Rare Earth Elements ဆိုသည်မှာ
Rare Earth Elements ဆိုတာကတော့ Periodic Table မှာ အနီရောင်နဲ့ ၀ိုင်းပြထားတဲ့ ဒြပ်စင်တွေ ကို ခေါ်တာပါဘဲ ၊ စုစုပေါင်း ၁၇ မျိုးရှိတယ် ၊ သဘာဝမှာတော့ ဒီ Elements တွေကို အခြားဒြပ်စင်တွေနဲ့ပေါင်းပြီး အောက်ဆိုဒ်တွေ အဖြစ်နဲ့ တွေ့ရများတယ် စာတွေမှာတွေ့ရတဲ့ RE , REE ,REM စတာတွေဟာ ဒီရှားပါးသတ္တုတွေကို အတိုခေါ်ကြတာပါဘဲ!
- RE = rare earth
- REM = rare earth metals
- REE = rare earth elements
- REO = rare earth oxides
- REY = rare earth elements and yttrium
- LREE = light rare earth elements
- HREE = heavy rare earth elements
Rare Earth ၏အစနှင့် စိတ်ဝင်စားဘွယ်အမည်များ
ဖင်လန်နိုင်ငံသား ဓါတုဗေဒ နဲ့ တွင်းထွက်ဗေဒ ပညာရှင် Johan Gadolin ဟာ ၁၈၀၀ ခုနှစ်လောက်က သူ့နိုင်ငံ ထဲက Ytterby ဆိုတဲ့ရွာကလေး ( ယနေ့တွင် အဆိုပါရွာလေးသည် ဆွီဒင်နိုင်ငံ ပိုင်နက်ထဲတွင်ရှိပါသည် ) မှာ ဒီနေ့အခေါ် gadolinite ခေါ်တဲ့ တွင်းထွက်တစ်မျိုးကို စတွေ့ခဲ့တာကနေ ဒီနေ့ Rare Earth ရဲ့ သမိုင်းက စတယ်လို့ ပြောရမယ် သူ့အရင်တွေ့တဲ့လူအချို့ရှိပေမယ့် သူ့လို သိပ္ပံနည်းကျ မဖေါ်ထုတ်နိုင်ခဲ့ဘူး ။ဒီ Ytterby ဆိုတဲ့ရွာလေးဟာ rare earth သမိုင်းမှာ အတော်အရေးပါတယ် ဘာလို့လဲဆိုတော့ ရှားပါးသတ္တုဒြပ်စဉ် ၁၇ မျိုးထဲက Yttrium ,Gadolinium , Terbium Ytterbium ဒြပ်စဉ်တွေဟာ ဒီရွာလေးကနေစတွေ့တာ ဖြစ်နေလို့ပါဘဲ ။
Rare Earth တွေရဲ့အမည်တွေဟာလည်း စိတ်ဝင်စားစရာကောင်းတယ် ဥပမာ အနေနဲ့ ပြောရရင် Yttrium , Ytterbium ဆိုတဲ့ elements တွေရဲ့ အမည်တွေဟာ ကို သူတို့ကို စပြီး တွေ့ခဲ့တဲ့ Ytterby ဆိုတဲ့ရွာကလေး အမည်ကို အစွဲပြုပြီးခေါ်ထားတာ Gadolinium ဆိုရင်လဲ ဒီလိုပါဘဲ သူ့ကို အရင်က Ytterby ရွာကလေးကတွေ့လို့ Ytterbite လို့ခေါ်ခဲ့ပြီးမှ နောက်ပိုင်းမှ သိပ္ပံ ပညာရှင်ကြီး Johan Gadolin ကိုဂုဏ်ပြုတဲ့အနေနဲ့ Gadolinium လို့ ပြောင်းခေါ်ခဲ့တာ ၊ Lanthanum ဆိုတဲ့ element ရဲ့ အမည်ကတော့ တစ်မျိုး ဖြစ်တယ် သူက ဂရိဘာသာစကား "lanthanein" ကနေလာတာ အင်္ဂလိပ်လိုတော့ Hidden လို့ အဓိပ္ပါယ်ရတယ် ။ Lutetium ဆိုတဲ့ရှားပါး Elements ကတော့ သူ့ကိုစတင်တွေ့ရှိရတဲ့ Lutetia ဆိုတဲ့ မြို့ကို အစွဲပြုပြီးခေါ်တာ အဲဒီ Lutetia ဆိုတဲ့မြို့ဟာ ဒီနေ့ ကမ္ဘာကျော်ပဲရစ်မြို့ကြီးပေါ့ ။ကျန်တဲ့ elements တွေမှာလည်း ဒီလို စိတ်ဝင်စားစရာ ကောင်းတဲ့ အမည်ဖြစ်ပေါ်လာပုံလေးတွေ ရှိသေးတယ် ။
Rare Earth ၏အသုံးဝင်ပုံများ
Rare Earth ရဲ့အသုံးဝင်ပုံတွေကို ပြောရမယ်ဆိုရင် များလွန်းလို့ ပြောမဆုံးပေါင် တောသုံးထောင် ဆိုတာလို ဖြစ်နေမှာမို့ အကျဉ်းလောက် ပြောချင်တယ် ... ၊ ဥပမာအနေနဲကပြောရရင် aerospace components လို့ခေါ်တဲ့ အာကသ သိပ္ပံဆိုင်ရာ ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ aluminium-scandium alloy လို့ခေါ်တဲ့ သတ္တုစပ်တစ်မျိုးရဘို့ Scandium ဆိုတဲ့ Rare Earth Elements ဟာ မရှိမဖြစ်လိုတယ် ၊အလားတူပဲ နေ့စဉ်အများပြည်သူသုံးပစ္စည်းတွေ ဖြစ်တဲ့ ကွန်ပြူတာ memory တွေ ၊ Chip set တွေ ၊ DVD လေဆာ ပြားတွေ ၊ မိုဘိုင်းဖုန်းတွေ ၊ စမတ်ဖုန်းတွေရဲ့ Touch Screen တွေ LED TV တွေ နာမည်ကျော် ipad တို့လို Tablet တွေ ကင်မရာ LENS တွေ ကျန်းမာရေးကုထုံးတွေမှာ လိုတဲ့ လေဆာရောင်ခြည်ထုတ်လုပ်ရေးတွေ မှာ ဒီ Rare Earth Elements တွေဟာ တစ်ခုမဟုတ် တစ်ခု အဓိကလိုအပ်နေတယ် ။ Rare Earth Elements တွေမရှိရင် ဒါတွေမရှိတော့ဘူးပေါ့ ဒါဆိုရင် ကမ္ဘာသူကမ္ဘာသားတွေရဲ့ လူမှုရေး ကျန်းမာရေး စီးပွားရေးတွေ အားလုံးကို ရိုက်ခတ်လာတော့မယ် ။
ဒါ့အပြင် Rare Earth Elements စစ်ဘက်ဆိုင်ရာ လက်နက်ထုတ်လုပ်ရေးတွေမှာလည်း မရှိမဖြစ်လိုနေတယ်Lanthanum ဟာ night-vision goggles လို့ခေါ်တဲ့ ညကြည့်မှန်ပြောင်းတွေ ၊ Neodymium လို့ခေါ်တဲ့ Rare Earth Elements ဟာ laser range-finders( လေဆာရောင်ခြည်သုံးပစ်မှတ်ရှာဖွေရေးစံနစ်), guidance systems (ဒုံးများကို ပစ်မှတ်ထိရောက်စေရန် လမ်းညွှန်ထိန်းချုပ်စံနစ် ), အခြားစစ်ဘက်သုံး အဆင့်မြင့်ဆက်သွယ်ရေးပစ္စည်းတွေ မှာ သူမပါရင် မဖြစ်တော့ဘူး ၊ အလားတူပဲ ပစ်မှတ်ကို အထူးတိတိကျကျ ထိရောက်အောင်ပစ်နိုင်တဲ့ precision-guided weapons တွေ အမေရိကန်တို့ရဲ့ နာမည်ကျော် ကိုယ်ပျောက်နည်းပညာ stealth technology တွေမှာ မဖြစ်မနေလိုအပ်တဲ့ "white noise" production တွေမှာ Samarium လို့ခေါ်တဲ့ Rare Earth Elements မပါရင် ဖြစ်ကိုမဖြစ်နိုင်လောက်အောင်ကို ဒီ Rare Earth Elements တွေဟာ အရေးပါ အရာရောက်နေကြတယ် ။
Want to see Link: >>>what-are-rare-earth-elements(1)
ဂျပန်မြန်မာ ဆက်ဆံရေးနှင့် rare earth ခေါ် ရှားပါးသတ္တုများအကြောင်း
"အခု သမ္မတကြီးရဲ့ ဂျပန်ခရီးစဉ်ကတော့ဖြင့် နိုင်ငံအတွက် သတင်းကောင်းတွေ ဆက်တိုက်ကြားနေရတယ် ဆရာ ODA တွေပြန်ပေးမယ် ရန်ကုန်မြို့ပြန်လည်တည်ထောင်ရေးကိစ္စတွေ ဖြစ်တဲ့ ရေပေးဝေရေး ၊ရေဆိုးထုတ်ရေး ၊ လျှပ်စစ်ဖြန့်ဝေရေးတွေမှာ ဂျပန်က အကူညီတွေပေးမယ် ၊ ကြွေး အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံကို လျော်ပေးမယ် ၊ အုပ်ချုပ်ရေးအတွက် ၀န်ထမ်းတွေသင်တန်းပေးဘို့ ယန်း သန်း၂၀၀ ပေးမယ် ၊ အိုင်စီတီကဏ္ဍတွေမှာ နည်းပညာကူညီမယ် ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မယ် ...စုံနေတာပါဘဲဆရာရယ်...တိုင်းပြည်အတွက် ၀မ်းသာစရာတွေ မဟုတ်လား "
"ပြည်တွင်းပြည်ပ သတင်းတွေမှာလည်း ဒီလိုပဲဖေါ်ပြကြတယ် ဂျပန်က မြန်မာကို ကူညီတယ်ပေါ့ ဒါပေမယ့် ဂျပန်နိုင်ငံအ ခုလိုအထောက်အပံ့တွေ ပြန်ပေး ကြွေးတွေလျော် လုပ်နေတာဟာ မြန်မာ့နိုင်ငံရေးအပြောင်းအလည်း တစ်ခုထဲကြောင့်တော့မဟုတ်ဘူး ဂျပန်က မြန်မာဆီက ပြန်ယူမယ့်ဟာတွေလည်း ရှိနေတယ် ဆိုတာကို သိထားရမယ် မောင်ရင်တင်မဟုတ်ဘူး မြန်မာပြည်သူတွေအားလုံးလည်းသိထားသင့်တယ် ၊ သိအောင်လုပ်ပေးဘို့လဲ မီဒီယာတွေမှာတာဝန်ရှိတယ် ၊ ဒီလိုမဟုတ်ရင် ဂျပန်ကပေးတာတွေ ပဲဗမာက ရပြီး တို့ကဘာမှပြန်မပေးရဘူးလို့ ကမ္ဘာက အထင်ရောက်နေရင် တို့မြန်မာတွေဘက်က တစ်ပန်းရှုံးတာပေါ့ကွာ"....
ကမ္ဘာပေါ်မှာ rare earth လို့ခေါ်တဲ့ ရှားပါးသတ္တုတွေဟာ ဒီဘက်ခေတ်မှာ သိပ်ပြီး အသုံးဝင်လာတယ် ၊ ရှားပါးသတ္တုဆိုတဲ့အတိုင်း ရှားပါးလိုက်တာကလည်း မပြောနဲ့မောင်ရေ... အပုံတစ်သန်းမှာ ဒီရှားပါးသတ္တုလေးတွေ ၈၀ ပုံလောက်ပါရင်ကိုပဲ ၀မ်းသာနေရတဲ့အဖြစ်မျိုး ကွ ၊ ဒီရှားပါးသတ္တုတွေကလည်း ကမ္ဘာပေါ်မှာ တရုတ်ပြည်က အများဆုံးထွက်တယ် ၊ ကမ္ဘာ့ ရှားပါးသတ္တု ဈေးကွက်ထဲက ၈၀%ကျော်ဟာ တရုတ်ပြည်က ထုတ်ရောင်းနေတာ ၊ ဒီလိုအခြေအနေကနေ မနှစ်ကတော့ တရုတ်ပြည်ဟာ သူ့ပြည်တွင်းလိုအပ်ချက်တွေ ရှိနေလို့ပါဆိုပြီးတော့ ဒီရှားပါးသတ္တုတွေ ပြည်ပတင်ပို့မှုတွေကို ရပ်ဆိုင်းပစ်လိုက်တယ်၊ အရင်စာချုပ် လက်ကျန်လေးတွေ ဆက်ပို့ပြီးရင် ဒါ တင်ပို့မှုကို လုံးဝ ရပ်ပစ်လိုက်တော့မယ်လို့ ဆိုတယ် "
"ဟာဒါဆိုရင် ကျန်တဲ့ လိုနေတဲ့နိုင်ငံတွေတော့ ဒုက္ခပေါ့နော် "
ဒါပေါ့မောင်ရင်ရာ... ဒီအထဲမှာ ဂျပန်နိုင်ငံဟာလည်း ထိပ်ဆုံးက ပါနေတာပေါ့ကွာ... ဂျပန်ဟာ ဒီရှားပါးသတ္တုမရရင် ပြဿနာတွေ အများကြီး ရှိတယ် ၊ ဆိုပါတော့ ipad တို့လို Tablet PC တွေ smart phone တွေ နောက်ပြီး ကွန်ပြူတာအစိတ်အပိုင်းတွေ နောက်ပြီး အာကာသဆိုင်ရာ ပစ္စည်းတွေ ထုတ်လုပ်တဲ့နေရာမှာ ဒီ rare earth တွေဟာ မရှိမဖြစ်လိုအပ်တယ် ဒါမရှိရင် အဆင့်မြင့်မြင့်ထုတ်လို့ကိုမရဘူး ၊ ခုကမ္ဘာ့ဈေးကွက်ရဲ့ ၈၀ % ကျော်ထုတ်လုပ်နေတဲ့ တရုတ်က မရောင်းတော့ဘူးဆိုတော့ ဒီပစ္စည်းတွေ ထုတ်နေတဲ့ စက်ရုံတွေ ၊ နိုင်ငံတွေ ၊ ကုမ္မဏီတွေဟာ အတော်ကို ခေါင်းရှုပ်နေရတဲ့အဖြစ်မျိုးကိုရောက်နေတယ် ။
ကဲ! ဒီလောက်ဆိုရင် သဘောပေါ့ပြီပေါ့နော် ! ဂျပန်ဘာကြောင့် အကြွေးတွေလျှော်ပစ်ရတဲ့ အကြောင်းရင်းလဲ?
Ref:Drsatephwar
Ref:Drsatephwar
No comments:
Post a Comment