Popular Posts

Saturday 31 December 2011

Touchscreen ကိုယ်ထည်နှင့် မော်တော်ယာဉ်သစ်အား Toyota မိတ်ဆက်ပြသ



Fun-Viiဟု အမည်ပေးထားသော မော်တော်ယာဉ်သစ် တစ်မျိုးကို Toyotaက မိတ်ဆက်ပြသခဲ့ရာ ကား၏ ကိုယ်ထည်တွင် Touchscreen နည်းပညာကို သုံးစွဲထားသည်ကို တွေ့ရ

Posted on Dec 07 11 - 01:18 PM | Hits : 856



ဂျပန် မော်တော်ကား ကုမ္ပဏီ Toyotaသည် မိုဘိုင်းလ်ဖုန်းနှင့် Tabletကွန်ပျူတာများတွင် အသုံးပြုနေသော Touchscreen နည်းပညာကို မော်တော်ကား တီထွင်ဖန်တီးမှု နယ်ပယ်ထဲ သယ်ဆောင်လာပြီဖြစ်သည်။ Fun-Viiဟု အမည်ပေးထားသော မော်တော်ယာဉ်သစ် တစ်မျိုးကို Toyotaက မိတ်ဆက်ပြသခဲ့ရာ ကား၏ ကိုယ်ထည်တွင် Touchscreen နည်းပညာကို သုံးစွဲထားသည်ကို တွေ့ရသည်။


ထိုTouchscreenကို အသုံးပြုကာ ကား၏ အသွင်အပြင် Themeကို ပြောင်းလဲနိုင်သည့်အပြင် ကားအား ရောင်းချလိုက်သည့် အရောင်းဌာန၏ ၀က်ဘ်ဆိုက်သို့ ချိတ်ဆက်ကာ ကား၏ အနေအထားကို စစ်ဆေးမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။ Toyotaသည် အဆိုပါ ကားသစ်ကို တိုကျိုမော်တော်ကားပြပွဲတွင် စတင်မိတ်ဆက် ပွဲထုတ်ခဲ့သည်။ ကုမ္ပဏီ ဥက္ကဋ္ဌ အာကီရို တိုယိုတာက “ကားတစ်စင်းဟာ လူတွေရဲ့ စိတ်ကို ညှို့ယူနိုင်ရပါမယ်။ တကယ်လို့ ပျော်ရွှင်နှစ်လိုစိတ် မဖြစ်လာနိုင်စေဘူးဆိုရင် ဒါကို ကားလို့ မခေါ်ပါနဲ့”ဟု ပြောကြားသွားသည်။



Code Nameအဖြစ် FT-EV IIIဟု သတ်မှတ်ထားသော ကားသည် Toyota iQကို အခြေပြု ဖန်တီးထားသည့် လျှပ်စစ်ကားလည်းဖြစ်သည်။ လစ်သီယမ်အိုင်ယွန် ဘက်ထရီကို အသုံးပြုထားပြီး တစ်ကြိမ်အားသွင်းထားပါက (၆၅)မိုင် မောင်းနှင်နိုင်သည်။ Toyotaသည် (၂၀၁၂)ခုနှစ်အတွင်း ခရီးတိုသွားလာရန် အဆင်ပြေမည့် လျှပ်စစ်ကားသစ် တစ်မျိုးကို တီထွင်ရန် စီစဉ်လျက်ရှိသည်။ ထို့အပြင် (၂၀၁၅)ခုနှစ်တွင် Toyota၏ ကိုယ်ပိုင်နည်းပညာဖြင့် ဖန်တီးထားသည့် လျှပ်စစ်ကား ဘက်ထရီတစ်မျိုးကို ရောင်းချရန် မျှော်လင့်နေပြီး ယင်းဘက်ထရီသည် တစ်ကြိမ်အားသွင်းထားပါက မိုင်ပေါင်း(၄၃၀)မျှ ခရီးပေါက်နိုင်ဖွယ် ရှိနေကြေင်း သိရှိရသည်။
 


No comments:

Post a Comment