Popular Posts

Wednesday, 16 November 2011

Virus တွေဘယ်လို အလုပ်လုပ်သလဲ

 

Virus ဆိုတာလူတွေကို ဒုက္ခပေးတဲ့ Virus နဲ့ ကွန်ပျူတာကို အဖျက်အမှောင့်လုပ်ငန်းတွေ လုပ်တဲ့ Black Program Virus ဆိုပြီးရှိရာမှာ Computer တွေကို ဒုက္ခပေးတဲ့ Program Virus အကြောင်း ပါ။ တကယ်တော့ ကျွန်တော်တို့က Virus လို့သာ အလွယ်ခေါ်ကြတာ။ Malware, Trojan, Backdoor စသဖြင့် အမျိုးကွဲပေါင်းများစွာနဲ့ ဒုက္ခပေးနေတာတွေ ရှိနေပါသေးတယ်။ သေချာ တာကတော့ အဲဒီ Software လေးတွေဟာ စက်တစ်လုံးမှ တစ်လုံး၊ Memory Stick တစ်ခုမှ အခြားတစ်နေရာ Email တွေ စသဖြင့် အသုံးပြုသူရဲ့ ခွင့်ပြုချက်မရပဲ သွားလာနေ ကြပြီး ဒုက္ခပေါင်းသောင်းခြောက်ထောင် ပေးနေတယ် ဆိုတာပါပဲ။
Virus တွေ ဘယ်လိုအလုပ်လုပ်သလဲ
သူတို့ဟာ စက်တွေ Data Storeလုပ်တဲ့ Stickတွေ Emailတွေမှ တစ်ဆင့် ဘယ်သူ့ကိုမှ ခွင့်ပြုချက်မတောင်းပဲ ပြန့်နှံ့မယ်။ နောက်မလိုလားအပ်တဲ့ အဖျက်အမှောင့် လုပ်ငန်းတွေကို အနည်းနဲ့အများ လုပ်တော့တာပါပဲ။
ဒါပေမဲ့ စည်းကမ်းရှိတဲ့ Virus ရှိတယ်ဆိုရင်တော့ ယုံမလားပဲ။ ဆိုလိုတာက Dataတွေကို နေရာရွှေ့ Hidden လုပ်ပြီးမှ အဲဒီဖိုင်တွေ Folder အမည်တွေနဲ့ ပုံစံတူ Virus လေးလုပ်ထားတာမျိုးပေါ့။ မသိတဲ့လူက Click မိရင်တော့ သူက ထပ်ပြန့်ပွားမယ်။ ထပ်အလုပ်လုပ်မယ်။ ဒါပေမဲ့ သိတဲ့လူ လက်ထဲရောက်သွားရင်တော့ Virus တွေကို မရှင်းခင်ပဲဖြစ်ဖြစ် ရှင်းလင်းပစ်ပြီးမှ ဖြစ်ဖြစ် ပထမရှိနေတဲ့ Data တွေကို ပြန်ပြီး ရယူနိုင်ပါတယ်။ ဒုက္ခတော့ ရောက် တာပေါ့။ Data တွေက အရေးကြီးနေရင် ပြန်ရနိုင်တဲ့ အတွက် တော်သေးတယ်လို့ ဆိုနိုင်ပါတယ်။
တချို့ Virus တွေကတော့ ဆိုးဝါးစွာ အလုပ်လုပ် ပါတယ်။ Memory Stick တွေလိုမျိုး Storage ထဲမှာ ရှိတဲ့ Data တင်မက Memory Stick ကိုပါ ထပ်ပြီးအသုံးပြုလို့ မရအောင် ဖျက်ဆီးပစ်တတ်တဲ့ Virus တွေလဲ ရှိနေပါသေး တယ်။ အခုချိန်မှာတော့ Virus ဆိုတဲ့ နာမည်ကိုကြားရုံနဲ့ အကုန်လုံးက နားလည်သဘောပေါက်နေပြီ ဖြစ်သလို ကြောက်လဲ ကြောက်နေကြပါပြီ။
Virus တွေကို နိုင်နင်းတဲ့ Anti-Virus တွေလဲ ဒီက ဆိုင်တွေမှာ တရားဝင်ဝယ်ယူလို့ ရနေပါပြီ။ မြန်မာပြည် ကရေးတဲ့ Virus တွေလည်း သရက်မြို့ဟက်ကင်းဒေး၊ လွိုင်ကော်၊ အရမ်းချစ်တယ် စသဖြင့် သုံးလေးခုမက ထွက်ပြီးပါပြီ။ ဒီကလူတွေပဲ Removal Tool တွေလဲ ထုတ်ပေးခဲ့ကြတာပါပဲ။ ကဲ Anti-Virus တွေက Virus တွေကို သတ်နိုင်တာတော့ ဟုတ်ပါပြီ။ တစ်ချို့ Virus တွေ က တော်ရုံတန်ရုံ Anti-Virus တောင်မှ ပေးအိပ်ခိုင်း လောက်အောင် စွမ်းနေတော့ Anti-Virus တွေက မသိတာ တို့ Anti-Virus ကိုတောင် အလုပ်မလုပ်နိုင်အောင် ဖျက်ဆီး နိုင်စွမ်းတွေရှိတဲ့ Virus တွေများ တွေ့ရင် ဘယ်လိုလုပ်ရ ပါ့မလဲ။
အချို့ Software လေးတွေ သုံးပြီး Manual သတ်လို့ ရနိုင်ပါတယ်။ ဟာ Anti-Virus တောင် မနိုင်ပါဘူးဆိုမှ ကိုယ့်ဘာကို သတ်ဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ပြောကြ ပါလိမ့်မယ်။ သို့သော် Virus တွေရဲ့ အလုပ်လုပ်ပုံကို နား လည်ထားမယ်ဆိုရင်တော့ အလွယ်ကြီး မဟုတ်ရင်တောင် မှ Anti-Virus မသတ်နိုင်တဲ့ Virus တွေကို ကိုယ်တိုင် ရှင်းထုတ်နိုင်ပါလိမ့်မယ်။
Windows ကို လူသုံးများတာရယ် Windows ရဲ့ အားနည်းချက်ပေါ်မူတည်ပြီး Windows Virus တွေ အများဆုံးထွက်ပါတယ်။ အခုနောက်ပိုင်းတော့ Mac တွေ iPhone, iTouch တွေမှာပါ Virus တွေ တွေ့နေရပါပြီ။ Nokia လို OS အသုံးပြုထားတဲ့ ဖုန်းတွေမှာလဲ Virus ရှိနေနိုင်ပါတယ်။ Virus တွေရဲ့ အလုပ်လုပ်ပုံ သဘော တရား တူသော်လည်း Virus ရေးသားပုံတွေ မတူညီပါဘူး။ Windows Virus တွေက Mac ပေါ်မှာ အလုပ်လုပ်မှာ မဟုတ်သလို Nokia ဖုန်းပေါ်မှာလည်း အလုပ်မလုပ်ပါဘူး။ (မှတ်ချက်။ Phone နှင့် Computer ချိတ်ဆက်ထားစဉ် Computer Virus မှ Phone အတွင်းရှိ ဖိုင်များကို ဖျက်ဆီး နိုင်သည်။) လောလောဆယ် Virus ရန်က ဝေးတာ ကတော့ Linux OS တွေ ဖြစ်ပါတယ်။
Virus တွေ အကုန်လုံးနီးပါဟာ Computer ကို ဖွင့်ဖွင့်ခြင်း အလုပ်စလုပ်မယ်။ သူ့ကို ရပ်တန့်အောင်လုပ်ဖို့ မလွယ်ကူအောင် လုပ်ထားမယ်။ ဘယ်လိုလုပ်သလဲ ဆိုတော့ Virus တွေဟာ နှစ်ခုနဲ့ အထက် အလုပ်လုပ်နေပြီး တစ်ခုနဲ့တစ်ခု တစ်စက္ကန့်ရဲ့ အချိန်ပိုင်းလေးတွေထဲမှာတင် စစ်ဆေးနေမယ်။ တစ်ခုကို ပိတ်ပစ်ရင် ဒါမှမဟုတ် ဖျက်ပစ် ရင် ကျန်တဲ့ တစ်ဖိုင်ကနေ ပြန်လည်အသက်သွင်းမယ်။ Virus Backup ဖိုင်ကို နေရာတွေ ခွဲသိမ်းထားမယ်။ Backup ဖိုင်ကိုဖျက်ရင် Virus Program ကနေ ပြန်ပြီး Backup ဖိုင်ကိုပြန်ပြုလုပ်မယ်။ မူရင်း Virus ပျက်ရင် Backup ကနေပြန် အသက်သွင်းပါလိမ့်မယ်။
Memory stick တွေ Mp3 Player တွေကနေ ပြန့်ပွား ပုံကတော့ Stick တွေ Mp3 တွေထဲကို Virus ဖိုင်နဲ့တကွ Autorun.inf ဆိုတဲ့ ဖိုင်လေးထည့်ပေးပါတယ်။ အဲဒီဖိုင်က ဘယ်လို အလုပ်လုပ်သလဲဆိုရင် Stick ကို Double Click လိုက်ရင် Virus ဖိုင်ကို ခေါ်ပြီး စက်ထဲကို ပြန့်နှံ့စေပါတယ်။ Autorun ကို လေ့လာဖို့တော့ သိပ်မခက်ခဲပါဘူး။ Hidden လုပ်ထားတဲ့ autorun.inf ဖိုင်ကို run box ကနေ x:\autorun.inf ဆိုပြီးခေါ်ရင် အထဲမှာ ရေးထားတာတွေ ဘယ် Virus ဖိုင်ကို ခေါ်ပြီး Run ခိုင်းတယ်ဆိုတာ ပြပါ လိမ့်မယ်။ x: ဆိုတဲ့နေရာမှာ Stick ရဲ့ Drive Letter ကိုထည့်ရမှာပါ။
ဥပမာ D: တို့ E: တို့ပေါ့ဗျာ။ autorun.inf ထဲမှာ open=virus-name.exe ဆိုပြီး တွေ့နိုင်ပါတယ်။ အဲဒီဖိုင် ကို ဖွင့်ပေးပါလို့ Autorun က အလုပ်လုပ်ပါလိမ့်မယ်။ Vista မှာတော့ အလုပ်မလုပ်ပါဘူး။ အရင် knowledge bridge magazine အမှတ် (4) မှာ autorun ရဲ့ အလုပ်လုပ်ပုံ အသေးစိတ်ကို ရေးထားပါတယ်။  တချို့ Virus တွေ ကတော့ Outlook Express လိုမျိုး Mail Client တွေကလဲ ပြန့်ပွားတတ်ပေမယ့် မြန်မာပြည်မှာ အသုံးမများတဲ့အတွက် သိပ်တော့ ထိခိုက်ခြင်း မရှိပါဘူး။

Program များနှင့်
အခြား လုပ်ဆောင်ချက်များအား ပိတ်ခြင်း

Virus တွေဟာ Hidden ဖိုင်တွေ အနေနဲ့ ထားတာ ကြောင့် Virus ဖိုင်တွေကို ဖျက်မပစ်နိုင်ရန် Hidden ပြန် မခေါ်နိုင်ရန်  folder option ကို ပိတ်ထားလေ့ ရှိပါတယ်။ နောက် Virus ကို End Task သို့မဟုတ် Kill Processes လုပ်ပြီး Virus ကို ရပ်တန့်ခြင်း မပြုလုပ်နိုင်ရန်  TaskManager ကို ပိတ်ထားလေ့ ရှိပါတယ်။ နောက် စက် စစဖွင့်ခြင်း Virus များ အလုပ်လုပ်စေရန် ထည့်သွင်းထား တာတွေ ဖိုင်တွေကြည့်ခွင့် ဖျက်ခွင့်ပိတ်သိမ်းထားတာတွေ အချို့ဖိုင်တွေ အလုပ်လုပ်ခွင့် မပြုတာတွေကို Registry မှာ ရေးသားထားပါတယ်။ အဲတာတွေကို ပြန်ဖျက် မပစ်နိုင် ရန်အတွက် Registry Editor ကိုလည်း ပိတ်ထားလေ့ ရှိပါတယ်။
အဲဒါတွေကို ပြန်လည်ပြုပြင်နိုင်တဲ့ နည်းလမ်းတွေ ပိတ်ထားတဲ့နေရာတွေကို ဖော်ပြလိုက်ပါတယ်။
Windows စစခြင်းမှာ Virus တက်လာဖို့အတွက် HKEY_LOCAL_MACHINE\SOFTWARE\Microsoft\ Windows\CurrentVersion\Run  မှာ Virus ရဲ့ ပတ်လမ်း ကြောင်း သွားထည့်ထားပါတယ်။
Folder Option ပိတ်ဖို့အတွက် HKEY_CURRENT_ USER\Software\Microsoft\Windows\Current Version\Policies\Explorer မှာ ညာဘက်က DWord Value ဖြစ်တဲ့ NoFolderOptions ဆိုတာ လေးထဲမှာ 0 ရှိနေရင် တော့ show ဖြစ်မှာဖြစ်ပြီး 1 ဖြစ်နေရင်တော့ Hide ဖြစ် နေမှာပါ။ ဒါပေမယ့် Vista မှာတော့ အလုပ် မလုပ်ပါဘူး။
Registry ပိတ်ဖို့အတွက် HKEY_CURRENT _USER\SOFTWARE\Microsoft\Windows\ CurrentVersion\Policies\System မှာ ညာဘက်က DWord Value ဖြစ်တဲ့ DisableRegistryTools ဆိုတာလေးထဲမှာ 0 ဆိုရင် ဖွင့်ခွင့်ပေးထားပြီး 1 ဆိုရင် တော့ ဖွင့်ခွင့် မရှိတော့ပါဘူး။
Task Manager ပိတ်ဖို့အတွက်ကတော့ HKEY_ CURRENT_USER\ SOFTWARE\Microsoft\Windows\ CurrentVersion\Policies\System မှာ ညာဘက်က DWord Value ဖြစ်တဲ့ DisableTaskMgr မှာ 0 ဆိုရင် ဖွင့်လို့ ရပြီး 1 ဆိုရင်တော့ ဖွင့်လို့ မရတော့ပါဘူး။
Command Prompt ကို ပိတ်ဖို့အတွက်ကတော့ HKEY_CURRENT_USER\Software\Policies\ Microsoft\Windows\System မှာ ညာဘက်က DWord Value ဖြစ်တဲ့ DisableCMD မှာ 0 ဆိုရင် ဖွင့်လို့ရပြီး 1 ဆိုရင်တော့ ပိတ်လိုက်ပါတယ်
Ref:http://www.knowledgebridge.net

အိုင်တီလောကမှာ ခေတ်စားလာတဲ့ CISCO

 


Cisco Certified တွေ အခုအခါ ခေတ်စားလာသလို အိုင်တီလောက အတွက်လဲ အကျိုးကျေးဇူးများလာတာကို တွေ့ရပါတယ်။ တကယ်ကိုပဲ networking သမားတစ်ယောက်အတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုဖြစ်သလို Professional လုပ်စားမယ့်သူတွေအတွက်လဲ မရှိ မဖြစ် လိုအပ်လာတဲ့ အသိပညာရပ်တစ်ခုပါပဲ။ Cisco နဲ့ ပက်သက်တဲ့ စာမေးပွဲဝင်ဖြေရန် ကြိုးစားနေကြတဲ့ လူငယ်တွေနဲ့ Cisco အကြောင်း လေ့လာချင်တဲ့ စာဖတ်ပရိသတ်အတွက် ကျွန်တော် လေ့လာသိမီသမျှကို ပြောပြပါမယ်။
Cisco ဆိုတာက Networking System မှာ အဓိက အလုပ်လုပ် ဆောင်ပေးတဲ့ routers, bridges and switches. Devices ရဲ့ မူပိုင် OS ပါ။ Cisco Router မှာပါတဲ့ IOS ( Inter network Operation system) အကြောင်း သင်ယူရမှာ ဖြစ်ပါတယ်။ Cisco Network Device တွေကို အသုံးပြုမယ်ဆိုရင်တော့ သူ့ရဲ့ OS တွေကို မသိမဖြစ်သိထားရမဲ့ ဘာသာရပ် ပါ ။ ဆိုလိုတာက Microsoft OS ကို အသုံးပြုသူကတော့ Microsoft windows အကြောင်းသိမှ သုံးနိုင်မှာဖြစ်ပြီး Linux သုံးသူက Linux OS အကြောင်းသိမှ အသုံးပြုနိုင်မှာ ဖြစ်သလိုမျိုးပေါ့။ Cisco Router, Cisco Switch တွေ အသုံးပြုမဲ့သူတွေအတွက်ကတော့ Cisco ရဲ့ command တွေနဲ့ သူ့ အလုပ်လုပ်ဆောင်ပုံတွေကို သိမှဖြစ်မှာပါ။
Cisco Network ကို တကယ်တမ်း အသုံးပြုတဲ့ Network ဆိုတာ ကလဲ တကယ့်ကို ကြီးကျယ်တဲ့ Network တွေမှာပဲ တွေ့ရမှာပါ။ ISP level နဲ့ အလုပ်လုပ်တဲ့ Network တွေမှာ အများဆုံး တွေ့ရှိရပါတယ်။ ဒါကြောင့်လဲ Networking သမားတွေအတွက် မရှိမဖြစ်လိုအပ်လာပါတယ်။ ဒီလိုမျိုး အတွက်လဲ Cisco မှ တရားဝင်စာမေးပွဲတွေနဲ့အတူ အဆင့်ခွဲခြားပြီး Certificate တွေ ပေးထားပါတယ်။ ၀င်ဖြေဖို့ကတော့ တစ်ဘာသာကို 250 $, 150$ (CCENT) ဘာသာရပ်အလိုက် အသီးသီးနဲ့ဝင်ရောက် ဖြေဆိုခွင့် ပြုထားပြီး အကယ်၍ စာမေးပွဲကျပါက ၆ လတိတိ ထိုဘာသာကို ဖြေဆိုခွင့်ခဏပိတ်ထားမှာပါ။ Microsoft စာမေးပွဲကတော့ ကျရင် ကြိုက်တဲ့အချိန် ပြန်ဖြေခွင့်ရှိပါတယ်။ ဒါကြောင့် Cisco စာမေးပွဲဖြေဆိုမယ်ဆိုရင် သေချာ ပိုင်မှ ဖြေဆိုသင့်ပါတယ်။
စာမေးပွဲတွေကတော့ level အလိုက် သက်မှတ်ထားပါတယ်။ အဓိက လက်မှတ် Level 5 မျိုး သတ်မှတ်ထားပါတယ်။ အဲဒါတွေကတော့
- Entry Certification ( CCENT )
- Associate Certification ( CCNA)
- Professional Certification ( CCNP )
- Expert Certification ( CCIE)
- Architect Certification
တို့ ဖြစ်ပါတယ်။
Level အလိုက် Cisco Network Certification တွေကတော့
Entry
* IP Networking (CCENT)
Associate
* Design (CCDA)
* Routing and Switching (CCNA)
* Security (CCNA Security)
* Voice (CCNA Voice)
* Wireless (CCNA Wireless)
Professional
* Design (CCDP)
* Routing & Switching (CCNP)
* Security (CCSP)
* Service Provider (CCIP)
* Voice (CCVP)
* Wireless (CCNP Wireless)
Expert
* CCDE Design Expert
* CCIE SP Operations
* CCIE Routing and Switching
* CCIE Security
* CCIE Service Provider
* CCIE Storage Networking
* CCIE Voice
* CCIE Wireless
Architect
* Cisco Certified Architect
မိမိ အသက်မွေးဝမ်းကျောင်းပညာအတွက် လမ်းကြောင်းရွေးချယ်ဖို့ ကတော့
- Routing & Switching
- Design
- Network Security
- Service Provider
- Storage Networking
- Voice
- Wireless ဆိုပြီး (၇)မျိုး ရှိပါတယ်။ ကိုယ်ကြိုက်တဲ့အပိုင်းကို ၀င်ရောက်ဖြေနိုင်ပါတယ်။ ဒါက စာမေးပွဲအပိုင်းတွေပါ။ CCNA နဲ့ ပတ်သက် တဲ့ သင်တန်းကြေးတွေကတော့ မြန်မာငွေကျပ် သုံးသိန်းခန့် ရှိပါတယ်။
Cisco Network ကို စတင်လေ့လာမယ်ဆိုပါက အခြေခံအကျဆုံး Network module ဖြစ်တဲ့ Open Systems Interconnection(OSI)ရဲ့ သဘောကို နားလည်ရပါမယ်။ OSI Model ရဲ့ သိသင့်တဲ့ အကြောင်းအရာအလွှာ(၇)လွှာကတော့ -
(1) Application layer
(2) Presentation layer
(3) Session layer
(4) Transport layer
(5) Network layer
(6) Data-link layer
(7) Physical layer တို့ ဖြစ်ကြပါတယ်။
Application layer
Application layer က OSI Reference Model ရဲ့ အပေါ်ဆုံး layer ဖြစ်ပါတယ်။ သူက user interface အတွက် တည်ဆောက်ထားတာပါ။ ဥပမာအားဖြင့် telnet အပါအ၀င် TCP/IP applications တွေရယ်, FTP(File Transfer Protocol), HTTP(Hyper Text Transfer Protocol) and SMTP (Simple Mail Transfer Protocol) စတဲ့ Network Application တွေ အလုပ်လုပ်တဲ့ Layer ဖြစ်ပါတယ်။
Presentation layer
၆ လွှာမြောက်ဖြစ်တဲ့ presentation layer က အပေါ် Layer 7 ဖြစ်တဲ့ Application Layer ကို ထောက်ပံ့ပေးတဲ့ အလုပ်ကို လုပ်ဆောင်ပါ တယ်။ သူ့ရဲ့ အဓိကလုပ်ဆောင်မှု သုံးခု ရှိပါတယ်။
(1) data presentation
(2) data Compression
(3) data Encryption
Data Presentation ရဲ့သဘောကတော့ ဒီဘက်က ပို့လိုက်တဲ့ data တွေကို တစ်ဖက်လက်ခံသူဘက်က process လုပ်၍ ရနိုင်အောင် ပြောင်း ပေးခြင်း ဖြစ်ပါတယ်။ presentation layer protocols မှာ စံသတ်မှတ်ချက် အားဖြင့် ASCII, BMP, GIF, JPEG, WAV, AVI and MPEG တို့ ပါဝင်ပါတယ်။
Data Compression လုပ်ခြင်းကတော့ Network ပေါ်မှာ အရွယ် အစားငယ်အောင် compress လုပ်ပြီး နက်ဝက်အတွင်းထဲသို့ ပို့လွှတ်လိုက် ခြင်း ဖြစ်ပါတယ်။ လက်ခံသည့်စက်ရောက်မှ presentation layer မှ com-press လုပ်ပြီး ပို့လိုက်သမျှ data တွေ uncompress လုပ်ယူပါတယ်။
Data encryption ပြုလုပ်ခြင်းကတော့ လိုအပ်သော encrypt များ ကို လက်ခံသော ကွန်ပျူတာထံရောက်လာတဲ့အခါ presentation layer မှာ ပြန်လည် decrypt ပြန်လုပ်ခြင်းပါ။
Session layer
Session ကတော့ နက်ဝက်တွေအတွက် Device တစ်ခုမှ နောက်Device တစ်ခုရဲ့ကြား Data တွေ ချိတ်ဆက်နိုင်အောင် ပြုလုပ်တဲ့အပိုင်းကို တာဝန်ယူ လုပ်ဆောင်ပါတယ်။ သူက Transport Layer နဲ့တွဲဖက် အလုပ် လုပ်ဆောင်ပါတယ်။ ဥပမာ - RPCs နဲ့ NFS တို့ပါ။ Remote Procedure Call (RPC) & Network File System (NFS) Transmission rate ပေါ် မူတည်ပြီး သုံးမျိုးရှိပါတယ်။
အဲဒါတွေကတော့ -
(1) simplex
(2) half duplex (Data ကို တစ်ဖက်မှ ပို့ဆောင်နေချိန်အပြီးမှ နောက် တစ်ဖက်မှ ပြန်လည်ပို့ဆောင်နိုင်သည်။)
(3) full duplex (နှစ်ဖက်စလုံးမှ အပြန်အလှန် ပို့ဆောင်ချိတ်ဆက် နိုင်သည်။)
Transport layer
Transport Layer ဆိုသည့်အတိုင်း Data များကို Sending Host မှ အခြားလက်ခံမယ့် Receiver Host အထိ သယ်ယူပို့ဆောင်ရေးအပိုင်းကို လုပ်ပါတယ်။ Data တစ်ခုကို ပို့ဆောင်ပြီးနောက် လက်ခံမည့်သူ ရောက်ရှိချိန် တွင် ပို့လွှတ်လိုက်သော Data နှင့် လက်ခံရရှိပြီးသော Data တို့ ပြီးပြည့်စုံ ခြင်းရှိ/မရှိကို ပြန်လည်စစ်ရပါတယ်။ ဒါကို Acknowledgment လုပ်တယ် လို့ ခေါ်ပါတယ်။ ထိုကဲ့သို့ Data ပြန်စစ်ပြီး မပြည့်စုံခဲ့လျှင် နောက်တစ်ဖန် ပြန်လည်ပို့ဆောင်ပေးဖို့ (Retransmission) လုပ်ဆောင်ပါတယ်။ ထိုနည်းတူ စွာ Network ပေါ်မှ Transmission Speed ကို ထိန်းညှိပေးခြင်း (Flow Control)ကိုလည်း လုပ်ပေးပါတယ်။
Network layer
“Cisco Layer” လို့တောင် ခေါ်လို့ရတဲ့ အပိုင်းပါ။ ဘာလို့လဲဆိုတော့ ကွန်ရက်တွေပေါ်မှာ Data Packets တွေကို လမ်းကြောင်းလွှဲပေးခြင်း (Routing)နဲ့ လိပ်စာသတ်မှတ်ပေးခြင်း (Logical Addressing) တာဝန်တွေ ကို ထမ်းဆောင်ရပါ။
လိပ်စာသတ်မှတ်ခြင်းကတော့ IP address (Logical address) နှင့် MAC address ဆိုပြီး Device တစ်ခုမှာ IP နှစ်မျိုး ရှိပါတယ်။ MAC address ကတော့ physical address ဖြစ်ပြီး NIC ထုတ်စဉ်ကတည်းက တစ်ပါတည်း အသေထည့်သွင်းသတ်မှတ်ထားတဲ့အတွက် ပြောင်းလဲလို့ မရနိုင်ပါဘူး။ Network address (Logical address) ကိုတော့ network layer protocol တွေ ဖြစ်ကြတဲ့ IP/IPX တို့ကို အသုံးပြုပြီး သတ်မှတ်ပေးတဲ့ IP address ဖြစ်ပါတယ်။ Network layer မှာ source နှင့် destination address တွေဟာ IP address ဖြစ်ပါတယ်။
ဒီ Layer ကတော့ ပို့ဆောင်မဲ့ Data တွေကို အပိုင်းလေးတွေ ခွဲပြီး ပို့ဆောင်ဖို့ (Segments) လုပ်ဆောင်ပါတယ်။ ကွန်ယက်လမ်းကြောင်း ရှာခြင်း (Best Path Determination)၊ ပို့ဆောင်ခြင်း (Packet forwarding) အပိုင်းနဲ့ ထိမ်းချုပ်ခြင်း (Packet Filtering) အပိုင်းတို့ကို လုပ်ဆောင်ပါတယ်။ Hardware အနေနဲ့ပြောရရင် ဒီ layer မှာ အလုပ်လုပ်တဲ့ device တွေကို layer-3 device တွေလို့ ခေါ်ပါတယ်။ Router ဟာ အသုံးများဆုံး layer-3 device ဖြစ်ပါတယ်။
Data Link Layer
Data link layer ရဲ့ အဓိကလုပ်ဆောင်မှုကတော့ Layer 3 (Network layer) က လာတဲ့ packet တွေကို header နှင့် trailer ထည့်သွင်းပြီး frame အဖြစ်သို့ တည်ဆောက်တာကို လုပ်ဆောင်တယ်။ Header ထဲမှာဆိုရင် Source နှင့် destination address တို့ကို ထည့်သွင်းပေးရပါတယ်။ ဒီ layer မှာ ထည့်တဲ့ address တွေသည် MAC address ပဲ ဖြစ်ပါတယ်။ Data Link layer မှာ အလုပ်လုပ်တဲ့ device တွေကို layer -2 device တွေလို့ ခေါ်ပါတယ်။ bridge နှင့် switch တို့သည် အသုံးအများဆုံး layer-2 device များ ဖြစ်ပါတယ်။
Physical layer
အောက်ဆုံး Layer ဖြစ်တဲ့ Physical ကတော့ data link layer မှ လာသော frame များကို လက်ခံရယူပြီး signal များအဖြစ် ပြောင်းပေးတဲ့ တာဝန်ယူထားပါတယ်။
ဒါတွေကတော့ လက်မှတ် Layer (၅) မျိုးနဲ့ Layer (၇)မျိုးအကြောင်း ဖြစ်ပါတယ်။ အပေါ်ပုံကိုကြည့်ပြီး Layer တွေ ဘယ်လိုအလုပ်လုပ်တယ်ဆို တာ လေ့လာနိုင်ပါတယ်။ နောက်ပိုင်း အခွင့်သင့်ရင်လဲ Cisco နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို တင်ပြပေးသွားပါမယ်။
ရဲအောင်သူ
Ref:http://www.knowledgebridge.net

Tuesday, 8 November 2011

Girls' Generation rock the Seoul Olympic stadium

 

August 1, 2011 - 4:49pm

By:


Photos Courtesy of SM TOWN
THEY may be nine-member strong.
But at their recent concert at the Seoul Olympic Stadium, the girls of Korean group Girls' Generation proved they can perform solo.
While their collective efforts as a group roused the audience during the three-hour show, it was their solo performances that made the biggest impact.
The girls, better known to their Korean fans as So Nyeo Shi Dae (SNSD), were each given the stage for one song.
http://www.youtube.com/watch?v=z9ciD5l5csQ&feature=player_embedded





























Ref:the new paper

Gaze into the life of Aung San Suu Kyi with never-seen-before family photos




Posted on 05 Nov 2011

STOMPer Alex sent in photos of Burmese opposition politician Aung San Suu Kyi which were previously unreleased until her 65th birthday. The photos were taken before she received her Nobel Peace Prize in 1991.

The 66-year-old was detained under house arrest om Burma for almost 15 of the 21 years from July 20, 1989, to Nov 13, 2010.

Wrote Alex:

"On the 65th anniversary of her birth, the family of Aung San Suu Kyi released old family photographs of the human rights activist long before her Nobel prize.

"She’s of interest in relation to Bhutan as her late husband, Michael Aris, was a former royal tutor in the Kingdom and a scholar of both the nation’s history and of the Himalayas more generally.

"One of her most famous speeches is the 'Freedom From Fear' speech, which begins: 'It is not power that corrupts but fear. Fear of losing power corrupts those who wield it and fear of the scourge of power corrupts those who are subject to it.'

"She also believes fear spurs many world leaders to lose sight of their purpose. 'Government leaders are amazing', she once said. 'So often it seems they are the last to know what the people want.'

"These photographs are priceless!"


-Ref:Stomp
Posted using BlogPress from my 4GiPhone

China says Johnson & Johnson should 'practise morality'




Mon, Nov 07, 2011 | Reuters

China said on Monday Johnson & Johnson should “practise morality”, a week after the U.S. consumer and healthcare group was accused of continuing to sell baby shampoo with a possible cancer-causing ingredient.

A U.S. coalition of health campaigners said last week consumers should boycott a J&J baby shampoo until the company stopped using a preservative considered by the U.S. government to be a possible carcinogen and allergy trigger.

“Abiding by laws and regulations is the minimum compliance,”said a signed commentary on state-run news agency Xinhua on Monday, adding: “Responsible businesses should have ‘moral blood’ flowing in their veins.

“Enterprises should fulfill their social responsibilities, and are not only bound to obey laws and regulations but must also practise morality and self-discipline.” Such commentaries are tantamount to official government positions.

The Campaign for Safe Cosmetics said last week J&J used the preservative quaternium-15 in Johnson’s Baby Shampoo in the United States and elsewhere. Quaternium-15 is added to many cosmetic products to prevent spoiling and contamination, and works by releasing formaldehyde to kill bacteria.

Formaldehyde can cause cancer, according to the U.S. Department of Health, although exposure to it is common as it is widely used in consumer products and traces of it exist in the air, particularly inside homes.

“If you conduct a market survey, it is obviously very difficult to find consumers who could accept products containing carcinogens,” the Xinhua commentary said.

J&J, which was not available to comment, said last week said its products met or exceeded safety regulations in every market in which they were sold.

“We know that some consumers are concerned about formaldehyde which is why we offer many products without formaldehyde-releasing preservatives, and are phasing out these types of preservatives in our baby products worldwide,” it said.

The Campaign for Safe Cosmetics said J&J was selling baby shampoo that does not contain formaldehyde in Britain, Japan, the Netherlands, South Africa, and other countries, adding J&J should say when all its products will be formaldehyde-free.

The Johnson’s Baby Shampoo story has been carried by some Chinese media, though not to the extent that Wal-Mart’s woes were covered.

China’s criticism of J&J came two weeks after U.S. retailer Wal-Mart Stores reopened its stores in a central Chinese region following a 15-day closure for selling mis-labelled pork.

Authorities in the province-sized municipality of Chongqing last month ordered all 13 Walmart stores in Chongqing be closed in response to ordinary pork as being labelled organic meat.

The punishment, along with a 2.7 million yuan (S$539,190) fine and the arrest of two Walmart managers, were the toughest China has meted out against a foreign retailer.

The criticism of foreign companies is seen by some western businessmen as a pattern of China singling out foreign companies but going easier on local firms.

Chinese companies themselves are frequently accused of producing or selling fake products or adding toxic ingredients, often to mimic freshness or increase shelf life, but have not been hit with similarly tough sanctions.


-Ref:Asiaonenews
Posted using BlogPress from my 4GiPhone

Monday, 7 November 2011

ဘဏ်များအားလုံး အပ်ငွေအာမခံ ထားရှိရမည်

Wednesday, 26 October 2011 01:25 | 


မြန်မာနိုင်ငံရှိ ဘဏ်များအားလုံးသည် ယခုလ ၁ ရက်နေ့မှ စတင်၍ အပ်ငွေအာမခံစနစ် စတင်ထားရှိရမည်ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အပ်ငွေအမျိုးအစားသည် ဘဏ်များတွင် အပ်နှံမည့် ငွေအပ်နှံသူများကို အကာအကွယ်ပေးသော အာမခံအမျိုးအစားဖြစ်ကြောင်းနှင့် အပ်နှံသူ၏ အပ်ငွေကျပ်တစ်သိန်းမှ ငါးသိန်းအထိ အာမခံကာကွယ်ပေးမည်ဖြစ်ကြောင်း သိရသည်။
“ဒီလိုလုပ်တာက ငွေအပ်နှံသူကို ပိုမိုယုံကြည်စေပါတယ်။ အရင်ကလည်း ဘဏ်တစ်ဘဏ်လိုင်စင်ရုပ်သိမ်းခံရတယ်။ သူ့မှာရှိတဲ့ ပစ္စည်းတွေကို ထုတ်ပြီး ရောင်းတာ ဈေးမြင့်တက်လာတော့ မပေးနိုင်တာရှိခဲ့ဖူးတယ်။ ဒါက မိုးမပြို၊ ပြိုခဲ့ရင်ဆိုတဲ့ ပုံစံမျိုးပါ” ဟု ပုဂ္ဂလိက ဘဏ်တစ်ဘဏ်မှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။
ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ဘဏ်များ ဒေဝါလီခံရခြင်း၊ တစ်စုံတစ်ရာ ဆုံးဖြတ်ခြင်းတို့ ဖြစ်ပေါ်လာပါက လိမ်ခံရခြင်း၊ တစ်စုံတစ်ရာဆုံးဖြတ်ခြင်းတို့ ဖြစ်ပေါ်လာပါက လျော်ကြေးငွေပြန်လည်ရရှိမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ဘဏ်များအပေါ် ယုံကြည်မှုပိုရှိလာစေရန်၊ ဘဏ်လုပ်ငန်းများကို အထောက်အကူပြုစေရန်နှင့် ဘဏ်စနစ် ကောင်းမွန်စေခြင်းဖြင့် နိုင်ငံပိုင် စီးပွားရေးကို အထောက်အကူပြုစေရန်ဖြစ်ကြောင်း သိရသည်။
ယခင်က ဘဏ်များသည် ပိုင်ဆိုင်သည့် အဆောက်အအုံများငွေပို့ငွေလွှဲများအတွက်သာ အာမခံထားရှိခဲ့ကြပြီး၊ အပ်ငွေအာမခံကို ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။ မြန်မာ့အာမခံလုပ်ငန်းသည် အာမခံအမျိုးအစားပေါင်း ၄၆ မျိုးရှိပြီး ယခုနှစ်တွင် ပြုလုပ်သော အပ်ငွေအာမခံသည် အသစ်ထပ်မံ ဝန်ဆောင်မှုပေးလာသော အာမခံအမျိုးအစားတစ်မျိုးဖြစ်ကြောင်းလည်း သိရသည်။
အပ်ငွေအာမခံအတွက် ဘဏ်များက ပေးသွင်းရမည့် ပရီမီယံကြေးမှာ ဒေသတွင်းနိုင်ငံများတွင် ဆောင်ရွက်နေသော စံနှုန်းများ၊ နှုန်းထားများနှင့် ညှိနှိုင်းကာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ အပ်ငွေပမာဏကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနက် ၁၀၆ နိုင်ငံတွင် ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံသည်လည်း ၁၀၇ နိုင်ငံမြောက် ဝန်ဆောင်မှုပေးလာမည့်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရသည်။
Ref :myanmarnewszone

ငါးဟင်းထုပ်

Wednesday, 26 October 2011 01:47 | 


ပါဝင်သောပစ္စည်းများ
ရဲယိုရွက် - အနည်းငယ်
ငါးဖယ်ခြစ် - ဆယ့်ငါးကျပ်သား
ငှက်ပျောဖူး - တစ်ခြမ်း
ဆန်မှုန့် - အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
ငါးဟင်းထုပ်ထုပ်ဖို့အတွက် ပထမဦးဆုံး ငှက်ပျောဖူးအတွင်းသားနုနုကို ခပ်ရိတ်ရိတ်လှီး ပါမယ်။ ပြီးရင်ဆား၊ ဆန်စိမ်းမှုန့်တိုနဲ့ နယ်ထားပါ။ ငါးဖယ်ခြစ်ကို ချင်း၊ ကြက်သွန်ဖြူ ဆားထည့်ပြီး ထောင်းထားပါ။ ရဲယိုရွက်နုနုကို သန့်စင်အောင် ရေဆေးပြီးမှ ရေကိုခါကာ ဆီသုတ်ပါမယ်။ ဆီသုတ်ပြီးတဲ့ ရဲယိုရွက်ပေါ်ကို ငှက်ပျောဖူးနဲ့ ဆန်မှုန့်နယ်ထားတာကို အပြန့်လိုက်လေးခင်းပေးပါ။ ပြီးရင် အပေါ်တစ်ထပ်က ခုနက ထောင်းထားတဲ့ ငါးဖယ်ခြစ်ကို အနေတော်ထည့်လိုက်ပါ။
အစာတွေထည့်လို့ပြီးသွားရင်တော့ ရဲယိုရွက်ကို မုန့်ဖက်ထုပ်ထုပ်သလို အထုပ်လေးထုပ် လိုက်ပါမယ်။ ထုပ်ပြီးသား ဟင်းထုပ်တွေကို ရေထည့်ထားတဲ့ ထမင်းပေါင်းအိုးက ပေါင်းခံ ခွက်ထဲကို ဆီထည့်ပြီး နာရီဝက်လောက် ပေါင်းပေးပါ။ နာရီဝက်လောက်ဆိုရင် မွှေးပြီး အရသာစိမ့်တဲ့ ငါးဟင်းထုပ်တွေကိုရပါပြီ။ အဲဒီတော့မှ ငါးဟင်းထုပ်တွေကို အနေတော် အပိုင်းလေးတွေ ဓားနဲ့ လှီးပြီး ပန်းကန်ထဲထည့်ကာ ကြိုက်ရာအချဉ် တစ်မျိုးမျိုးနဲ့ တွဲဖက် စားသုံး လို့ရပါတယ်။
တကယ်လို့ ငါးဖယ်ခြစ်မသုံးဘဲ သက်သတ်လွတ် စားမယ်ဆိုတဲ့ သူတွေကတော့ ငါးဖယ်ခြစ် အစား မုန်လာဥနီနဲ့ မုန်ညင်းထုပ်ကို ခပ်ပါးပါးလှီးပြီး သက်သတ်လွတ် အစာသွပ်လို့ရပါတယ်။
Ref : 7 Day News

ကုမ္ပဏီများနှင့် ပြည်ပရောက် မြန်မာလုပ်သားများ ယခုလ ဒုတိယပတ်အတွင်း ကားသွင်းခွင့်ရမည်

Sunday, 06 November 2011 Written by The Voice Weekly


ရန်ကုန်၊ နိုဝင်ဘာ ၃

အစိုးရသစ်၏ ကားသွင်းခွင့် မူဝါဒသစ်တွင် ပါဝင်သော ဘဏ်အပ်ငွေ ဒေါ်လာတစ်သိန်း ရှိသည့် ကုမ္ပဏီများနှင့် ဘဏ်အပ်ငွေ ဒေါ်လာ သုံးသောင်း ရှိသည့် ပြည်ပရောက် မြန်မာအလုပ်သမားများ ယခုလ (နိုဝင်ဘာ) ဒုတိယပတ်အတွင်း ကားသွင်းခွင့် စတင်ရရှိမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အကြီးတန်း တာဝန်ရှိသူ တစ်ဦးက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။

" မကြာခင် ရက်ပိုင်းအတွင်း ကြေညာချက် ထွက်မှာပါ။ အသေးစိတ် အချက်အလက်တွေကို မီဒီယာတွေကို ထုတ်ပြန်ပေးပါ့မယ် " ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ဘဏ်ထဲတွင် ဒေါ်လာ သုံးသောင်း သွင်းထားသော ပြည်ပရောက် မြန်မာလုပ်သားများနှင့် ဘဏ်ထဲတွင် ဒေါ်လာ တစ်သိန်း သွင်းထားသော ကုမ္ပဏီများ ကားသွင်းခွင့်ကို ယခုလ ဒုတိယပတ်တွင် စတင်ခွင့်ပြုနိုင်ရန် ဆွေးနွေးညှိနှိုင်း ထားပြီးဖြစ်ကာ အသေးစိတ် လုပ်ဆောင်ရန် ရှိနေသည်များကို ဆက်လက်ဆွေးနွေး လုပ်ဆောင်နေရာ ယခုရက်ပိုင်းအတွင်း အပြီးပြတ် ထုတ်ပြန် ကြေညာနိုင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပြည်ပရောက် ဘဏ်ထဲတွင် ဒေါ်လာ သုံးသောင်းနှင့် ဒေါ်လာ တစ်သိန်းရှိသော မြန်မာလုပ်သားများနှင့် ကုမ္ပဏီများ ကားသွင်းခွင့် ပြုမည့်အပြင် အခွန်ပေးဆောင်သော နိုင်ငံသားတိုင်း ကားသွင်းခွင့် ရရေး ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက အောက်တိုဘာလ ၂၆ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော မီဒီယာတွေ့ဆုံပွဲ၌ ပြောကြားသည်။

" ပြည်ပရောက် မြန်မာလုပ်သားတွေနဲ့ ကုမ္ပဏီတွေ ကားသွင်းခွင့် ပေးတော့မယ် ဆိုတော့ ကားသောင်းဂဏန်း ထပ်ဝင်လာ နိုင်တယ်။ ဒီတော့ ပြည်တွင်းကားဈေး နိုင်ငံတကာ ပေါက်ဈေးနီးပါး ပြုတ်ကျသွားမယ်။ ဒါ ကြိုဆိုရမှာပါ။ ဒါပေမဲ့ ယာဉ်ကြော ပိတ်ဆို့မှုတွေ မဖြစ်ဖို့ကိုလည်း စဉ်းစားပြီး ကြိုတင်လုပ်ဆောင် သွားသင့်ပါပြီ " ဟု ပို့ကုန် လုပ်ငန်းရှင်ကြီး တစ်ဦးက သုံးသပ်ပြသည်။

ထိုင်ဝမ်၊ စင်ကာပူ၊ ထိုင်းတို့တွင် မြန်မာ ကော်လံဖြူများနှင့် သင်္ဘောသားများ စုစုပေါင်း သုံးသိန်းနီးပါး ရှိပြီး ၎င်းတို့၏ သုံးပုံတစ်ပုံ ကားသွင်းရန် စိတ်ဝင်စားပါက လူတစ်သိန်းခန့် ရှိမည်ဖြစ်ရာ ပြည်တွင်း ကားဈေးကွက်တွင် ကားဈေးနှုန်းများ သေချာပေါက် ကျဆင်းသွားနိုင်ကြောင်း၊ ယင်းအပြင် အဆိုပါ လူတစ်သိန်းက မြန်မာနိုင်ငံသို့ ပို့ထားသောငွေများကို ဟွန်ဒီလွှဲ၍ ဒေါ်လာဝယ်ပြီး မြန်မာနိုင်ငံရှိ ဘဏ်တစ်ခုခုသို့ တရားဝင် ဒေါ်လာအဖြစ် ဒေါ်လာ သုံးသောင်းစီ ထည့်သွင်းလျှင် မြန်မာနိုင်ငံရှိ ဘဏ်များတွင် အမေရိကန် ဒေါ်လာ သုံးဘီလီယံ ရောက်ရှိလာမည် ဖြစ် (သတင်းဖော်ပြပြီး The Voice Weekly Vol.7/ No.40) သည်။