Friday, 29 October 2010 |
အလင်းရောင်ထိခြင်းဖြင့် အရေပြားကင်ဆာများ ပြန့်ပွားနိုင်သည်ဟုယူဆကြသော်လည်း ကယ်လီဖိုးနီးယားတက္ကသိုလ် (UC) မှသုတေသီများက LED များအသုံးပြုပြီး အရေပြားကင်ဆာကို ထိန်းချုပ်ကုသရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ယင်း LED ဖြင့် ကုသသည့်နည်းပညာကို Photodynamic Therapy (PDT) ဟုခေါ်ပြီး အစားအစားနှင့် ဆေးဝါးဌာနမှ အစာရေပြွန်နှင့် လည်ချောင်းကင်ဆာများကိုကုသရန် ထောက်ခံချက်ပေးထားကြောင်း သိရသည်။ အလင်းစုပ်ယူထားသည့် ဓာတုပစ္စည်းများကို ကင်ဆာဆဲလ်များနှင့်ထိတွေ့ကာ အလင်းထိစေခြင်းဖြင့် ယင်းဓာတုပစ္စည်းများက အောက်ဆီဂျင်အဖြစ်ပြောင်းလဲပြီး ကင်ဆာဆဲလ်များကို ဖျက်ဆီးခြင်းဖြစ်သည်။ ယခုနည်းပညာသည် သာမန်အခြေခံကျသော ဆဲလ်များကိုသာကုသနိုင်ပြီး သမားတော်ကြီးများက ကုထုံး၏အကျိုးသက်ရောက်မှုကို စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။ UC မှသုတေသီများကမူ အရောင်ငါးမျိုးပါဝင်သော LED ပစ္စည်းသစ်တစ်မျိုးကိုတီထွင်ခဲ့ပြီး တစ်သျှုးအမျိုးအစားနှင့် ရောင်ခြယ်ပေါ်မူတည်ပြီး ထိရောက်မှုကွာခြားကြောင်း သိရသည်။ ထိုစနစ်ကို စမ်းသပ်ရန်အတွက် အရေပြားကင်ဆာဝေဒနာရှင်အချို့ကို ရောဂါလက္ခဏာများခွဲခြားရန်အတွက် စမ်းသပ်ကုသမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။ ကုသစဉ်အတွင်း ပုံရိပ်ပေါ်လာရန်အတွက် ၅ စက္ကန့်မှ ၁၀ စက္ကန့်အထိ ကြာမြင့်မည်ဖြစ်ပြီး ဒုတိယအဆင့်အဖြစ် PDT ကုသနေစဉ်အတွင်း တစ်သျှုးများ၏ပြောင်းလဲမှုကို စောင့်ကြည့်ရမည်ဖြစ်သည်။ ထိုပြောင်းလဲမှုများဖြင့် တစ်သျှုးများအတွင်း ထိရောက်မှုနှုန်းနှင့် ဆေးဝါးများ၏စွမ်းရည်ကိုစမ်းသပ်နိုင်ကြောင်း သုတေသီတစ်ဦးဖြစ်သူ Rolf Saager ကပြောကြားခဲ့သည်။ ရေးသားသူ - ဟေမာ |
Popular Posts
-
အဲ! အပျင်းပြေ ရယ်စရာလေးတွေ 18+ လုံခြုံရေးအရ စစ်ဆေးရတာပါ! ယောကျာင်္းလေးတွေများ ဘယ်လောက်ဝါဿနာပါကျလဲတော့မသိပါဘူး!
-
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အလယ်အလတ်တန်းစား ပြည်သူများအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း တန်ဖိုးနည်းအိမ်ရာများဆောက်လုပ်ရေ...
-
အုပ်စုဖွဲ့ မုဒိန်းမှုကြောင့် အိန္ဒိယအနှံ့ ဆန္ဒပြပွဲများ အရှိန်ပြင်း၊ ရဲတစ်ဦးသေဆုံး နယူးဒေလီ၊ ဒီဇင်ဘာ ၂၇ အသက် ၂၃ နှစ်အရွယ် ကျောင်းသူ တစ်ဦးကို ...
-
October 04, 2011 ...
-
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရတနာနှင်းဆီ ၁၈ထပ်ပါ အဆင့်မြင့်အိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း ၁,၃၈ဝ ကိုေ...
-
သဲသဲထွေး အတွဲ ၂၆ ၊ အမှတ် ၅၁၅ (၂၉၊၄ - ၅၊၅ ၊ ၂၀၁၁) မြန်မာနိုင်ငံတွင် အဖြစ်များသည့်ရောဂါ များတွင် လည်ချောင်းကင်ဆာသည် နံပါတ်(၂)နေရာတွင် ရောက်ရှိ...
-
ရန်ကုန်၊ မတ် ၁၆- အစာအိမ်ရောဂါပိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ျွှံဥ) က အသည်း ရောင်အသားဝါဘီပိုး၊ စီပိုး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးတို့ကဲ့သို့ ကင်ဆာ...
-
Sat, Apr 7, 2012 at 3:58 AM ရေနွေးနဲ့ ရေချိုးရင်လည်း BP တက်နိုင်တော့ ရှောင်ခိုင်းတာကို နားလည်ပေမယ့် သွေးဖိအား ကျစေမှာကိုလည်းရှောင် ဆိုတာကို...
-
We make tools Your make do! တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် အမှတ်စာရင်း ထုတ်ယူနေကြသူများကို တွေ့ရစဉ် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အချို့...
-
Are Singaporean girlfriends bullies?
Friday, 5 November 2010
အရေပြားကင်ဆာကို LED ဖြင့်ကုသနိုင်တော့မည်လော
Labels:
ကျန်းမာရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment