Popular Posts

Thursday 12 April 2012

Tsunami Alarm 2012







မြန်မာ နိုင်ငံ တွင် စုနမိ အန္တရယ် သက်ရောက်မှု မရှိ ၊ ငလျှင် ငယ်များ ဆက်လက်လှုပ်နေဆဲ (Update)

Sumatra Earthquakeမြန်မာစံတော် ချိန် ညနေ ၃း0၇ မိနစ် အချိန် ခန့် က အင်ဒိုနီးရှား နိုင်ငံ မြောက် ဆူမားတြား ကျွန်း ၏ အနောက် ဘက် ကမ်းခြေ အာချေး ပြည်နယ် 2.348°N, 93.073°E နေရာ ကို ဗဟို ပြု ပြီး မဂ္ဂနီ ကျူ ၈.၉ အဆင့်ရှိ ငလျှင် တစ်ခု လှုပ် ခတ် သွားခဲ့ သည် ဟု အမေရိကန် ဘူမိလေ့လာရေး အသင်း USGS မှ သတင်းထုတ် ပြန်ခဲ့ သည်။ ငလျှင် ကြီး လှုပ်ပြီးနောက် နောက်ထပ် နှစ်နာရီ ခန့်  အကွာ တွင် မဂ္ဂနီ ကျု ၈.၂ အဆင့် ရှိ ငလျှင် တစ်ခု ထပ်မံ လှုပ်ခတ်သွားခဲ့ပြီး ည ၈ နာရီ အထိ ၅.၂ ၊ ၅.၄ အဆင့် နှင့် ၅.၆ အဆင့် ထိ ငလျှင် ငယ်များ ဆက်လက် လှုပ်ခတ် လျှက် ရှိသည်။ ငလျှင် ကြောင့် အင် ဒိုနီးရှား နိုင်ငံ တွင် သေဆုံး သူမရှိ ဟု သိရသည်။ မြန်မာစံတော်ချိန် ည ၉ နာရီ မိနစ် ၃၀ အချိန် နောက်ဆုံး ရရှိသည့် သတင်း အရ အားပြင်းသော စုနမိ လှိုင်းများ လာရောက် ရိုက် ခတ် ခြင်း မရှိ ဘဲ မြန်မာ့ ကမ်းလွန် ပင်လယ် ပြင် ရှိ ကျွန်းများ တွင် ရေလွှမ်း မိုး မှု နှင့် ပျက်စီးမှု ရှိနိုင်သည် ဟု သိရသည်။ သင်္ကြန် အားလပ် ရက် တွင် ငွေဆောင် ၊ ချောင်းသာ ၊ စစ်တွေ စသည့် ပင်လယ်ကမ်းခြေများ တွင် အပန်း ဖြေထွက် သူများ မှာ ကမ်းခြေ နှင့် ဝေးသည့် နီးစပ် ရာ မြို့ များ တွင် ၀င်ရောက် ခိုလှုံ လျှက် ရှိသည်။ စုနမီ ကြေငြာချက် ထွက် ပေါ် မှု ကို ပင်လမ် ကမ်းခြေ အနီး ဉ် နားဆင် ရ ပါက ကမ်းခြေ နှင့် အနည်းဆုံး ၃ မိုင် ဝေးသည့် နေရာ ကို အရောက် သွား ရန် အာရှ – ပိစိဖိတ် စုနမိ လေ့လာရေး ဌာန က ညွှန်ကြားထား သည်။ ဆူမားတြား ငလျှင် လှုပ်ခတ် မှု ၏ အရှိန် ကြောင့် ရန်ကုန် ၊ ဘိုကလေး ၊ မအူပင် နှင့် ဖျာပုံ မြို့  များ တွင် ၃ မိနစ် ကျော်ခန့် ကြာသည့် အထိ ငလျှင် လှုပ်ခတ် မှု ရှိ ခဲ့ ပြီး ရန်ကုန် မြို့ လည်ရှိ ကန်ထရိုက်တိုက်များ တွင် နေသူများ မှာ မြေညီ ထပ် တွင် ဆင်း နေကြသည်။ ငလျှင် ၏ ရိုက်ခတ် မှု မှာ မြို့ တော် ဂျကာတာ နှင့် မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့ များ ထိရှိသည်။ ငလျှင် လှုပ်ခတ်ပြီး နောက် အာရှ-ပိစိဖိတ် စုနမိ စောင့်ကြည့် ရေးဌာန နှင့် အင်ဒိုနီးရှား အစိုးရ တို့ မှ စုနမိ သတိပေးချက် များ ထုတ်ပြန်ထား ရှိသည် ဟု သတင်း ရရှိသည်။ ယနေ့ ငလျှင် လှုပ်ခတ်ခဲ့သည့် နေရာ နှင့် အနီး တစ်ဝိုက် တွင် ဇန်န၀ါရီ လက ငလျှင် ငယ် တစ်ခု လှုပ် ခတ် ခဲ့ ပြီး ၂၀၀၄ ခုနှစ် က လူသန်းချီ သေဆုံး ခဲ့သည့် အင်အား ပြင်း ငလျှင် လှုပ်ပြီး စုနနီ ရေလှိုင်း များ ဖြစ်ပေါ်ခဲ့သည်။ အာချေး ပြည်နယ် သည် အဓိက ကျသည့် ဘူမိ ပြတ်ရွေ့ ကြောနှင့် Pacific Ring of Fire ၏ အဖျား ပေါ် တွင် တည် ရှိသည်။ ဖျာပုံ နှင့် ဘိုကလေး မြို့  တွင် ငလျှင် ဒဏ် သိသာစွာခံစားရသည် ဟု FNG မှ သတင်း ရရှိသည်။ အရေးပေါ် သတိပေးချက်-- မြန်မာနိုင်ငံအတွက် Tsunami alert ထုတ်ပြန်လိုက်ပါပြီ… မြန်မာနိုင်ငံအတွက် စူနာမီလှိုင်းခန့်မှန်းရောက်ရှိချိန်များမှာ CHEDUBA_ISLAND 18.9N 93.4E 1149Z 11 APR CHEDUBA_ISLAND 18.9N 93.4E 1149Z 11 APR PYINKAYAING 15.9N 94.3E 1150Z 11 APR SITTWE 20.0N 92.9E 1226Z 11 APR MERGUI 12.8N 98.4E 1316Z 11 APR YANGON 16.5N 96.4E 1507Z 11 APR

No comments:

Post a Comment