Popular Posts

Wednesday 24 February 2016

၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ

၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ
မြန်မာနိုင်ငံသားဥပဒေ 
[ ၁၉၈၂ ခုနှစ် ၊ ပြည်သူ့လွှတ်တော်ဥပဒေ အမှတ် ၄ ]ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

အခန်း ( ၁ )အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်၁။ ဤဥပဒေကို မြန်မာနိုင်ငံသားဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် - 

( က ) နိုင်ငံတော်ဆိုသည်မှာ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။
( ခ ) နိုင်ငံသားဆိုသည်မှာ မြန်မာနိုင်ငံသားကိုဆိုသည်။
( ဂ ) ဧည့်နိုင်ငံသားဆိုသည်မှာ ဤဥပဒေအရ သတ်မှတ်သော ဧည့်နိုင်ငံသားကိုဆိုသည်။
( ဃ ) နိုင်ငံသားပြု့ခွင့်ရသူဆိုသည်မှာ ဤဥပဒေအရ သတ်မှတ်သော နိုင်ငံသားပြု ့ခွင့်ရသူကို ဆိုသည်။
( င ) နိုင်ငံခြားသား ဆိုသည်မှာ နိုင်ငံသားမဟုတ်သောသူ သို့မဟုတ် ဧည့်နိူင်ငံသားမဟုတ်သောသူ သို့မဟုတ် နိုင်ငံသားပြု့ခွင့်ရသူ မဟုတ်သောသူကိုဆိုသည်။
( စ ) နိုင်ငံသားလက်မှတ်ဆိုသည်မှာ ၁၉၄၈ ခုနှစ်၊ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် ( ရွေးချယ်ရေး ) အက်ဥပဒေအရဖြစ်စေ ၊ ၁၉၄၈ ခုနှစ်  ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု့အက်ဥပဒေအရ ဖြစ်စေ ထုတ်ပေးသော နိုင်ငံသားလက်မှတ်ကိုဆိုသည်။
( ဆ ) ဧည့်နိုင်ငံသားလက်မှတ် ဆိုသည်မှာ ဤဥပဒေအရ ထုတ်ပေးသော ဧည့်နိုင်ငံသားလက်မှတ်ကို ဆိုသည်။
( ဇ ) နိုင်ငံသားပြု ့ခွင့်လက်မှတ် ဆိုသည်မှာ ဤဥပဒေအရ ထုတ်ပေးသော နိုင်ငံသားပြု ့ခွင့်လက်မှတ်ကို ဆိုသည်။( စျ ) ဗဟိုအဖွဲ့ဆိုသည်မှာ ဤဥပဒေအရ ဖွဲ ့စည်းသည့်အဖွဲ့ဆိုသည်။အခန်း 

( ၂ )နိုင်ငံသားဖြစ်ခြင်း၃။ နိုင်ငံတော်တွင်ပါဝင်သော နယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ် ၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ်မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သောကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်၊ရှမ်း စသည့် တိုင်းရင်းသားများနှင့် မျိုးနွှယ်စုများသည် မြန်မာနိုင်ငံသားများ ဖြစ်သည်။

၄။ မည်သည့်မျိုးနွှယ်စုသည် တိုင်းရင်းသားဖြစ်သည်၊ မဖြစ်သည်ကို နိုင်ငံတော်ကောင်စီက ဆုံးဖြတ်နိုင်သည်။၅။ တိုင်းရင်းသားတိုင်းသည်လည်ကောင်း၊တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည် လည်ကောင်း မွေးရာပါနိုင်ငံသားဖြစ်သည်။

၆။ ဤဥပဒေ အာဏာတည်သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူသည်နိုင်ငံသားဖြစ်သည်။၇။ နိုင်ငံအတွင်း၌ဖြစ်စေ၊နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွားသည့်အောက်ပါသူတို့သည်လည်း နိုင်ငံသားဖြစ်သည် -
( က ) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူများ
( ခ ) နိုင်ငံသားနှင့် ဧည့်နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသူများ
( ဂ ) နိုင်ငံသားနှင့် နိုင်ငံသားပြု့ခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ

( ဃ ) ဧည့်နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသောသားသမီးနှင့် -
( ၁ ) နိုင်ငံသား သို့မဟုတ်
( ၂ ) ဧည့်နိုင်ငံသား သို့မဟုတ်
( ၃ ) နိုင်ငံသားပြု့ခွင့်ရသည့် မိဘနှစ်ပါးမှမွေးဖွားလာသူများ

( င ) နိုင်ငံသားပြု့ခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွားသော သားသမီးများနှင့် -
( ၁ ) နိူင်ငံသား သို့မဟုတ်
( ၂ ) ဧည့်နိုင်ငံသား သိုမဟုတ်
( ၃ ) နိုင်ငံသားပြု့ခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ

( စ ) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြု့ခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားလာသော သားသမီးများနှင့် -
( ၁ ) နိုင်ငံသား သို့မဟုတ်
( ၂ ) ဧည့်နိုင်ငံသား သို့မဟုတ်
( ၃ ) နိုင်ငံသားပြု့ခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားလာသူများ

၈။ ( က ) နိုင်ငံတော်ကောင်စီသည် နိုင်ငံတော်၏ အကျိုးငှာ မည်သူကိုမဆို နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြု ့ခွင့်ရသူအဖြစ် သတ်မှတ်နိုင်သည်။
( ခ ) နိုင်ငံတော်ကောင်စီသည် နိုင်ငံတော်၏ အကျိုးငှာ မွေးရာပါနိုင်ငံသားမှအပ မည်သူကိုမဆို နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြု့ခွင့်ရသူအဖြစ်မှ ရုတ်သိမ်းနိုင်သည်။၉။ နိုင်ငံတော်အတွင်း မွေးဖွားသော နိုင်ငံသားတစ်ဦးအတွက် အသက်တစ်ဆယ်နှစ်ပြည့်သည့်နေ့မှစ၍ တစ်နှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သော အဖွဲ့အစည်းများ၌ သတ်မှတ်သည့်နည်းလမ်းနှင့်အညီ မိဘ သို့မဟုတ် အုပ်ထိန်းသူက မှတ်ပုံတင်ရမည်။ခြွင်းချက် ။ ။ အသက်တစ်ဆယ်နှစ်ပြည့်သည့်နေမှစ၍ တစ်နှစ်အတွင်း မှတ်ပုံမတင်နိုင်ပါက မိဘ သို့မဟုတ် အုပ်ထိန်းသူသည် ခိုင်လုံသောအကြောင်းပြ၍ ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့်အဖွဲ့အစည်းများသို့ လျှောက်ထားရမည်။၁၀။ နိုင်ငံတော်ပြင်ပတွင် မွေးဖွားသော နိုင်ငံသားတစ်ဦးအတွက် ထိုသို့မွေးဖွားကြောင်းကို မွေးဖွားသည့်နေ့မှစ၍ တစ်နှစ်အတွင်း မြန်မာနိုင်ငံသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံး သို့မဟုတ် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သော အဖွဲ ့အစည်းများ၌ သတ်မှတ်သည့်နည်းလမ်းနှင့်အညီ မိဘ သို့မဟုတ် အုပ်ထိန်းသူက မှတ်ပုံတင်ရမည်။ခြွင်းချက် ။ ။ မွေးဖွားသည့်နေ့မှစ၍ တစ်နှစ်အတွင်း မှတ်ပုံမတင်နိုင်ပါက မိဘ သို့မဟုတ် အုပ်ထိန်းသူသည် ခိုင်လုံသောအကြောင်းပြ၍ မြန်မာနိုင်ငံသံရုံး သို့မဟုတ် ကောင်စစ်ဝန်သံရုံး သို့မဟုတ် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် အဖွဲ ့အစည်းများမှ တစ်ဆင့် ဗဟိုအဖွဲ ့သို့လျှောက်ထားရမည်။

၁၁။ ( က ) ပုဒ်မ ၉ ၊ ပုဒ်မ ၁၀ ပါအတိုင်း လိုက်နာရန် ပျက်ကွက်လျှင် မိဘ သို့မဟုတ် အုပ်ထိန်းသူသည် မြန်မာနိုင်ငံသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံး သို့မဟုတ် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သော အဖွဲ့အစည်းကို တစ်နှစ်လျှင် ကျပ်ငါးဆယ်ကျစီ ဒဏ်ငွေကို ပေးဆောင်ရစေရမည်၊
( ခ ) ပုဒ်မ ၉ ၊ ပုဒ်မ ၁၀ ပါအတိုင်း လိုက်နာရန် ငါးနှစ်ဆက်တိုက် ပျက်ကွက်လျှင် မိဘ သို့မဟုတ် အုပ်ထိန်းသူသည် ဒဏ်ငွေကျပ်တစ်ထောင်ကို ပေးဆောင်စေရမည်။

၁၂။ နိုင်ငံသားတစ်ဦးသည် -( က ) နိုင်ငံတော်၏ ဥပဒေများကို ရိုသေလိုက်နာရမည်။
( ခ ) နိုင်ငံတော်၏ ဥပဒေပါ တာဝန်များကို ထမ်းဆောင်ရမည်။
( ဂ ) နိုင်ငံတော်၏ ဥပဒေပါ အခွင့်အရေးများကို ခံစားခွင့်ရှိသည်။၁၃။ နိုင်ငံသားတစ်ဦးသည် အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကိုပါ ခံယူခွင့်မရှိစေရ။

၁၄။ နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်ပါဝင်နေသော စစ်မက်ကာလအတွင်း နိုင်ငံသားအဖြစ်ကိုပါ ခံယူခွင့်မရှိစေရ။

၁၅။ ( က ) နိုင်ငံသားတစ်ဦးသည် နိုင်ငံခြားသားတစ်ဦးနှင့် အိမ်ထောင်ပြု့ကာမျှဖြင့် နိုင်ငံသားအဖြစ် အလိုအလျှောက် မဆုံးရှုံးစေရ။
( ခ ) နိုင်ငံခြားသားတစ်ဦးသည် နိုင်ငံသားနှင့် အိမ်ထောင်ပြု့ကာမျှဖြင့် နိုင်ငံသားအဖြစ် အလိုအလျှောက် မရရှိစေရ။၁၆။ နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်မှ အပြီးအပိုင်ထွက်ခွာလျှင်ဖြစ်စေ ၊ အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကို ခံယူလျှင် သို့မဟုတ် မှတ်ပုံတင်လျှင်ဖြစ်စေ၊အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ် သို့မဟုတ် အလားတူလက်မှတ်ကို ထုတ်ယူလျှင်ဖြစ်စေ နိုင်ငံသားအဖြစ်မှ ရပ်စဲသည်။

၁၇။ မွေးရာပါ နိုင်ငံသားတစ်ဦးကို ပုဒ်မ ၁၆ ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းသဖြင့် နိုင်ငံသားအဖြစ်မှ ရပ်စဲသည့်ကိစ္စမှတစ်ပါး အခြားမည်သည့် အခြေအနေတွင်မျှ နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်း မရှိစေရ။၁၈။ နိုင်ငံသားတစ်ဦးသည် မဟုတ်မမှန်ဖော်ပြခြင်း သို့မဟုတ် ဖုံးကွယ်ထားခြင်းနှင့် နိုင်ငံသားအဖြစ်ကို ရရှိပါက နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ် ၁၀ နှစ်နှင့် ငွေဒဏ်ကျပ်ငါးသောင်းကိုလည်း ကျခံစေရမည်။၁၉။ နိုင်ငံသားတစ်ဦးသည် မသမာသောနည်းလမ်းဖြင့် နိုင်ငံသားလက်မှတ် သို့မဟုတ် ဧည့်နိုင်ငံသားလက်မှတ် သို့မဟုတ် နိုင်ငံသားပြု့ခွင့်လက်မှတ်ကို သူတစ်ဦးရရှိရန် အားပေးကူညီလျှင် ထောင်ဒဏ် ခွန်နှစ်နှစ်နှင့် ငွေဒဏ် ကျပ်တစ်သောင်းကို ကျခံစေရမည်။

၂၀။ ( က ) နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုတ်သိမ်းခံရသူ၏ နိုင်ငံသားလက်မှတ်ကို ပယ်ဖျက်ရမည်။ထိုသို့ ပယ်ဖျက်ထားသောလက်မှတ်ကို ကိုင်ဆောင်သောသူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့်နည်းလမ်းနှင့် အညီ ပြန်လည်အပ်နှံရမည်။
( ခ ) ပယ်ဖျက်ထားသော နိုင်ငံသားလက်မှတ်ကို ပြန်လည်အပ်နှံရန် ပျက်ကွက်လျှင်ဖြစ်စေ ၊ ဆက်လက်အသုံးပြု့လျှင်ဖြစ်စေ ၊ သူတစ်ဦးအား မသမာသောနည်းလမ်းဖြင့် လွှဲပြောင်းပေးအပ်လျှင်ဖြစ်စေ ထောင်ဒဏ်တစ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ်နှစ်သောင်းကို ကျခံစေရမည်။
( ဂ ) မည်သူမဆို ပယ်ဖျက်ထားသောနိုင်ငံသားလက်မှတ်ကိုဖြစ်စေ၊ သေဆုံးသူနိုင်ငံသား၏လက်မှတ်ကိုဖြစ်စေ ကိုင်ဆောင်အသုံးပြု့လျှင် ထောင်ဒဏ်တစ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ် ငါးသောင်းကိုကျခံစေရမည်။

၂၁။ မည်သူမဆို နိုင်ငံသားလက်မှတ် အတုပြု့လျှင်ဖြစ်စေ၊ ထိုသို့ပြု ့လုပ်ရန်အားပေးကူညီလျှင်ဖြစ်စေ ထောင်ဒဏ်တစ်ဆယ့်ငါးနှစ်နှင့် ငွေဒဏ်ကျပ်ငါးသောင်းကို ကျခံစေရမည်။

၂၂။ နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုတ်သိမ်းခံရသူသည် နိုင်ငံသားအဖြစ်ကိုသော်လည်ကောင်း၊ဧည့်နိုင်ငံသားအဖြစ်ကိုသော်လည်ကောင်း၊နိုင်ငံသားပြု ့ခွင့်ရသူအဖြစ်ကို သော်လည်ကောင်း ပြန်လည် လျှောက်ထားခွင့်မရှိစေရ။အခန်း ( ၃ )ဧည့်နိုင်ငံသားဖြစ်ခြင်း

၂၃။ ၁၉၄၈ ခုနှစ် ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်မှု့ အက်ဥပဒေအရ နိုင်ငံသားဖြစ်ရန် လျှောက်ထားသူမျာသည် သတ်မှတ်ချက်များနှင့် အရည်အချင်းများ ကိုက်ညီပါက ဧည့်နိုင်ငံသားအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်နိုင်သည်။၂၄။ ဧည့်နိုင်ငံသားအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် အဖွဲ ့အစည်းရှေ့သို့ ကိုယ်တိုင်လာရောက်ပြီး နိုင်ငံတော်၏ သစ္စာကိုခံယူကြောင်း၊နိုင်ငံတော်၏ ဥပဒေများကို ရိုသေလိုက်နာပါမည်ဖြစ်ကြောင်း၊သတ်မှတ်ထားသော တာဝန်နှင့် အခွင့်အရေးများကိုသိရှိကြောင်း စာဖြင့်ရေးသား၍ ကတိသစ္စာပြု့ ရမည်။

၂၅။ ဧည့်နိုင်ငံသားလက်မှတ်တွင် လျှောက်လွှာ၌ ဖော်ပြထားသော သားသမီး၏အမည်ကို ဗဟိုအဖွဲ့က ထည့်သွင်းနိုင်သည်။အမည် ထည့်သွင်းပေးခြင်းခံရသော သားသမီးသည် ဧည့်နိုင်ငံသားဖြစ်သည်။

၂၆။ ပုဒ်မ ၂၅ အရ အမည်ထည့်သွင်းပေးခြင်းခံရသော သားသမီးသည် အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီးသူဖြစ်ပါက မိဘနှင့်အတူ ပုဒ်မ ၂၄ ပါအတိုင်း ကတိသစ္စာပြု့ရမည်။

၂၇။ ( က ) ပုဒ်မ ၂၅ အရ အမည်ထည့်သွင်းပေးခြင်းခံရသော သားသမီးသည် အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးပါက အသက်ပြည့်သည့်နေမှစ၍ တစ်နှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သော အဖွဲ့အစည်းရှေ့သို့ ကိုယ်တိုင်လာရောက်ပြီး ပုဒ်မ ၂၄ ပါအတိုင်း ကတိသစ္စာပြု ့ရမည်။
( ခ ) ပုဒ်မခွဲ ( က ) ပါအတိုင်း လိုက်နာရန်ပျက်ကွက်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် အဖွဲ့အစည်းသို့ တစ်နှစ်လျှင် ကျပ်ငါးဆယ်ကျစီ ဒဏ်ငွေကိုပေးဆောင်ရမည်။

၂၈။ တစ်နှစ်အတွင်း ကတိသစ္စာမပြု ့နိုင်ပါက ခိုင်လုံသော အကြောင်းပြ၍ ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့်အဖွဲ့အစည်းမှတစ်ဆင့် ဗဟိုအဖွဲ့သို့ လျှောက်ထားရမည်။ခိုင်လုံသောအကြောင်းမရှိပဲ အသက်နှစ်ဆယ့်နှစ်နှစ် ပြည့်သည့်နေ့မှကျော်လွန်လျှင် ဧည့်နိုင်ငံသားအဖြစ်ဆုံးရှုံးသည်။

၂၉။ ( က ) ဧည့်နိုင်ငံသား မိဘနှစ်ပါးလုံးသည် ဧည့်နိုင်ငံသားအဖြစ်ကို ဆုံးရှုံးလျှင် ထိုသူတို့၏ ဧည့်နိုင်ငံသားလက်မှတ်တွင် ပါဝင်သော အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးသည့် သားသမီးနှင့် အသက်တစ်ဆယ့်ရှစ်နှစ် ပြည့်ပြီးကတိသစ္စာမပြရသေးသော သားသမီးသည် ဧည့်နိုင်ငံသားအဖြစ်မှ ရပ်စဲသည်။
( ခ ) ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးအနက် ဧည့်နိုင်ငံသားအမိ သို့မဟုတ် အဘသည် ဧည့်နိုင်ငံသားအဖြစ်ကို ဆုံးရှုံးလျှင် ထိုသူကိုင်ဆောင်သော လက်မှတ်တွင်ပါဝင်သည့် အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးသော သားသမီးနှင့် အသက်တစ်ဆယ့်ရှစ်ပြည့်ပြီး ကတိသစ္စာမပြု့ရသေးသော သားသမီးသည် ဧည့်နိုင်ငံသားအဖြစ်မှ ရပ်စဲသည်။

၃၀။ ဧည့်နိုင်ငံသားတစ်ဦးသည် -
( က ) နိုင်ငံတော်၏ ဥပဒေများကို ရိုသေလိုက်နာရမည်။
( ခ ) နိုင်ငံတော်၏ ဥပဒေပါ တာဝန်များကို ထမ်းဆောင်ရမည်။
( ဂ ) နိုင်ငံတော်ကောင်စီက အခါအားလျော်စွာ သတ်မှတ်ထားသော အခွင့်အရေးများမှအပ နိုင်ငံတော်၏ ဥပဒေပါ နိုင်ငံသားအခွင့်အရေးများကို ခံစားခွင့်ရှိသည်။

၃၁။ ဧည့်နိုင်ငံသားတစ်ဦးသည် အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကိုပါ ခံယူခွင့်မရှိစေရ။

၃၂။ ဧည့်နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်ပါဝင်နေသော စစ်မက်ကာလအတွင်း ဧည့်နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခွင့်မရှိစေရ။

၃၃။ ဧည့်နိုင်ငံသားတစ်ဦးသည် နိုင်ငံသားနှင့် အိမ်ထောင်ပြု့ကာမျှဖြင့် ဧည်နိုင်ငံသားအဖြစ် အလိုအလျှောက်မဖြစ်စေရ။

၃၄။ ဧည့်နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်မှ အပြီးအပိုင်ထွက်ခွာလျှင်ဖြစ်စေ၊အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကို ခံယူလျှင် သို့မဟုတ် မှတ်ပုံတင်လျှင်ဖြစ်စေ၊အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ် သို့မဟုတ် အလားတူလက်မှတ်ကို ထုတ်ယူလျှင်ဖြစ်စေ ဧည့်နိုင်ငံသားအဖြစ်မှ ရပ်စဲသည်။

၃၅။ ဧည့်နိုင်ငံသားတစ်ဦးသည် အောက်ပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် ငြိစွန်းလျှင် ဧည့်နိုင်ငံသားအဖြစ်မှ ဗဟိုအဖွဲ့ ကရုတ်သိမ်းနိုင်သည် -
( က ) နိုင်ငံတော်ပါဝင်နေသောစစ်မက်ကာလအတွင်း ရန်သူနိုင်ငံများနှင့်ဖြစ်စေ၊ရန်သူနိုင်ငံကို အထောက်အကူပြု ့သည့်နိုင်ငံများနှင့်ဖြစ်စေ၊ထိုနိုင်ငံများ၏ နိုင်ငံသားများ၊အဖွဲ့အစည်းများနှင့်ဖြစ်စေ ကုန်သွယ်ခြင်း သို့မဟုတ် ဆက်သွယ်ခြင်း သို့မဟုတ် ထိုသို့ပြု့လုပ်ခြင်းတစ်ရပ်ရပ်ကို အားပေးကူညီခြင်း။
( ခ ) နိုင်ငံတော်ကို ဆန့်ကျင်နေသည့် အဖွဲ့အစည်းနှင့်ဖြစ်စေ၊ ထိုအဖွဲ့အစည်း၏ အဖွဲ့ဝင်နှင့်ဖြစ်စေ ကုန်သွယ်ခြင်း သို့မဟုတ် ဆက်သွယ်ခြင်း သို့မဟုတ် ထိုသို့ပြု ့လုပ်ခြင်းတစ်ရပ်ရပ်ကိုအားပေးကူညီခြင်း။
( ဂ ) နိုင်ငံတော်၏အချူပ်အခြာအာဏာနှင့် နိုင်ငံတော်၏လုံခြုံရေးကိုဖြစ်စေ၊အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုဖြစ်စေ ထိပါးစေမည့် အန္တရာယ်တစ်ခုခုကို ပြု ့လုပ်နေသည်၊ပြု့လုပ်တော့မည်ဟု ယုံကြည်လောက်သောအကြောင်းရှိခြင်း။
( ဃ ) နိုင်ငံတော်ကိုအကြည်အညိုမဲ့ကြောင်း သို့မဟုတ် သစ္စာမဲ့ကြောင်းကို ကိုယ်အမူအရာဖြင့်ဖြစ်စေ၊နှုတ်အမူအရာဖြင့်ဖြစ်စေ၊အခြားနည်းဖြင့်ဖြစ်စေပြသခြင်း။
( င ) နိုင်ငံတော်၏ လှိူ့ဝှက်ကိစ္စတစ်ရပ်ရပ်ကို သူတစ်ဦးကိုဖြစ်စေ၊အဖွဲ ့အစည်းတစ်ခုခုကိုဖြစ်စေ၊အခြားနိုင်ငံတစ်နိုင်ငံကိုဖြစ်စေ၊အခြားနိုင်ငံများကိုဖြစ်စေ သတင်းပေးခြင်း၊ထိုသို့ ပြု့လုပ်ခြင်းကို အားပေးကူညီခြင်း။
( စ ) အကျင့်စာရိတ္တ ပျက်ပြားခြင်းနှင့် စပ်လျဉ်းသည့် ပြစ်မှု့တစ်ခုခုကို ကျူးလွန်သောကြောင့် အနည်းဆုံးထောင်ဒဏ်တစ်နှစ် သို့မဟုတ် အနည်းဆုံးငွေဒဏ်ကျပ်တစ်ထောင် အပြစ်ပေးခံရခြင်း။

၃၆။ ဧည့်နိုင်ငံသားတစ်ဦးသည် မဟုတ်မမှန်ဖော်ပြခြင်း သို့မဟုတ် ဖုံးကွယ်ခြင်းဖြင့် ဧည့်နိုင်ငံသားအဖြစ်ကိုရရှိပါက ဧည့်နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ် တစ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ် ငါးသောင်းကိုလည်း ကျခံစေရမည်။

၃၇။ ဧည့်နိုင်ငံသားတစ်ဦးသည် မသမာသောနည်းလမ်းဖြင့် နိုင်ငံသားလက်မှတ် သို့မဟုတ် ဧည့်နိုင်ငံသားလက်မှတ် သို့မဟုတ် နိုင်ငံသားပြု့ခွင့်လက်မှတ်ကို သူတစ်ဦးရရှိရန် အားပေးကူညီလျှင် ဧည့်နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ်ခုနှစ်နှင့် ငွေဒဏ်ကျပ်တစ်သောင်းကိုလည်း ကျခံစေရမည်။၃၈။ ဧည့်နိုင်ငံသားတစ်ဦးသည် ပုဒ်မ ၃၆ ၊ ပုဒ်မ ၃၇ အရ သူတစ်ဦးကျူးလွန်သော အမှု့ကိစ္စကို ကိုယ်တိုင်သိရှိလျှင်ဖြစ်စေ၊ကိုယ်တိုင်ပါဝင်ကူညီဆောင်ရွက်လျှင်ဖြစ်စေ ဤဥပဒေအာဏာတည်သည့်နေ့မှစ၍ တစ်နှစ်အတွင်း သို့မဟုတ် ကျူးလွန်ခဲ့သည်နေ့မှစ၍ တစ်နှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသော အဖွဲ့အစည်းများ၌ ဖော်ထုတ်ဝန်ခံပါက ဤအမှု့နှင့်စပ်လျဉ်းသော ပြစ်မှု့ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိစေမည်။

၃၉။ ( က ) ဧည့်နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူ၏ ဧည့်နိုင်ငံသားလက်မှတ်ကို ပယ်ဖျက်ရမည်။ထိုသို့ ပယ်ဖျက်ထားသော လက်မှတ်ကို ကိုင်ဆောင်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့်နည်းလမ်းနှင့်အညီ ပြန်လည်အပ်နှံရမည်။
( ခ ) ပယ်ဖျက်ထားသော ဧည့်နိုင်ငံသားလက်မှတ်ကို ပြန်လည်အပ်နှံရန်ပျက်ကွက်လျှင်ဖြစ်စေ၊ဆက်လက်အသုံးပြု ့လျှင်ဖြစ်စေ၊သူတစ်ဦးအား မသမာသောနည်းလမ်းဖြင့် လွှဲပြောင်းပေးအပ်လျှင်ဖြစ်စေ ထောင်ဒဏ်တစ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ်နှစ်သောင်းကို ကျခံစေရမည်။
( ဂ ) မည်သူမဆို ပယ်ဖျက်ထားသော ဧည့်နိုင်ငံသားလက်မှတ်ကိုဖြစ်စေ၊သေဆုံးသူဧည့်နိုင်ငံသား၏လက်မှတ်ကိုဖြစ်စေ ကိုင်ဆောင်အသုံးပြု့လျှင် ထောင်ဒဏ်တစ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ်နှစ်သောင်းကိုကျခံစေရမည်။၄၀။ မည်သူမဆို ဧည့်နိုင်ငံသားလက်မှတ်အတုပြု ့လုပ်လျှင်ဖြစ်စေ၊ထိုသို့ပြု့လုပ်ရန်အားပေးကူညီလျှင်ဖြစ်စေ ထောင်ဒဏ် တစ်ဆယ့်ငါးနှစ်နှင့် ငွေဒဏ်ကျပ်ငါးသောင်းကို ကျခံစေရမည်။

၄၁။ ဧည့်နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူသည် ဧည့်နိုင်ငံသားအဖြစ်ကိုသော်လည်ကောင်း၊နိုင်ငံသားပြု ့ခွင့်အဖြစ်သော်လည်ကောင်း ပြန်လည်လျှောက်ထားခွင့်မရှိစေရ။အခန်း ( ၄ )နိုင်ငံသားပြု့ခွင့်ရသူဖြစ်ခြင်း၄၂။ ၁၉၄၈ ခုနှစ်၊ဇန်နဝါရီလ ၄ ရက်နေ့မတိုင်မီကာလတွင် နိုင်ငံတော်အတွင်း၌ ရောက်ရှိနေထိုင်သူနှင့် ထိုသူတို့မှ နိုင်ငံတော်အတွင်း မွေးဖွားသည့်သားသမီးများသည် ၁၉၄၈ခုနှစ်၊ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်သူ အက်ဥပဒေအရ လျှောက်ထားရန်ကျန်ရှိနေကြောင်း ခိုင်လုံသော အထောက်အထားများဖြင့် ဗဟိုအဖွဲ့သို့ နိုင်ငံသားပြု့ခွင့်ရရန် လျှောက်ထားနိုင်သည်။

၄၃။ ဤဥပဒေအာဏာတည်သည့်နေမှစ၍ နိုင်ငံတော်အတွင်း၌ ဖြစ်စေ၊နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွားသည့် အောက်ပါသူတို့သည်လည်း နိုင်ငံသားပြု့ခွင့်ရရန် လျှောက်ထားနိူင်သည် -
( က ) နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားလာသူများ
( ခ ) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြု့ခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားလာသူများ
( ဂ ) ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးမှမွေးဖွားလာသူများ( ဃ ) နိုင်ငံသားပြု့ခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားလာသူများ
( င ) နိုင်ငံသားပြု ့ခွင့်ရသူနှင့် နိုင်ငံခြားသား မိဘနှစ်ပါးမှမွေးဖွားလာသူများ

၄၄။ နိုင်ငံသားပြု့ခွင့်ရရန် လျှောက်ထားသူသည် အောက်ပါအရည်အချင်းနှင့် ပြည်စုံရမည် -
( က ) ပုဒ်မ ၄၂ သို့မဟုတ် ပုဒ်မ ၄၃ ပါ ပြဋ္ဌာန်းချက်နှင့် ကိုက်ညီသူဖြစ်ခြင်း
( ခ ) အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ြ့ပီးသူဖြစ်ခြင်း
( ဂ ) တိုင်းရင်းသားဘာသာစကားတစ်မျိုးမျိုးကို ကောင်းမွန်စွာပြောတတ်ခြင်း
( ဃ ) အကျင့်စာရိတ္တကောင်းမွန်ခြင်း
( င ) ရူးသွပ်သူမဟုတ်ခြင်း၄၅။ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြု ့ခွင့်ရသူနှင့် အိမ်ထောင်ကျခဲ့သော ဤဥပဒေအာဏာတည်သည့်နေ့မတိုင်မီက နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ်ကိုင်ဆောင်သူသည် နိုင်ငံသားပြု့ခွင့်ရရန် လျှောက်ထားလျှင် အောက်ပါအရည်အချင်းနှင့်ပြည့်စုံရမည် -
( က ) အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီးသူဖြစ်ခြင်း
( ခ ) အကျင့်စာရိတ္တကောင်းမွန်ခြင်း
( ဂ ) ရူးသွပ်သူမဟုတ်ခြင်း
( ဃ ) တစ်လင်တစ်မယားဖြစ်ခြင်း
( င ) တရားဝင်ဇနီး သို့မဟုတ် တရားဝင်ခင်ပွန်းအဖြစ် နိုင်ငံတော်အတွင်း အနည်းဆုံးသုံးနှစ် အဆက်မပြတ် နေထိုင်ခဲ့ ခြင်း

၄၆။ ( က ) နိုင်ငံသားပြု့ခွင့်ရသူအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့်အဖွဲ့အစည်းအရှေ့သို့ ကိုယ်တိုင်လာရောက်ပြီး နိုင်ငံတော်၏သစ္စာကိုခံယူကြောင်း၊နိုင်ငံတော်၏ဥပဒေများကို ရိုသေလိုက်နာမည်ဖြစ်ကြောင်း၊သတ်မှတ်ထားသော တာဝန်နှင့် အခွင့်အရေးများကို သိရှိကြောင်း စာဖြင့်ရေးသား၍ ကတိပြု့ရမည်။
( ခ ) နိုင်ငံသားပြု ့ခွင့်ရသူအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်သော နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သောသူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့်အဖွဲ့အစည်းရှေ့သို့ ကိုယ်တိုင်လာရောက်ပြီး နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်ကြောင်း၊နိုင်ငံတော်၏ သစ္စာကိုခံယူကြောင်း၊နိုင်ငံတော်၏ဥပဒေများကို ရိုသေလိုက်နာမည်ဖြစ်ကြောင်း၊သတ်မှတ်ထားသော တာဝန်နှင့် အခွင့်အရေးများကို သိရှိကြောင်း စာဖြင့်ရေးသား၍ ကတိသစ္စာပြု့ရမည်။၄၇။ နိုင်ငံသားပြု ့ခွင့်လက်မှတ်တွင် လျှောက်လွှာ၌ ဖော်ပြထားသော သားသမီး၏အမည်ကို ဗဟိုအဖွဲ့က ထည့်သွင်းနိုင်သည်။အမည်ထည့်သွင်းပေးထားခြင်းခံရသော သားသမီးသည် နိုင်ငံသားပြု့ခွင့်ရသူဖြစ်သည်။

၄၈။ ပုဒ်မ ၄၇ အရ အမည်ထည့်သွင်းပေးခြင်းခံရသော သားသမီးသည် အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီးသူဖြစ်ပါက မိဘနှင့်အတူ ပုဒ်မ ၄၆ ပုဒ်မခွဲ ( က ) ပါအတိုင်း ကတိသစ္စာပြု့ရမည်။

၄၉။ ( က ) ပုဒ်မ ၄၇ အရ အမည်ထည့်သွင်းပေးခြင်းခံရသော သားသမီးသည် အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးပါက အသက်ပြည့်သည့်နေ့မှစ၍ တစ်နှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့်အဖွဲ့အစည်းအရှေ့သို့ ကိုယ်တိုင်လာရောက်ပြီး ပုဒ်မ ၄၆ ပုဒ်မခွဲ ( က ) ပါအတိုင်း ကတိသစ္စာပြု့ရမည်။
( ခ ) ပုဒ်မခွဲ ( က ) ပါအတိုင်း လိုက်နာရန် ပျက်ကွက်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် အဖွဲ ့အစည်းသို့ တစ်နှစ်လျှင် ဒဏ်ငွေ ကျပ်ငါးဆယ်စီ ပေးဆောင်ရမည်။

၅၀။ တစ်နှစ်အတွင်း ကတိသစ္စာမပြု့နိုင်ပါက ခိုင်လုံသောအကြောင်းပြ၍ ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် အဖွဲ့အစည်းများမှတစ်ဆင့် ဗဟိုအဖွဲ့သို့ လျှောက်ထားရမည်။

၅၁။ ( က ) နိုင်ငံသားပြု့ခွင့်ရသူ မိဘနှစ်ပါးစလုံးသည် နိုင်ငံသားပြု့ခွင့်အဖြစ်ကို ဆုံးရှုံးလျှင် ထိုသူတို့၏ နိုင်ငံသားပြု့ခွင့်လက်မှတ်တွင် ပါဝင်သော အသက်တစ်ဆယ့်ရှစ်နှစ်မပြည့်သေးသည့် သားသမီးနှင့် အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီး ကတိသစ္စာမပြု့ရသေးသော သားသမီးသည် နိုင်ငံသားပြု့ခွင့်ရသူအဖြစ်မှ ရပ်စဲသည်။
( ခ ) နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးအနက် နိုင်ငံသားအဖြစ်ကို ဆုံးရှုံးလျှင် ထိုသူကိုင်ဆောင်သော လက်မှတ်တွင် ပါဝင်သည့် အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးသော သားသမီးနှင့် အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီး ကတိသစ္စာမပြု ့ရသေးသော သားသမီးသည် နိုင်ငံသားပြု့ခွင့်ရသူအဖြစ်မှရပ်စဲသည်။
( ဂ ) ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးအနက် ဧည့်နိုင်ငံသား အမိ သို့မဟုတ် အဘသည် ဧည့်နိုင်ငံသားအဖြစ်ကို ဆုံးရှုံးလျှင် ထိုသူကိုင်ဆောင်သော လက်မှတ်တွင်ပါဝင်သည့် အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးသောသားသမီးနှင့် အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီး ကတိသစ္စာမပြု့ရသေးသော သားသမီးသည် နိုင်ငံသားပြု့ခွင့်ရသူအဖြစ်မှ ရပ်စဲသည်။
( ဃ ) နိုင်ငံသားပြု ့ခွင့်ရသူနှင့် နိုင်ငံခြားသားမိဘနှစ်ပါးအနက် နိုင်ငံသားပြု့ခွင့်ရသူ အမိ သို့မဟုတ် အဘသည် နိုင်ငံသားပြု့ခွင့်ရသူအဖြစ်ကို ဆုံးရှုံးလျှင် ထိုသူကိုင်ဆောင်သော လက်မှတ်တွင်ပါဝင်သည့် အသက်တစ်ဆယ့်ရှစ်နှစ်မပြည့်သေးသောသားသမီး နှင့် အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီး ကတိသစ္စာမပြု့ရသေးသော သားသမီးသည်နိုင်ငံသားပြု့ခွင့်ရသူအဖြစ်မှ ရပ်စဲသည်။

၅၂။ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြု့ခွင့်ရသူနှင့် အိမ်ထောင်ကျခဲ့သော ဤဥပဒေအာဏာတည်သည့်နေမတိုင်မီက နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သောသူသည် နိုင်ငံသားပြု့ခွင့်ရရန် လျှောက်ထားပြီး နိုင်ငံသားပြု့ခွင့်မရမီ ယင်း၏ ဇနီး သို့မဟုတ် ခင်ပွန်း သေဆုံးလျှင်ဖြစ်စေ၊ကွာရှင်းလျှင်ဖြစ်စေ ထိုသူ၏ နိုင်ငံသားပြု ့ခွင့်လျှောက်ထားခြင်းသည် ပျက်ပြယ်သည်။

၅၃။ နိုင်ငံသားပြု့ခွင့်ရသူတစ်ဦးသည် -
( က ) နိုင်ငံတော်၏ ဥပဒေများကို လေးစားလိုက်နာရမည်။
( ခ ) နိုင်ငံတော်၏ ဥပဒေပါ တာဝန်များကို ထမ်းဆောင်ရမည်။
( ဂ ) နိုင်ငံတော်ကောင်စီက အခါအားလျော်စွာ သတ်မှတ်သောအခွင့်အရေးများမှအပ နိုင်ငံတော်၏ ဥပဒေပါ နိုင်ငံသားအခွင့်အရေးများကို ခံစားခွင့်ရှိသည်။၅၄။ နိုင်ငံသားပြု့ခွင့်ရသူတစ်ဦးသည် အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကိုပါ ခံယူခွင့်မရှိစေရ။

၅၅။ နိုင်ငံသားပြု့ခွင့်ရသူတစ်ဦးသည် နိုင်ငံတော်ပါဝင်နေသော စစ်မက်ကာလအတွင်း နိုင်ငံသားပြု့ခွင့်ရသူအဖြစ်ကို စွန့်လွှတ်ခွင့်မရှိစေရ။

၅၆။ နိုင်ငံသားပြု့ခွင့်ရသူတစ်ဦးသည် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသားနှင့် အိမ်ထောင်ပြု့ကာမျှဖြင့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသားအဖြစ် အလိုအလျောက် မရရှိစေရ။၅၇။ နိုင်ငံသားပြု့ခွင့်ရသူတစ်ဦးသည် နိုင်ငံတော်မှအပြီးအပိုင် ထွက်ခွာလျှင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကိုခံယူလျှင် သို့မဟုတ် မှတ်ပုံတင်လျှင်ဖြစ်စေ၊အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ် သို့မဟုတ် အလားတူလက်မှတ်ကို ထုတ်ယူလျှင်ဖြစ်စေ နိုင်ငံသားပြု့ခွင့်ရသုအဖြစ်မှ ရပ်စဲသည်။၅၈။ နိုင်ငံသားပြု့ခွင့်ရသူတစ်ဦးသည် အောက်ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့်ငြိစွန်းလျှင် နိုင်ငံသားပြု့ခွင့်ရသူအဖြစ်မှ ဗဟိုအဖွဲ့ကရုပ်သိမ်းနိုင်သည် -
( က ) နိုင်ငံတော်ပါဝင်နေသောစစ်မက်ကာလအတွင်း ရန်သူနိုင်ငံများနှင့်ဖြစ်စေ၊ရန်သူနိုင်ငံများကိုအထောက်အကူပြု့သည့်နိုင်ငံံများ ဖြင့်ဖြစ်စေ၊ထိုနိုင်ငံများ၏ နိုင်ငံသားများ၊အဖွဲ့အစည်းများနှင့်ဖြစ်စေ ကုန်သွယ်ခြင်း သို့မဟုတ်ဆက်သွယ်ခြင်း သို့မဟုတ် ထိုသို့ ပြု့လုပ်ခြင်းတစ်ရပ်ရပ်ကို အားပေးကူညီခြင်း
( ခ ) နိုင်ငံတော်ကိုဆန့်ကျင်နေသည့် အဖွဲ့အစည်းနှင့်ဖြစ်စေ၊ ထိုအဖွဲ့အစည်း၏ အဖွဲ့ဝင်နှင့်ဖြစ်စေ ကုန်သွယ်ခြင်း သို့မဟုတ် ဆက်သွယ်ခြင်း သို့မဟုတ် ထိုသို့ပြု့လုပ်ခြင်းတစ်ရပ်ရပ်ကို အားပေးကူညီခြင်း
( ဂ ) နိုင်ငံတော်၏အချူပ်အခြာအာဏာနှင့် နိုင်ငံတော်၏ လုံခြံုရေးကိုဖြစ်စေ၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုဖြစ်စေ ထိပါးစေမည့် အန္တရာယ်တစ်ခုခုကို ပြု့လုပ်နေသည်၊ပြု့လုပ်တော့မည်ဟု ယုံကြည်လောက်သော အကြောင်းရှိခြင်း
( ဃ ) နိုင်ငံတော်ကိုအကြည်အညိုမဲ့ကြောင်း သို့မဟုတ် သစ္စာမဲ့ကြောင်းကို ကိုယ်အမူအရာဖြင့်ဖြစ်စေ၊ နှုတ်အမှုအရာဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ပြသခြင်း
( င ) နိုင်ငံတော်၏ လှိူ့ဝှက်ကိစ္စတစ်ရပ်ရပ်ကို သူတစ်ဦးကိုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုကိုဖြစ်စေ၊ အခြားနိုင်ငံတစ်နိုင်ငံကိုဖြစ်စေ၊အခြားနိုင်ငံများကိုဖြစ်စေ သတင်းပေးခြင်း၊ ထိုသို့ပြု့လုပ်ခြင်းကို အားပေးကူညီခြင်း
( စ ) အကျင့်စာရိတ္တပျက်ပြားခြင်းနှင့် စပ်လျဉ်းသည့် ပြစ်မှု့တစ်ခုခုကို ကျူးလွန်သောကြောင့်အနည်းဆုံး ထောင်ဒဏ်တစ်နှစ် သို့မဟုတ် အနည်းဆုံးငွေဒဏ်ကျပ်တစ်ထောင် အပြစ်ပေးခံရခြင်း

၅၉။ နိုင်ငံသားပြု့ခွင့်ရသူတစ်ဦးသည် မဟုတ်မမှန်ဖော်ပြခြင်း သို့မဟုတ် ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားပြု့ခွင့်ရသူအဖြစ်ကိုရရှိပါက နိုင်ငံသားပြု ့ခွင့်ရသူအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ်တစ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ်ငါးသောင်းကိုလည်း ကျခံစေရမည်။

၆၀။ နိုင်ငံသားပြု့ခွင့်ရသူတစ်ဦးသည် မသမာသောနည်းလမ်းဖြင့် နိုင်ငံသားလက်မှတ် သို့မဟုတ် ဧည့်နိုင်ငံသားလက်မှတ် သို့မဟုတ် နိုင်ငံသားပြု့ခွင့်လက်မှတ်ကို သူတစ်ဦးရရှိရန် အားပေးကူညီလျှင် နိုင်ငံသားပြု့ခွင့်ရသူအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ် ခုနှစ်နှစ် နှင့် ငွေဒဏ်ကျပ်တစ်သောင်းကိုလည်း ကျခံစေရမည်။

၆၁။ နိုင်ငံသားပြု့ခွင့်ရသူတစ်ဦးသည် ပုဒ်မ ၅၉၊ ပုဒ်မ ၆၀ အရသူတစ်ဦး ကျူးလွန်သောအမှု့ကိစ္စကို ကိုယ်တိုင်သိရှိလျှင်ဖြစ်စေ၊ ကိုယ်တိုင်ပါဝင်ကူညီဆောင်ရွက်ခဲ့လျှင်ဖြစ်စေ ဤဥပဒေအာဏာတည်သည့်နေ့မှစ၍ တစ်နှစ်အတွင်း သို့မဟုတ် ကျူးလွန်ခဲ့သည့်နေ့မှစ၍ တစ်နှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၏သတ်မှတ်ထားသော အဖွဲ့အစည်းများ၌ ဖော်ထုတ်ဝန်ခံပါက ဤအမှု့ကိစ္စနှင့် စပ်လျဉ်းသော ပြစ်မှု့ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရရှိစေရမည်။

၆၂။ ( က ) နိုင်ငံသားပြု့ခွင့်ရသူအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူ၏ နိုင်ငံသားပြု့ခွင့်လက်မှတ်ကို ပယ်ဖျက်ရမည်။ထိုသို့ပျယ်ဖျက်ထားသော လက်မှတ်ကိုကိုင်ဆောင်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့်နည်းလမ်းနှင့်အညီ ပြန်လည်အပ်နှံရမည်။
( ခ ) ပယ်ဖျက်ထားသော နိုင်ငံသားပြု့ခွင့်လက်မှတ်ကို ပြန်လည်အပ်နှံရန် ပျက်ကွက်လျှင်ဖြစ်စေ၊ သူတစ်ဦးအားမသမာသောနည်းလမ်းဖြင့်လွှဲပြောင်းပေးအပ်လျှင်ဖြစ်စေ ထောင်ဒဏ်တစ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ်နှစ်သောင်းကိုကျခံစေရမည်။
( ဂ ) မည်သူမဆို ပယ်ဖျက်ထားသော နိုင်ငံသားပြု့ခွင့်လက်မှတ်ကိုဖြစ်စေ၊သေဆုံးသူနိုင်ငံသားပြု့ခွင့်ရသူ၏လက်မှတ်ကိုဖြစ်စေ ကိုင်ဆောင်အသုံးပြု့လျှင် ထောင်ဒဏ်တစ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ်နှစ်သောင်းကို ကျခံစေရမည်။၆၃။ မည်သူမဆို နိုင်ငံသားပြု့ခွင့်လက်မှတ်အတုပြု့လုပ်လျှင်ဖြစ်စေ၊ ထိုသို့ပြု့လုပ်ရန် အားပေးကူညီလျှင်ဖြစ်စေ ထောင်ဒဏ်တစ်ဆယ့်ငါးနှစ်နှင့် ငွေဒဏ်ကျပ်ငါးသောင်းကို ကျခံစေရမည်။

၆၄။ နိုင်ငံသားပြု့ခွင့်ရသူအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူသည် နိုင်ငံသားပြု့ခွင့်အဖြစ်ကို ပြန်လည်လျှောက်ထားခွင့် မရှိစေရ။အခန်း ( ၅ )နိုင်ငံသား၊ဧည့်နိုင်ငံသား၊နိုင်ငံသားပြု့ခွင့်ရသူ ဟုတ်မဟုတ် အဆုံးအဖြတ်ခံယူခြင်း

၆၅။ ပုဂ္ဂိုလ်တစ်ဦးသည် နိုင်ငံသား၊ဧည့်နိုင်ငံသား၊နိုင်ငံသားပြု့ခွင့်ရသူ ဟုတ်မဟုတ် အဆုံးအဖြတ်ခံယူရန် အကြောင်းကိစ္စပေါ်ပေါက်လာပါက ဗဟိုအဖွဲ့သို့ လျှောက်ထားနိုင်သည်။

၆၆။ ဗဟိုအဖွဲ့သည် -
( က ) လျှောက်ထားသူအား အထောက်အထားများနှင့်အတူတကွ တင်ပြခွင့်ပေးရမည်
( ခ ) ဥပဒေနှင့်အညီ အဆုံးအဖြတ် ပေးရမည်
( ဂ ) အဆုံးအဖြတ်ကိုလျှောက်ထားသူထံသို့ ပြန်ကြားရမည်အခန်း ( ၆ )ဗဟိုအဖွဲ့

၆၇။ ဝန်ကြီးအဖွဲ့သည် ဗဟိုအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည် -
( က ) ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန - ဥက္ကဋ္ဌ
( ခ ) ဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန - အဖွဲ့ဝင်
( ဂ ) ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန - အဖွဲ့ဝင်

၆၈။ ဗဟိုအဖွဲ့သည် အောက်ပါလုပ်ပိုင်ခွင့်များရှိသည် -
( က ) နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြု့ခွင့်ရသူ ဟုတ်မဟုတ် အဆုံးအဖြတ်ပေးခြင်း

Ref:maungmyatkyaw. blog's

No comments:

Post a Comment