Popular Posts

Friday, 19 August 2011

ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်ပနေနိုင်ငံသားများက နိုင်ငံခြားငွေအမျိုးအစားဖြင့် ပေးဆောင်စေသည့် ၀င်ငွေခွန်ကို ၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့လျှော့ပေါ့သတ်မှတ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည် ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်ပနေနိုင်ငံသားများက နိုင်ငံခြားငွေဖြင့်ရရှိသည့် လစာခေါင်းစဉ်မှ ၀င်ငွေစုစုပေါင်းအပေါ်ရရှိသည့် နိုင်ငံခြားငွေ အမျိုး အစားဖြင့် ပေးဆောင်စေသည့် ၀င်ငွေခွန်ကို ၁၀ ရာခိုင်နှုန်းအစား ၂ ရာခိုင်နှုန်းသို့ လျှော့ပေါ့ သတ်မှတ်လိုက်ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၁၅၇/၂၀၁၁ ကို ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင်ထုတ်ပြန်ခဲ့ပါသည်။

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာနသည် ၀င်ငွေခွန် ဥပဒေပုဒ်မ ၄ တွင်အပ်နှင်းထားသည့်လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၈/၂၀၁၁) မှ သဘောတူခွင့်ပြုချက်အရ ဤအမိန့် ကြော်ငြာစာကိုထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ဤအမိန့်ကြော်ငြာစာသည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှစ၍ ၂၀၁၂ ခုနှစ် ဖေဖော်ဝါ ရီလ ၁၈ ရက်နေ့အထိ ၆ လအကျိုး သက်ရောက်စေမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအမိန့်ကြော်ငြာစာကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှထွန်း၏ လက်မှတ်ဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
Ref:Weeklyelevennews

No comments:

Post a Comment