္စည်းများ တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝက်ဆိုက်တွင် ဖေါ်ပြထားသည်။

ပြည်တွင်းလုပ်ငန်းများ၏ ၉၀% ခန့်မှာ အသေးစားနှင့် အလတ်စား လုပ်ငန်းများဖြစ်ပြီး ယင်းလုပ်ငန်းများသည် အခြေခံလူတန်းစားအထိ အလုပ်အကိုင် ဖန်တီးပေးသော လုပ်ငန်းများဖြစ်၍ အသေးစား၊ အလတ်စားလုပ်ငန်းများရေရှည် ရပ်တည်နိုင်ရေးမှာလည်း အဓိက ကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

ပြည်တွင်းရှိ လုပ်ငန်းများတွင် အကြီးစားလုပ်ငန်း ၄,၈၀၈ ခု၊ အလတ်စားလုပ်ငန်း ၇,၂၈၇ ခုနှင့် အသေးစားလုပ်ငန်း ၃၁,၁၃၇ ခု၊ စုစုပေါင်း ၄၃,၂၃၂ ခု ရှိပြီး ယင်းအချိုးကို ပြန်ကြည့်ပါက အကြီးစားလုပ်ငန်းမှာ ၁၁ % သာ ရှိပြီး အလတ်စားက ၁၆ % နှင့် အသေးစားလုပ်ငန်းများက ၇၂ % ရှိကြောင်း စက်မှုဝန်ကြီးဌာနရှိ စာရင်းဇယားများအရ သိရရှိသည်။

ပြည်တွင်း လုပ်ငန်းအုပ်စုများတွင် စားသောက်ကုန်လုပ်ငန်းက ၆၃.၅၁ %၊ နေထိုင်ရေး ၁၃. ၅၇ %၊ လူသုံးကုန် ၇.၅၈ %၊ အိမ်သုံးပစ္စည်း လုပ်ငန်းမှာ ၃.၉၈ % စသည်ဖြင့် အသီးသီး ရပ်တည်နေကြောင်းလည်း ယင်းစာရင်းများ တွင် ဖေါ်ပြထားသည်ကို တွေ့ရှိရသည်။ ။
 
 
 
နိုင်ငံ၏ အရေးပါသောစီးပွားရေးကဏ္ဍများတွင် အင်အားတောင့်တင်းသည့် ပြည်တွင်းကုမ္ပဏီကြီးများ ဆက်တိုက်မြှုပ်နှံခွင့်ရ၊ ကျပ်ဘီလျံ ၂၀၀ ကျော်ကို အလုံးအရင်းဖြင့် ထပ်မံမြှုပ်နှံပြီး စုစုပေါင်းမြှုပ်နှံမှု ကျပ်ဘီလျံ ၁၉၀၀ ကျော်ထိ မြင့်တက်
 
ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၏ ဇူလိုင်လ ၉ ရက်နေ့မှ အောက်တိုဘာလဆန်းအထိ နှစ်လခွဲကျော်ကာလအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံ သားလုပ်ငန်းရှင်များအနေဖြင့် ကျပ်ဘီလျံ ၂၀၀ ကျော်ကို အလုံးအရင်းဖြင့် ထပ်မံမြှုပ်နှံခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
 
နိုင်ငံ၏ အရေးပါသောစီးပွားရေးကဏ္ဍများဟုဆိုရာတွင် သယ်ယူပို့ဆောင်ရေး၊ အခြေခံအဆောက်အအုံနှင့် စီမံကိန်းကြီးများတည်ဆောက်ရေး၊ ကုန်ထုတ်လုပ်ရေးကဏ္ဍများကဲ့သို့ အများပြည်သူအတွက် မဖြစ်မနေအသုံးပြုရမည့်ကဏ္ဍများကို ဆိုလိုခြင်းဖြစ်သည်။
သယ်ယူပို့ဆောင်ရေးကဏ္ဍ ဆိုပါကလည်း ခရီးသည်တင်ဘတ်စ်ကားလိုင်းများ၊ လေကြောင်းလိုင်းများတွင် အဓိကမြှုပ်နှံခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများထဲတွင် အဓိကအားဖြင့် နိုင်ငံတကာဖြင့် ကုန်စည်ကူးသန်းရာတွင် မဖြစ်မနေအများပြည်သူအသုံးပြုရမည့် ဆိပ်ခံတံတား၊ ဆိပ်ကမ်းနှင့် ကွန်တိန်နာလုပ်ငန်းများ၊ BOT စနစ်ဖြင့် လမ်း အသုံးပြုခကောက်ခံရေးလုပ်ငန်းများ၌ မြှုပ်နှံခြင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၌လည်း အမြတ်အစွန်းကြီးမားသည့် စီးကရက်၊ ဘီယာကဲ့သို့ ကုန်ထုတ်လုပ်ငန်းများ၌ အလုံးအ ရင်းဖြင့်မြှုပ်နှံခြင်းတို့ဖြစ်သည်။

ဆိပ်ကမ်းနှင့် ကွန်တိန်နာလုပ်ငန်းများ၊ BOT စနစ်ဖြင့် လမ်းအသုံးပြုခကောက်ခံရေးလုပ်ငန်းများ၌ မြှုပ်နှံခြင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၌လည်း အမြတ်အစွန်းကြီးမားသည့် စီးကရက်၊ ဘီယာကဲ့သို့ ကုန်ထုတ်လုပ်ငန်းများ၌ အလုံးအရင်းဖြင့် မြှုပ်နှံခြင်း . . .

ထိုသို့ အကျိုးအမြတ်ရှိနိုင်မည့်လုပ်ငန်းများကို ပြည်တွင်းရှိ ငွေကြေးအင်အားတောင့်တင်းသည့် ကုမ္ပဏီကြီးများမှ မြှုပ်နှံခွင့်ရခြင်း ဖြစ်ကြောင်းလည်းသိရသည်။ယခု နှစ်လခွဲကာလအတွင်း မြှုပ်နှံသည့်ကျပ်ဘီလျံပေါင်း ၂၀၀ ကျော်(ကျပ်သန်းပေါင်း နှစ်သိန်းကျော်)ဆိုသည်မှာ ပြည်တွင်းရှိအသေးစားအလတ်စားလုပ်ငန်းရှင်များ မြှုပ်နှံနိုင်သည့် ပမာဏမဟုတ်ပဲ အင်အားတောင့်တင်းသည့် ကုမ္ပဏီများသာ မြှုပ်နှံနိုင်သည့်ပမာဏဖြစ်ကြောင်း၊ စီးကရက်၊ ဘီယာစက်ရုံ များ၊ လေကြောင်းလိုင်းများတည်ထောင်ခြင်းမှာ အင်အားရှိသည့်ကုမ္ပဏီများသာ လုပ်ကိုင်နိုင်သည့်အနေအထားဖြစ်ကြောင်း လုပ်ငန်းရှင်များကဆိုသည်။
ကျပ်ဘီလျံပေါင်း ၂၀၀ ကျော်ဟုဆိုသော်လည်း လုပ်ငန်းပေါင်းများစွာအတွက်မဟုတ်ပဲ လုပ်ငန်း ၁၁ ခု အတွက်သာဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
"ကျပ်ဘီလျံ ၂၀၀ ကျော်ထဲ က ဘီလျံ ၁၄၀ ကျော်က သယ်ယူပို့ဆောင်ရေးကဏ္ဍတစ်ခုတည်းထဲမှာ မြှုပ်နှံကြတာ။ ကျပ် ၄၇ ဘီလျံ ကျော်က ကုန်ထုတ်လုပ်မှုမှာ မြှုပ်နှံတာ။ ဘီယာ၊ စီးကရက်စက်ရုံတည်တဲ့
လုပ်ငန်းက မြှုပ်နှံမှုပမာဏများမှာပေါ့" ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တာဝန်ရှိသူတစ်ဦးက ဆိုသည်။
 
mt7
 
mt07
 
Ref:elevennews
 
 
ဆက်စပ်အသေးစိတ်သတင်းများကို ကလစ်နှိပ်ပြီးဖတ်လို့ရပါတယ်....
 
ဈေးကွက်ကို ချိန်ဆပြီး ဖွင့်စေချင်ပါတယ်- အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှု ဆယ်စုနှစ် နှစ်ခုကြာပြီးနောက် စစ်အစိုးရလက်အောက်တွင် မြန်မာ့စီးပွားရေးသည် လက်သင့်ရာ လုပ်ပိုင်ခွင့်ပေးမှုများ၊ လူနည်းစုကို လက်ဝါးကြီးအုပ်ခွင့်ပေးသော ခရိုနီးစီးပွားရေး၊ မိုနိုပိုလီ စီးပွားရေးစနစ်များ ဖြစ်ပေါ်ခဲ့သည်။


SMEသည် မြန်မာ့စီးပွားရေး “ထွက်ပေါက်”-  အခြေခံ စီးပွားရေး လုပ်ငန်းများနှင့် အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ တိုးမြှင့် လုပ်ကိုင်နိုင်ရန် သမ္မတ ဦးသိန်းစိန်ကလည်း ကျပ်ငွေ ၅ ဘီလီယံချပေးထားကြောင်း၊ စက်မှုဝန်ကြီးဌာနအောက်ရှိဘဏ်မှလည်း ထိုလုပ်ငန်းများအတွက် အထောက်အကူ ပြုနိုင်ရန် ချေးငွေများ ချပေးနေကြောင်း သိရသည်။
“ကျနော်တို့အတွက် လတ်တလော Industry မူဝါဒကတော့ SME ပဲ၊ ထွက်ပေါက်ကလည်း SME ပဲ၊ လူတွေအများကြီး အလုပ်ရ မယ်၊ အလုပ်အကိုင် ဖန်တီးမှုပေါ့၊ ကျနော်ထင်တယ် နောက်ထပ် ၃ နှစ်လောက်မှာ မီးတွေ၊ ဘာတွေလည်းရမယ်ဆိုရင်တော့ သံမဏိတွေ၊ ဘာတွေလည်း ထုတ်မှာပေါ့ဗျာ အဲဒီအချိန်ကြရင်တော့” ဟု ဦးစိုးသိန်း က ပြောသည်။
 
မြန်မာ့စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသော SPA Group ၏ ဥက္ကဌ ဆာ့ခ်ျပန်က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို တင်းကြပ်မှုလုပ်ထားသော ကဏ္ဏ ၁၃ ခုကို အဓိပ္ပါယ်ဖွင့်ဆိုမှုမှာ ယေဘုယျဆန်ပြီး ပိုင်ဆိုင်မှု ၅၀ ရာနှုန်းနှင့် အောက်သာ ပေးထားသည်က အစိုးရအနေဖြင့် နိုင်ငံခြားသား အများစု ပိုင်ဆိုင်ခွင့်ကို မလိုလားရာ ပြကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားထားသည်။
 
၅၀-၅၀ ပိုင်ဆိုင်မှုသည်လည်း ဆုံးဖြတ်ချက်ချရာတွင် အကြပ်ဆိုက်စေကြောင်း ဆာ့ခ်ျပန်က ဆိုသည်။
 
 
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသတင်း အခြေအတင် ဆွေးနွေးခြင်း- ၂ဝ၁၂ ခုနှစ် မတ်လ အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏသည် စုစုပေါင်း အမေရိကန် ဒေါ်လာ ၄ဝ ဒဿမ ၆၉၉ ဘီလီယံ ရှိသည်။

အသစ်ရေးဆွဲထားသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်အရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများနှင့် ဖက်စပ် ကုမ္ပဏီများသည် အခွန်ကင်းလွတ်ခွင့် ၅ နှစ်နှင့် ကုမ္ပဏီ တည်ထောင် လုပ်ကိုင်ခွင့် နှစ် ၇ဝ အထိ ခွင့်ပြုပေးမည်
ဖြစ်သည်။ … စသဖြင့် ဗဟုသုတဖြစ်ဖွယ် လက်ရှိအခြေအနေများကို ဖေါ်ပြထားပါသည်။ သတင်း အခြေပြုရာ ‘မြန်မာ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး’ တက်ရောက်လာကြသည့် နိုင်ငံခြားကုမ္ပဏီ နယ်ပယ်များကိုလည်း ဂရပ်ဖြင့်ဖေါ်ပြ ထားသည်။
 
 
မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲရေး အဓိကပြဿနာ (၅) ရပ်- အပြောင်းအလဲတွေကို အလျင်စလို တွန်းလုပ်ရင်၊ အပြောင်းအလဲကို ဆန့်ကျင်သူတွေက မတည်ငြိမ်မှုတွေကို ဖန်တီးလာရင်၊ နာရီတွေ နောက်ပြန်လည် သွားပြီး ဆိုးရွားလှတဲ့ နေ့ဟောင်းများဆီကို တကျော့ပြန်ရောက် သွားတတ်ပါတယ်။
ငွေလဲစနစ်မှာ တရားဝင်နှုန်းနဲ့ ဈေးကွက်ပေါက်ဈေးတို့ကို ညှိလိုက်တာ အခြေခံ ကျတဲ့ အပြောင်းအလဲပါပဲ။ ဒါပေမယ့် မြန်မာပြည်မှာ လူများစုကြီးက လူမွဲတွေ ဖြစ်နေတာက တကြောင်း၊ လူမှုဖူလုံရေး ကွန်ယက်တွေ နတ္ထိဖြစ်နေသေးတဲ့ အခြေအနေမျိုးမှာ နောက်ထပ် မူဝါဒ အပြောင်းအလဲတွေနောက်က ဖြစ်ပေါ်လာနိုင်တဲ့ ရုတ်ချည်းအပြောင်းအလဲတွေ (ရှော့ခ်) ကို ပြည်သူတွေ ခံနိုင်ဖို့ မလွယ်ပါဘူး။
ဒါကြောင့် အချိန်တိုအတွင်း ၀င်ငွေလည်းရ၊ ဆင်းရဲမှုလည်း လျှော့ချနိုင်မယ့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို နောက်ဆက်တွဲအဖြစ် မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်လာပါတယ်။ ဒါမှပဲ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် လူတွေ အဆင်ပြေလာပါလားဆိုတဲ့ အသိကို တိုးပွားစေပြီး၊ နောက်ထပ် ပြုပြင် ပြောင်းလဲမှုတွေ အတွက်လည်း ထောက်ခံမှုတွေရ လာမှာဖြစ်ပါတယ်။
အစိုးရအနေနဲ့ မလွှဲမရှောင်သာ အကန့်အသတ်တွေ နည်းနိုင်သမျှ နည်းမယ့် ပြုပြင်ပြောင်းလဲမှုတွေကို အာရုံစိုက်သင့်ပါတယ်။ ဒီနေရာမှာ မလွှဲမရှောင်သာ အကန့်အသတ် ၃ မျိုး ရှိနေပါတယ်။ အခြေခံ အဆောက်အအုံတွေ မပြည့်စုံတာကြောင့် ထုတ်လုပ်မှုစရိတ်တွေ မြင့်တက် သွားနိုင်ပါတယ်။ တခြားနိုင်ငံနဲ့ ယှဉ်ပြိုင်တဲ့ အခါမှာ တပမ်းသာတဲ့ အခြေအနေမျိုးကနေ တပမ်းရှုံးရတဲ့ ဘ၀မျိုး (ဥပမာ ဆန်စပါးထုတ်လုပ်မှုမှာ ကြုံရသလိုမျိုး) ဖြစ်သွားတတ်ပါတယ်။
နောက် အကန့်အသတ်က လိုင်စင်တွေ အလွန်အကျွံချပေးတာမျိုးနဲ့ အထိန်းချုပ်လွန် တာတွေကြောင့် ပုဂ္ဂလိက ကဏ္ဍတွေ ပွဲဦးထွက်မှာ မရူနိုင် မကယ်နိုင်ဖြစ်နိုင်သလို၊ အဂတိလိုက်စားမှုတွေကို အားပေးအားမြှောက် ဖြစ်သွားစေနိုင်ပါတယ်။
သွင်းကုန်အခွန်တင်းကျပ်တာနဲ့ ကုန်သွယ်မှုမှာ အကန့်အသတ်နဲ့ စည်းကမ်းတွေ များလွန်းတာကြောင့်လည်း ထုတ်လုပ်မှုနဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေကို ကုန်သွယ်တဲ့နေရာမှာ အဟန့် အတားတွေ ဖြစ်သွားတတ်ပါတယ်။
အခုဆိုခဲ့တဲ့ အကန့်အသတ်တွေဟာ မြန်မာ့စီးပွားရေးပြုပြင်ပြောင်းလဲရာမှာ ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စသုံးရပ်ဖြစ်ပါတယ်။ ဒီအပြင် စီးပွားရေး ဖွံ့ဖြိုးမှု ရေရှည်တည်တံ့ဖို့နဲ့ အများစုက ရရှိခံစားနိုင်ဖို့ ဆိုရင် နောက်ထပ် လုပ်ဆောင်စရာ ကိစ္စနှစ်ရပ် ကျန်နေပါသေးတယ်။
 
 

ပြည်တော်ပြန်ရန်စဉ်းစားနေကြပါသလား..FDI Foreign Investment- မြန်မာပြည်ကို ပြန်ပြီး ရင်းနှီးချင်တယ်။ လုပ်ငန်းလုပ်ချင်တယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် မလုပ်သင့်တဲ့ ငွေတိုးချေးစားချင်တယ် .. ဆိုတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားများစွာ တွေဝေ၊ စဉ်းစားနေချိန်ဖြစ်ပါတယ်။ ပြည်ပမှာ အဆင်ပြေနေသူအများစုကတော့ မြန်မာပြည်ပြန်လုပ်ဖို့ဆိုတာ စဉ်းစားချိန်တောင်မှ ရမှာမဟုတ်ပါဘူး။ လုပ်ငန်းတခု အောင်မြင်လာရင် ယားလို့တောင် ကုတ်ဖို့အချိန်မရတဲ့ကြားထဲ မသေချာတဲ့ မြန်မာပြည်ပြန်ပြီး စီးပွားလုပ်ဖို့ဆိုတာ ဘယ်စဉ်းစားပါ့မလဲ။ ပြည်ပမှာပဲ ဖူလုံ၊ အဆင်ပြေနေပြီပဲ။ အဆင်ပြေသူများအဖို့တော့ မြန်မာပြည်သားများကို ဆင်းရဲတွင်းမှ လွတ်ကင်းစေလိုတဲ့ ပညာရေး၊ လူမှုရေး လုပ်ငန်းများမှာပဲ၊ တနိုင်ကူညီပေးချင်ကြပါတယ်။ ဥပမာ .. ဦးသန့်ရဲ့မြေး (ဦး)သန့်မြတ်ဦး၊ HTC ၏ CEO ဖြစ်သူ မန္တလေးသား ဦးဝင်းသန်း ခေါ် မစ္စတာပီတာချူး စတဲ့ နာမည်ကျော်များတောင် မြန်မာပြည်မှာ ငွေရှာဖို့မဟုတ်ပဲ၊ ကူညီဖို့ လာရောက်ကြသူတွေဖြစ်ပါတယ်။ သံယောဇဉ်ဆိုတာ .. နှလုံးသားခံစားချက်ပါ။
ပြည်တော်ပြန်လိုပါက ကျွန်ုပ်အကြံတခုပေးချင်ပါတယ်။ မိမိတယောက်တည်း အတတ်ပညာ၊ ငွေအရင်းအနှီးများဖြင့် ပြန်မည့်အစား၊ ပြည်ပတွင် ၀ါသနာတူသော အဖွဲ့အစည်းတခု၊ ရှိနေရန် Group လိုအပ်ပါတယ်။ မြန်မာပြည်သားများကို သင်ကအသုံးချရန် အကြံဖြင့်လာပါက၊ ပြင်တွင်းမှ မြန်မာများက သင့်ကိုအသုံးချသွားမည်သာဖြစ်၏။ အဲဒါကြောင့် ပြည်ပကုမဏီများ မြန်မာပြည်လာရောက်လုပ်ကိုင်ပါက သူတို့ကုမဏီ ၀န်ထမ်းများဖြင့်သာ လာကြပတယ်။ ပြည်တွင်းမှ မြန်မာများနှင့် ဖက်စပ်မလုပ်လိုကြပါ။ စပ်တူလုပ်ငန်းလုပ်ပါက အများအားဖြင့် တစ်ဦးက မောင်ပိုင်စီးသွားလေ့ရှိကြောင်း လူတိုင်းသိပါတယ်။

နိုင်ငံအတွက် နိုင်ငံခြားငွေရှာဖွေခြင်းအကြောင်း
FDI Foreign Investment ဆိုတဲ့ နိုင်ငံခြားရင်းနှီးမြှတ်နှံမှု ဆိုရင် လူပိန်းအတွေးအရ သူဌေးနိုင်ငံတွေက ဆင်းရဲတဲ့နိုင်ငံတွေဆီ လာရောက်ရင်းနှီးမြှတ်နှံတယ်လို့ ထင်မိမယ်။
မဟုတ်ပါဘူး....။ကမ္ဘာ့ထိပ်တန်း နိုင်ငံခြားရင်းနှီးမြှတ်နှံမှု အများဆုံးရတဲ့နိုင်ငံဟာ သူဌေးနိုင်ငံတွေပဲ ဖြစ်ပါတယ်။ အမေရိကန်ဟာ Top နေရာကို ယူထားပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြုတ်နှံမှုဆိုတာ မရှိရင် အဲဒီနိုင်ငံတော့ မလွယ်တော့ဘူး ..လို့ ပြောရပါမယ်။ ကမ္ဘာ့အချမ်းသာဆုံးဆိုတဲ့ အမေရိကန်ကို နိုင်ငံခြားကကုမဏီများ လာရောက်ရင်းနှီးဆုံးနေဆဲပါတယ်။
ဝီကီမှာ ကြည့်တဲ့အခါ နိုင်ငံခြားရင်းနှီးမြုတ်နှံမှု အများဆုံးရတဲ့ နံပါတ်အစဉ်လိုက်နိုင်ငံများဟာ အမေရိကန်၊ ပြင်သစ်၊ အင်္ဂလိပ်၊ ဂျာမဏီ၊ ဟောင်ကောင် (တရုပ်ပြည်တိုက်ရိုက်မလာလိုသူများ ဟောင်ကောင်မှတဆင့်ရင်းနှီးမြုတ်နှံပါတယ်)၊ ဘယ်လဂျီယံ၊ နယ်သာလန်၊ စပိန်၊ တရုပ် ..စသည၊ိတို့ဖြစ်ပါတယ်။ စင်ကာပူက အဆင့် ၁၇မှာရှိပြီး၊ ဂျပန်က အဆင့်၂၀၊ ထိုင်းနီုင်ငံ အဆင့်၂၈၊ တောင်ကိုးရီးယား အဆင့်၂၉၊ အင်ဒိုနီးရှား အဆင့်၄၁၊ ဗီယက်နမ် အဆင့်၄၃ .. ရှိကြပါတယ်။
Ref Web: http://en.wikipedia.org/wiki/List_of_countries_by_received_FDI
 
Credit@
 

No comments:

Post a Comment