Popular Posts

Thursday 7 April 2011

တရုတ်ရိုးရာအမည်းရောင်ပျားရည် ဆေးလုံးအလွန်ဘေးအန္တရာယ် ကြီးမားကြောင်းတွေ့ရှိ


စင်ကာပူ -  တရားမ၀င်ရောင်းချနေသော အမည်းရောင် ပျားရည်ဆေးလုံးသည် အရသာထူးရန်အတွက် ဓာတု ဒြပ်ပေါင်းတစ်မျိုးအား ရောစပ်ထားသည့်ဆေးများဖြစ် ကြောင်း ကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့ (HSA)မှ ပြောကြားခဲ့ကြောင်း သိရသည်။

အမည်းရောင်ပျားရည်ဆေးလုံးသည် အဆစ် အမြစ်ရောင်ရောဂါကဲ့သို့ နာတာရှည် နာကျင်ကိုက်ခဲ နေမှုကို ယူပစ်သလိုပျောက်ကင်းစေနိုင်သကဲ့သို့ သက် လတ်ပိုင်းအရွယ် အမျိုးသမီးတို့တွင်ဖြစ်တတ်သည့် နာ မကျန်းဖြစ်မှုများကိုလည်း သက်သာလျော့ပါးစေသည် ဟု သိရသည်။

သို့ရာတွင် ဓာတုဒြပ်ပေါင်းများအား နာတာ ရှည်သုံးစွဲပါက ဟော်မုန်းဖောက်ပြန်မှုကို ဖြစ်ပေါ်စေ ကြောင်း (HSA)မှ ပြောကြားခဲ့သည်။

အမည်းရောင်ဆေးလုံးကို တာရှည်သုံးစွဲပါ က ကိုယ်အလးချိန်တိုးခြင်း၊ အိပ်မပျော်ခြင်းလက္ခဏာ များအပြင် သွေးတိုးခြင်း၊ ကိုယ်ခံအားကျဆင်းခြင်းနှင့် သွေးချိုပမာဏမြင့်တက်ရာမှ ဆီးချိုရောဂါကိုဖြစ်ပွားစေ တတ်သည်ဟုဆို၏။

အမည်းရောင်ပျားရည်ဆေးလုံးများကို တံ ဆိပ်မပါသော ပလတ်စတစ်ပုလင်းများဖြင့် ထည့်သွင်း ရောင်းချပြီး ဆေးလုံး ၁၀၀ပါ တစ်ပုလင်းလျှင် စင်ကာပူ ၃၅ဒေါ်လာမှ ဒေါ်လာ၈၀အထိတန်ဖိုးရှိသည်။


Ref:thenyangontime

No comments:

Post a Comment