Popular Posts

Friday 23 March 2012

iPhone သုံးသူများ ဆီးချို၊ သွေးချို တိုင်းတာနိုင်ပြီ

17 Mar 2012 |By itTimes

 iPhone သုံးသူများ ဆီးချို၊ သွေးချို တိုင်းတာနိုင်ပြီiBG Starအမည်ရှိ စတာလင် ၄၈ ပေါင် တန်ပစ္စည်းတစ်မျိုးအား iPhone နှင့် တွဲဖက်အ သုံးပြု၍ ဆီးချို၊ သွေးချိုတိုင်းတာနိုင် ရန်ဖန်တီး ပေးလိုက်ပြီဖြစ် သည့်အတွက် iPhone အသုံးပြု နေကြသော ဆီးချို၊ သွေးချိုဝေဒနာရှင်များအ တွက် သတင်းကောင်းပင်ဖြစ်သည်။
အဆိုပါiBG Starကို iPhone နှင့်သာမ က iPod Touchနှင့်လည်း တွဲဖက်အသုံးပြု နိုင်မည်ဖြစ်ပြီး တစ်ပါတည်းအခမဲ့ Diabetes Manager App ကို အသုံးချ၍ သွေးအတွင်းရှိ သကြားပမာဏကို စစ်ဆေးနိုင်မည်ဖြစ်သလို ဆီး ချို၊ သွေးချိုရောဂါအုပ်စုတွင် နံပါတ်တစ်အမျိုး အစားဖြစ်သော Auto-Immune ရောဂါ၏ ဖြစ် နိုင်မည့် ရောဂါလက္ခဏာများကိုပါ မှန်းဆနိုင် မည်ဖြစ်သည်။
သွေးအတွင်း၌ သကြားဓာတ် များပြားခြင်းသည် နှလုံး၊ ကျောက်ကပ်နှင့် မျက်စိ ပျက်စီးခြင်းတို့ ဦးတည်နိုင်သည့်နည်းတူ အာရုံကြောစနစ်များ ချို့ယွင်းခြင်းလည်း ဖြစ်နိုင် သည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က အလေးထား ကုသရန်အတွက် ဂရု တစိုက်သတိပေးထားပြီဖြစ်သည်။ ဗြိတိန်နိုင်ငံ တွင် ဆီးချို၊ သွေးချိုရောဂါခံစားရသူ ၂ ဒသမ ၉ သန်းခန့်ရှိနေသည်။

<>
ZZ itTimes
Ref:yoyalay

No comments:

Post a Comment