Popular Posts

Saturday 2 March 2013

ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားရယူရန်မလိုဘဲ တင်ပို့တင်သွင်းခွင့်ပြုခြင်း

ဒီသတင်းကောင်းလေးတွေကိုကြားရတာ ၀မ်းသာစရာပါဘဲ! ကြားကြားခြင်းယုံတောင်မယုံဘူး ? လူသုံးကုန် တွေကို လိုင်စင်မပါဘဲ သွင်းခွင့်ပေးတာကို.....
IT နှင့်ပတ်သက်တဲ့ပစ္စည်းတွေ၊လူသုံးကုန်ပစ္စည်းတော်တော်များများကို လိုင်စင်မပါဘဲ သွင်းလို့ရနေပါပြီ လေ!  အလှကုန်တွေလဲပါတယ်ဆိုတော့မစိုးပါဘူး!
ကျွှန်တော်ကိုယ်ပိုင်စီးပွားရေးတွေလုပ်တုန်းက ဒီပါမစ်ကိစ္စတွေနှင့်ခေါင်းခြောက်ဖူးပါတယ်လေ! အခုတော့ မလိုတော့ဘူးတဲ့! ဒါပေမဲ့ အကောက်ခွန်မှာ တခါတည်းရာဖြတ်ပြီး အခွန်ဆောင်လိုက်ရုံဘဲပေါ့!
အဓိကနယ်စပ်ကမှောင်ခိုတွေကို လုံးဝပပျောက်စေချင်လို့နှင့်တူပါတယ်! အခွန်များများရအောင်လုပ် လိုက်တာပါဘဲ!
ပြည်တွင်းလုပ်ငန်းရှင်တွေအတွက်တော့ဝမ်းသာစရာပါဘဲ!
 

 
ပြည်ပပို့ကုန် ၁၅၂ မျိုး၊ သွင်းကုန် ၁၆၆ မျိုး စုစုပေါင်း ပို့ကုန်သွင်းကုန်အမယ် ၃၁၈ မျိုးကို မတ် ၁ ရက်မှစ၍ လိုင်စင်လျှောက်စရာမလိုဘဲ လွတ်လပ်စွာ ရောင်းဝယ်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။

လိုင်စင်မလိုဘဲ တင်ပို့ခွင့်ပြု သည့် ကုန်စည်များတွင် လယ်ယာ ထွက်ကုန်ပစ္စည်းများ၌ ပဲမျိုးစုံ၊ ပြောင်းဖူးစေ့တို့ အပါအ၀င်အမျိုး ပေါင်း ၄၃ မျိုး၊ ရေထွက်ကုန် ၁၁ မျိုး၊ သစ်တောထွက်ပစ္စည်း ၁၉ မျိုး၊ တိရစ္ဆာန်ထွက်ပစ္စည်းများတွင် သိုး၊ ဆိတ်၊ ၀က်အရှင်တို့ အပါအ၀င် လေးမျိုး၊ စက်မှုလက်မှုနှင့် အခြားပို့ကုန်များတွင် လက်ခစားအမယ် လုပ်ငန်းထုတ်ကုန်ပစ္စည်းများ အားလုံးနှင့် ပို့ကုန်အမယ်(၇၄)မျိုး ခွင့်ပြုထားကြောင်း ကုန်သွယ်ရေး ညွှန်ကြားရေးမှူးဦးစီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။

“လိုင်စင်မရှိတော့ ပြည်ပကို တရားဝင် ရောင်းဝယ်လို့ရတာပေါ့။ ပြီးတော့ နှစ်ရင်းရင်းရတာနဲ့ စင်ကာပူဘဏ်တွေကို ပွဲစားခပေး ရတာ သက်သာတာပေါ့” ဟု ပြည်ပသို့ ပြောင်းဖူးစေ့ တင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ယခင်က ပြည်ပတင်ပို့ရန် လိုင်စင်လျှောက်ရာတွင် လိုင်စင်ဈေးနှုန်းတစ်ခု သတ်မှတ်ပြီး ငွေသွင်း၍ ရောင်းချရသည်။ မြန်မာ နိုင်ငံက ပြည်ပသို့ ကုန်ပစ္စည်းများ ရောင်းချရာတွင် အများအားဖြင့် သင်္ဘောပေါ်ရောက်စနစ် (FOB) ဖြင့်သာ ရောင်းချရသည်။ ၎င်းစနစ်ကြောင့် ၀ယ်ယူသည့် နိုင်ငံက သူ့နိုင်ငံဆိပ်ကမ်းရောက်လိုအပ်လျှင် အခက်အခဲဖြစ်ရကြောင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များက ဆိုသည်။

လိုင်စင်မလိုဘဲ တင်သွင်းခွင့်ပြုထားသည့် သွင်းကုန် (၁၆၆) မျိုးတွင် တီဗီ၊ ရေခဲသေတ္တာ၊ အဲကွန်းစသည့် ဇိမ်ခံပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အ၀တ်အထည် ပိတ်စအမျိုးမျိုးနှင့် ခွင့်ပြုထားသော သစ်သီးအစိုများ ပါဝင်သည်။

ယခင်က သွင်းကုန်လုပ်ငန်းများတွင်လည်း လိုင်စင်လျှောက်ပါက ပြည်ပပို့ကုန်ရငွေရှိမှ တင်သွင်းခွင့်ရှိသည်။ ယခုကဲ့သို့ လိုင်စင် မလိုအပ်တော့ပါက ရှုပ်ထွေးမှုများ ဖြေလျှော့သွားမည်ဖြစ်ကြောင်း မူဆယ်ကုန်သွယ်ရေးဇုန်မှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။ ဧပြီ ၁ ရက် တွင် လိုင်စင်မလိုဘဲ ပို့နိုင်သွင်းနိုင်သော ကုန်အမယ်များ ထပ်တိုးပေးမည်ဟုလည်း သတင်းရရှိသည်။
ပြည်သိမ်း
No Need Permit Import and Export by

သွင်းကုန်ထုတ်ကုန်ဥပဒေတွေပါ...








ဒီမှာ ကုန်သွယ်ရေးသတင်းစုံတွေကိုဒီမှာ ကြည့်လို့ရပါတယ်>>>ပို့ကုန်သွင်းကုန် သတင်းလွှာ
 
 
 
ကားဟောင်းတွေကိုဖျက်သိမ်းကြောင်းသတင်းလေးပါ၊ ကားဈေးတွေဖုန်းဈေးတွေကျကုန်လို့ အများပြည်သူ တွေ ၀မ်းသာပေမဲ့ ဈေးကြီးမီပြီး သိန်း ၃၀-၄၀နှင့်ပေးဖုန်းဝယ်ထားသူတွေတော့ သေပြီပေါ့လေ! ဖုန်းဆိုရင် နောက်သောင်းဂဏန်းဘဲရှိတော့မယ်၊ ကားကလဲမော်ဒယ်နိမ့်ကားဟောင်းတွေဆိုရင် သိန်း ၁၀၀-၂၀၀လောက်ဆို ကောင်းကောင်းရနေပြီလေ! ၀မ်းသာစရာပါဘဲ!
ဒါပေမဲ့ ကားဥပဒေတွေ တောက်လျှောက်ပြောင်းနေတာက အခုမှမဟုတ်ပါဘူး ဟိုး ၁၉၉၀ ခုနှစ်ကတည်း က ခုတမျိုးတော်ကြာတမျိုးလုပ်နေတာပါ ဆရာများတော့ အသားမသေဖြစ်နေကတယ် လူကြီးရင် အကုန်လိုက်ပြောင်းတတ်တာက နီးစပ်ရာ လူတွေစားလို့ရအောင်အကွက်ဖန်တီးပေးထားသလိုပါဘဲ သတင်းဦးရတဲ့လူတွေစားရပြီး နောက်ကျတဲ့ လူတွေ ခံပေအုံးတော့! ပလုံလို့တောင် အသံကြား လိုက်ရမယ်မထင်နှင့်! ဒီလိုလုပ်မှ စားရမှာကိုး! အခုတောင် ကားပါမစ်ဈေးက ၇၀-၁၀၀ ကြားမှာ ကစားနေ တုန်းဘဲ! ဒါတောင်နိုင်ငံခြားဝင် ငွေရှိကျတဲ့သူတိုင်းကားတကြိမ်စီ မော်ဒယ်မြင့်ကားတွေ သွင်းခွင့် ပေးတာနော်! ကားအရောင်းပြခန်းတွေလဲ မှိုလိုပေါက်နေတယ် လေ! အရင်တုန်းက တခါမှမကြား ဖူးတဲ့ တကယ့်နိုင်ငံခြားဘီယံနာတွေစီးတဲ့ ဈေးအရမ်းကိုဈေးကြီးတဲ့ ကားတွေတောင်ပါတယ်? မြန်မာပြည် ကလမ်း နှင့် ဘယ်လိုလုပ်ပြီးစီးကျမလဲတော့ မသိပါဘူးလေ!
 
roo_1_2010 by အာစီယံနှင့်ပတ်သက်တဲ့သတင်း    
ဝမ်းနည်းစရာကောင်းတာက မြေဈေးအိမ်ဈေးတွေတက်လိုက်တာက ၂၀၁၁ အရှေ့ပိုင်းကနှစ်တွေကနှင့် ၂၀၁၂ နှစ်နောက်ပိုင်းနှစ်တွေ အခုထိအိမ်ခြံမြေဈေးတက်တာမှာ ၂ဆ ၃ဆ ၅ဆလောက် နေရာကောင်းရင် တောင်းသလောက်ခေါ်ဈေးနှင့်ဝယ်မဲ့သူတွေတောင်ရှိနေကျတယ်ဆိုဘဲ!
အရှေ့တောင်အာရှမှဈေးအကြီးဆုံးမြေဈေးဖြစ်နေပါပြီလေ! ဘာဆိုဘာမှမရှိတဲ့မြန်မာပြည်ကို ဘယ်သူဌေးတွေကမှ လာလုပ်ချင်မလဲနော်! ကမ္ဘာ့နိုင်ငံတကာသူဌေးတွေဆိုတာ နိုင်ငံတကာမှာ ဂျင်တကာဂျင်တွေပါ! အမှန်တကယ်အမြတ်သေချာနိုင်မှ လာလုပ်ကျတာပါ! သူတို့ရဲ့နိုင်ငံစုံအတွေ့အကြုံတွေအရ ဖွံ့ဖြိုးစနိုင်ငံငယ်လေးတွေ အများကြီးရှိနေပါသေးတယ် သေချာခိုင်မာတဲ့ တည်ငြိမ်တဲ့ နိုင်ငံငယ်တွေမှာဘဲ ရင်နှီးမြှပ်နှံ ချုင်မှာပါ၊ မသေချာမရေသေးတဲ့ ဥပဒေတွေနှင့် နိုင်ငံရေးမတည် မငြိမ်ဖြစ်နေသေးတဲ့ အမိမြန်မာပြည်ကြီးမှာ ဘာဆိုဘာမှာမရှိတဲ့နည်းပညာတွေ၊ကျွှမ်းကျင်တဲ့ အတတ်ပညာရှင်ပေါင်းစုံတွေ၊ ကုန်ကြမ်းတွေ၊ လျှပ်စစ်ပါဝါတွေနှင့် ဈေးကြီးလွန်းနေတဲ့ မြေဈေးတွေပါဘဲ! အမှန်တကယ်စက်မှုဇုံတွေမှာ နိုင်ငံခြားရင်းမြုပ်နှံတာလာနေတာက အရေတွက်နည်းနည်းလေးဘဲ ရှိသေးတယ်! နိုင်ငံတကာနာမည်ကြီးကုမ္ပဏီတွေ ခြေဦးမှုရယူထားတာဘဲရှိပါသေးတယ်! သွေးတိုးစမ်းတဲ့ ပုံစံပါဘဲလေ!
ဟိုလူအကြံပေးကောင်း၏ ဒီလူအကြံပေးကောင်း၏ဖြစ်နေပါတယ် ဘာမှကိုယ်ပိုင်ဥာဏ်နှင့် မဆုံးဖြတ်နိုင်သေးပါဘူးလို့ပြောချင်ပါတယ်၊ ဧည့်သည်တွေများလွန်းလို့ ဧည့်ခံနေရတတွေကိုက အစည်းမလုပ်နိုင်အောင်မအားကျတော့ မဆုံးဖြတ်နိုင်ဖြစ်နေရတာကိုး!စပြီးလုပ်ငန်းတွေစလုပ်ကြည့် လိုက်တယ် ဟိုက၀ိုင်းအော်လိုက် ဒီက၀ိုင်းအော်လိုက်လုပ်နေရင် လက်ရှိလုပ်ငန်းတွေကို ရပ်ပစ် လိုက်ကျ တယ်၊ ဒီအတိုင်းတာ ဆက်လုပ်နေရင်တော့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေ ဘယ်လိုလုပ်ပြီး ယုံကြည့်မှုတွေ ရရှိပါတော့မလဲ? သူတို့က စီပွားရေးလုပ်နေတာလေ! စွန့်စားပြီး အများကြီးရင်းနှီးမြှပ်နှံထားတာလေ! ရင်တထိပ်ထိပ်နှင့် ဘယ်သူကမှ ထီထိုးသလိုစွန့်စားပြီးတဲ့ အလုပ်တွေလုပ်ချင်ပါ့မလဲ! ကြာလာရင် နိုင်ငံတကာက ကုမ္ပဏီကြီးတွေ စိတ်ပျက်သွားနိုင်ပါတယ်!
 
 
 
ဈေးကွက်သတင်းအချက်အလက်များ
MARKET INFORMATION & RESEARCH TEAM [ Market News Bulletin 2013 ]
 
 
 
 
 
 Credit@ Mar 2,13&2:45

No comments:

Post a Comment