Popular Posts

Thursday 14 July 2011

စင်ကာပူတွင် ဘွဲ့လက်မှတ် အတုဖြင့် လုပ်ကိုင် နေသူများ၊ သွားရောက် လုပ်ကိုင်မည့် သူများ ထောင်ဒဏ် အထိ ချမှတ် ခံရနိုင်


စင်ကာပူနိုင်ငံ တွင်လက်ရှိဘွဲ့လက်မှတ် အတုဖြင့်လုပ်ကိုင်နေသူများ နှင့်ဘွဲ့လက်မှတ် အတုဖြင့် သွားရောက် လုပ်ကိုင်မည့်သူများ အနေဖြင့် စင်ကာပူ နိုင်ငံတွင် ထောင်ဒဏ် အထိချမှတ်ခံရနိုင်ကြောင်း ပြည်ပ အလုပ်အ ကိုင်ကျွမ်းကျင်သူအသိုင်းအ၀ိုင်းမှ သိရသည်။
စင်ကာပူနိုင်ငံ တွင် ဘွဲ့လက်မှတ်အတုဖြင့် ၀င်ရောက်လုပ်ကိုင်နေကြောင်းစစ်ဆေးတွေ့ ရှိပါက စင်ကာပူ အစိုးရမှ ထောင်ဒဏ် ၂ နှစ် အထိချမှတ်နိုင်ကြောင်း စင်ကာပူရောက် မြန်မာအလုပ်သမားများကဆိုသည်။
“အခုနောက်ပိုင်း စင်ကာပူမှာ S.Pass အလုပ်တွေက WP ထက်ပိုပြီးခေတ်စားလာ တယ်။ S.Pass နဲ့ မရရအောင်လာကြတယ်။ S.Pass ကဘွဲ့ရပဲ ခေါ်တော့ဘွဲ့လက်မှတ် တင်ပြရတယ်။ အဲ့ဒီမှာ ဘွဲ့မရသေး တဲ့သူတွေ က ဘွဲ့လက်မှတ်အတုတွေလုပ်ပြီး ပွဲစားတွေ နဲ့ရောက်လာကြတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက် တုန်းကတော့ ဒီက အလုပ်ရှင်တွေ ကိုယ်တိုင်က လက်ခံပေးထားတယ်။ အခုနောက်ပိုင်းမှာအလုပ် သမားက ပေါလာတော့ သူတို့အနေနဲ့ကျွမ်းကျင် တဲ့တကယ့်ဘွဲ့ရအလုပ် သမားပဲသေချာစိစစ်ပြီးမှ ပဲခေါ်တယ်။ တကယ်လို့ ဘွဲ့လက်မှတ် အတုဖြစ် တယ်ဆိုတာကို စင်ကာပူအလုပ်သမား ၀န်ကြီးဌာ နက စစ်ဆေး တွေ့ရှိရင်ထောင်ကျ မယ်။ အကောင်း ဆုံးကတော့ ကိုယ့်အရည်အချင်း အစစ်အမှန်နဲ့ လာတာပဲကောင်းပါတယ်”ဟု စင်ကာပူနိုင်ငံတွင် လေးနှစ်ကျော်ကြာ အလုပ်လုပ်ကိုင်နေသူတစ်ဦး က ဆိုသည်။
စင်ကာပူနိုင်ငံတွင် S.Pass အလုပ်သမား တစ်ဦး၏ တစ်လစာ လစာငွေမှ စင်ကာပူဒေါ်လာ ၃၀၀၀ မှ ၂၂၀၀ ကြားတွင် သတ်မှတ်ထားသော် လည်း လက်တွေ့တွင် တစ်လလျှင် စင်ကာပူဒေါ် လာ ၁၃၀၀ ၀န်းကျင်သာ ရရှိသူများပြားသည်။ ထို့ကြောင့်ပြီးခဲ့သည့် လအနည်း ငယ်ခန့်က စင်ကာပူ အလုပ်သမားဝန်ကြီးဌာန MOM (Ministry of Manpower)မှ S.Pass အလုပ်သမား တစ်ဦးလျှင် တစ်လအနည်းဆုံး စင်ကာပူ ဒေါ်လာ ၃၀၀၀ ပေးရမည်ဖြစ် ကြောင်း ထုတ်ပြန်ခဲ့ပြီး အခြား အထွေထွေလုပ် သာများအား လည်း လုပ်ခ လစာများတိုးမြှင့် ပေးရန် လုပ်ငန်းရှင်များ အားပြောကြားထား ကြောင်းသိရသည်။
“အခုက အလုပ်သမား ၀န်ကြီး ဌာနက လည်း သတ်မှတ်လစာကိုထုတ်ပြန်လိုက်ပြီဆို တော့ အလုပ်ရှင်တွေ ဘက်ကလည်း သူတို့ပေး တဲ့ ငွေနဲ့တန် တဲ့သူကိုပဲ ခေါ်ကြတော့တယ်။ S.Pass ဆိုတော့ လစာများ တယ်လို့ မထင်နဲ့ လစာသာ များတာ၊ အခြားကုန်တာတွေက ဒြီ့ပင် WP နဲ့လုပ်တဲ့သူတွေထက်ပိုကုန်တယ်။ တစ်လကို အိမ်ခန်းခ၊ ကားခ၊ စားစရိတ်အပြင် ရေဖိုးမီးဖိုးတွေဆောင်လိုက်ရင်တစ်လမှ စင်ကာ ပူဒေါ်လာ ၂,၀၀၀ လောက်ပဲ ကျန်တာ၊ ဒါ တောင် လစာ ၃,၀၀၀ အပြည့်ရတဲ့သူမှ အဲ့ဒီ လောက်ကျန်တာပါ။ ဒီကြားထဲ ပတ်စ်ပို့သက် တမ်းတိုးတဲ့အခါကျရင်လည်း သူများထက် နှစ်ဆဆောင်ရတယ်။ တစ်နှစ်တစ်နှစ်ကုန်မှာ တောင် ကြောက်နေ မိတယ်”ဟု စင်ကာပူနိုင်ငံ တွင် S.Pass အလုပ်ဖြင့် နှစ်နှစ်ကျော်လုပ် ကိုင်နေသူ အမျိုးသမီးတစ်ဦးက ပြောပြသည်။
လက်ရှိတွင် စင်ကာပူ နိုင်ငံမှာအလုပ်ခေါ် စာများတွင် ကျွမ်းကျင်လုပ်သားများ သာခေါ် ယူခြင်း၊ ကုန်ဈေးနှုန်း များမြင့်ခြင်းတို့အပြင် စင် ကာပူဒေါ်လာဈေးမှာ ယခင်နှစ်များထက်များ စွာကျဆင်း နေခြင်းကြောင့်နေ့စားဖြင့် သွားသော အထွေထွေလုပ်သားများ သွားရောက် မှုအလွန် နည်းသွားကြောင်း ပြည်ပ အလုပ်အကိုင် အေဂျင်စီ အသိုင်းအ၀ိုင်းမှသိရသည်။

သူရ-Myanmarpost news


No comments:

Post a Comment